CHAPTER 2

812 86 3
                                    

*Unicode ver*

🖤ထင်မှတ်မထားမိသော🖤

""ဘာ....""

""ဟေ့ကောင်ဖြည်းဖြည်းလုပ်ဟ""

ပါးစပ်ထဲရှိsandwichများပင် အပြင်သို့ထွက်လာ သည်ထိအံ့ဩနေသော ကျော်ဝင်းနိုင်၏ အံ့ဩပုံကြောင့် ဘေးဝိုင်းရှိလူများပင် ကွက်ကြည့်လာကြသောကြောင့် ကျွန်တော်ရဲဘုန်းထက်မြတ်၏စတိုင်ပျက်သလိုခံစားရသည်။

ကျော်ဝင်းနိုင်သည် ကျနော်နှင့် ၉တန်းတည်းမှယခုတက္ကသိုလ်ပြီးသည်ထိ လည်ပင်းဖက်ပေါင်းလာသော ပြောမနာဆိုမနာ ပေါက်ဖော်များဖြစ်သည်။(ပေါက်ဖော်=ပေါက်ပေါက်ဖောက်ဖော်)

""အံ့ဩလွန်းလို့ပါ....နေဦး ငါနားမလည်လို့ ငါနားလည်သလိုပြန်ပြောပြမယ် ဟုတ်မဟုတ် ပြီးမှပြော........မင်းအဖေနဲ့အမေက မင်းကို သရုပ်ဆောင်သင်တန်းတွေ ဘာတွေ တတ်ဖို့ အနုပညာလောကထဲဝင်ဖို့ ခွင့်ပြုလိုက်တယ်...။ဒါပေမယ့် အဲ့ဒီခွင့်ပြုချက်က မင်းတစ်နှစ်တိတိ သူတို့ပြောတဲ့အတိုင်းလိုက်လုပ်မှတစ်နှစ်ပြည့်မှ လုပ်ခွင့်ပြုမှာ...အဲ့ဒါကြောင့် မင်းကိုအဆောင်ပို့တယ် သူတို့ပြောတဲ့သင်တန်းတွေတက်ရမယ်အဲ့လိုလား""

လက်ဟန်ခြေဟန်များဖြင့်ပင် စိတ်ဝင်စားမှု့ Level မြင့်နေသောသူသည် မမောနိုင်နိုင်မပန်းနိုင်တရစပ်ပြောပြီးနောက် သူ၏နားလည်ထားမှု့ မှန်ကန်ကြောင်း ကျွန်တော့ဆီမှ ထောက်ခံချက်ကိုမျှော်လင့်တကြီးစောင့်စားနေသော မျက်လုံးကလေးများဖြင့်ကြည့်လာသည်။

ထို့ကြောင့် သက်ပြင်းအနည်းငယ်ချကာ ခေါင်းသာညိမ့်ပြလိုက်ပြီး နောက်မှီထိုင်ခုံအားကျောမှီလိုက်ခြင်းဖြင့် စိတ်ပင်ပန်းမှု့ဖြေဖျောက်နေရသည်။

""မင်းကလက်ခံလိုက်တယ်ပေါ့""

""ငါ့ပစ္စည်းတွေတောင်အဆောင်ရောက်နေပြီးနေရာတောင်ချပြီးပြီ""

""ဟာ.....ဘာဆိုင်လို့လဲကွာ အဆောင်ထားတာ..။တက္ကသိုလ်တက်တုန်းကဖြင့်မထားဘဲနဲ့...""

""အေး...ငါလည်းအဲ့ဒါပြောချင်တာ ကလေးကလားတွေလုပ်နေတာ။ မမကလည်းထောက်ခံတော့ သုံးမဲတစ်မဲဆိုတော့ငါမှာ ဟက်ကော့ကြီး""

🖤ထင္မွတ္မထားမိေသာ🖤 ထင်မှတ်မထားမိသော 🖤Donde viven las historias. Descúbrelo ahora