⚠BECAUSE...⁉
လူတွေဘာကြောင့်လိမ်ရတာလဲ...။အကြောင်းအမျိုးမျိုးတော့ရှိတာပေါ့...။သူတစ်ပါးပစ္စည်းကို လိမ်ညာခိုးယူပြီး...ကိုယ်ကျိုးအတွက်အသုံးချတဲ့လူကို...သူခိုး..လို့အမည်တွင်စေတယ်...။လူတစ်ယောက်...ကိုယ့်ပစ္စည်းတစ်စုံတစ်ရာကို ခိုးယူသွားရင်...အဲ့လူကို သူခိုးလို့ပဲမြင်မှာပေါ့...။သူခိုးကြီး ငတတ်ပြားကိုလဲ...သူကြွယ် သူဌေးသားတွေက သူခိုးလို့မြင်တာပဲလေ...။ဒါပေမဲ့...ဆင်းရဲချို့တဲ့သူတွေအတွက်တော့...သူဟာ ကယ်တင်ရှင်သူရဲကောင်းကြီးပေါ့...။ကိုယ်ကျိုးအတွက်ပဲခိုးခိုး...အများအတွက်ပဲခိုးခိုး....သူခိုးကတော့...သူခိုးလို့ပဲ...အမည်တွင်တာပါပဲ...။ပစ္စည်းတစ်ခုခုကို ခိုးယူမိရင်...အပြစ်ပေးခြင်းခံရနိုင်ပေမဲ့..ထိုအပြစ်က အချိန်တန်ရင် လွတ်ငြိမ်းရတာပါပဲ...။နှလုံးသားတစ်စုံကိုခိုးယူမိရင်ရော....မည်သူက အပြစ်ပေးပြီး...ဘယ်လိုအပြစ်ကို ဘယ်အချိန်ထိ ခံယူရမလဲဆိုတာ...စဉ်းစားနိုင်ပါ့မလား....။အတ္တစိတ်တွေ ဖုံးနေသော လူတစ်ယောက်ကတော့....ထိုအပြစ်တွေကိုလဲ မြင်နိုင်မည်မဟုတ်ပါ...။ဒါကြောင့်လဲ ထိုအပြစ်ကိုကျူးလွန်ဖို့ စဉ်းစားကြတာလေ.................။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
နေညိုညို ညနေခင်းလေးရဲ့ ဆည်းဆာအလှဟာ...ခံစားတတ်သူတွေအဖို့တော့...မရိုးနိုင်အောင် ကဗျာဆန်နေပေမဲ့...ထိုညနေခင်းလေးကို သတိမထားမိတဲ့သူတွေကတော့...ထိုအလှအပကိုလဲ ရှုစားနိုင်မည်မဟုတ်ပါ.....။ဤဇာတ်လမ်းလေးထဲမှ ကျွန်ုပ်ရဲ့ ဇာတ်ကောင်တို့ နေသောရပ်ကွက်လေးသည်...မြက်ခင်းစိမ်းစိမ်းလေးနဲ့ကစားကွင်းလေးရယ်...၊ထိုနေရာ၏နောက်ဘက်ကိုဆက်သွားရင်...ရွှေဝါရောင်မြက်ရိုင်းရှည်ရှည်တို့ရှိနေပြီး...ထိုအရာတို့ရဲ့အလှဟာ....ညနေခင်းလေးနှင့်လိုက်ဖက်လွန်းလှသည်....။ရွှေဝါရောင်မြက်ခင်းတွေကိုကျော်ဖြတ်ပြီး...သစ်ပင်အုပ်အုပ်လေးတို့ရှိရာ နေရာလေးတွင်...သစ်သားခုံတန်းလေးရှိသည်...။ထုံခုံလေး၏နောက်မှာ စက်ဘီးတစ်စီးရပ်ထားပြီး...ခုံလေးပေါ်တွင်ထိုင်ရင်း....နေဝင်ချိန်ကောင်းကင်ကြီး၏အလှကိုမော့ကြည့်နေသူကတော့..............လင်းရောင်ခ..........
YOU ARE READING
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............