Part 4
လှပသာယာတဲ့နံနက်ခင်းနှင့်အတူ စာကလေးများ၏ အသံများ ကြောင့်
အလုပ်သွားရန် ရှိုင်း တစ်ယောက် အရင်ကထက် ပိုစောပြီးနိုးလာသည်။ မနေ့ကအချိန်လေးတွေကို ပြန်တွေးရင်း ရှိုင်း မျက်နှာပေါ်တွင်အပြုံးများ ပွင့်လန်းလာသည်။ ရှိုင်း နဖူးပေါ်လက်တင်ပြီး အတွေးကမ္ဘာထဲကို ရောက်ရှိသွားသည်။ရှိုင်း - မနေ့ကအချိန်လေးခဏလေးအတွင်း မင်းလေးကြောင့် ရှိုင်းဘာလို့ ရင်ခုန်သံတွေ ဆူညံနေရတာလဲ ။မင်းလေး ရှိုင်းကို ဘာတွေနဲ့ ပြုစားထားတာလဲ. မင်းလေးရင်ခွင်ထဲရောက်လာတဲ့အချိန် မှာ
ကိုယ့် ခံစားလိုက်ရတဲ့ အချစ်ဆိုတဲ့ အရာကြီးကို ပြန်လိုချင်မိတယ်
ရေစက်ပါလို့ မင်းလေးနဲ့ပြန်ဆုံတဲ့အချိန် ကိုယ့်ခံစားချက်ကို ထုတ်ပြနိုင်အောင် မင်းလေး နဲ့ခဏလေးတွေ့ပြီ ဖြစ်ပေါ်ခဲ့တဲ့ ခံစားချက်လေးကို နောက်တစ်ချိန်ထိ ကိုယ့်သိမ်းထားလိုက်မယ်
မျှော်လင့်ချက် လေးရော ရှိနိုင်ပါ့မလား 😞 မင်းလေးနဲ့ ထက်ဆုံခွင့်ပေးပါလား ကံကြမ္မာကြီး 😞ရှိုင်း အတွေးကမ္ဘာထဲမှာ စိတ်ကူးနေတုန်း
Mom. - ရှိုင်း မထ သေးဘူး ရုံးနောက်ကျနေဦးမယ်
ရှိုင်း အတွေးကမ္ဘာထဲက ရုန်းထွက်ကာ
ရှိုင်း - ဟုတ် Mom ရှိုင်း ခုဘဲထပြီး ပြင်ဆင်လိုက်ပါ့မယ်
Mom. - မြန်မြန်လာခဲ့ဦး နောက်ကျနေလိမ့်မယ်
ရှိုင်း'mom ပြောပြီး အောက်ဆင်းသွားသည်။ ရှိုင်း ရေမိုးချိုးပြီး လူငယ်ဆန်ပြီး သေသပ်တဲ့ အဝတ်အစား ကို ရွေးပြီး ဝတ်လိုက်သည်။
ရှိုင်း စာရွက်စာတမ်း တွေ သေချာစစ်ပြီး အောက်ထပ်ကို ဆင်းလာခဲ့သည်။ထမင်းစားဝိုင်းတွင်
ရှိုင်း - Morning Mom &Dad
Mom &Dad. - Morning သား.
Dad - အိပ်ယာထ နောက်ကျတယ်နော် ရှိုင်း
ရှိုင်း - ဟုတ်
ရှိုင်း တို့မိသားစု စကားလက်ဆုံပြောပြီး နံနက်စာ စားနေကြသည်။ အိမ်ရှေ့မှ
. " တီးတောင် ...တီးတောင် 🎶🎶🎶” Alarm သံမြည်လာသည်။