(Unicode )
မိုးတွေရွာနေတဲ့ နေ့လည်ခင်း တစ်ခုဟာ တိတ်ဆိတ်ခြောက်ကပ်နေတယ်၊ လမ်းသွားလမ်းလာတွေဟာ စကားသံမဲ့တဲ့ လေထုထဲမှာ တိုးတိတ်စွာ သွားလာနေကြတယ် ..။
ကောင်းကင်ရဲ့ အရောင်ဟာ ခပ်ဝါးဝါးနဲ့ မှုန်တယ် ၊ မှောင်တယ် ၊ လေထုဟာ မွန်းကြပ်တယ်.. နာကျင်မှုတွေ ဟာ တိမ်တွေလိုပဲ.. ရေခိုးရေငွေ့ဆန်ဆန် လူတွေကြားထဲ မျောလွင့်နေတယ် ။ဒီနေရာဟာ ကောင်းကင်ဘုံမဟုတ်ဘူး ၊ ကောင်းကင်ဘုံကို သွားချင်တဲ့ လူတွေ တော့ရှိတယ်.. ဒါပေမယ့် အခုတော့ ဒီလိုကြောက်စရာ ကောင်းတဲ့ နေရာ မှာ လူသားအဖြစ်မွေးဖွားလာကြတယ်။ ကျိန်စာသင့်နေတဲ့ မြို့ကြီးရဲ့ ကောင်းကင်ဟာ နေ့တိုင်း မှောင်မိုက်နေတယ်၊ မြို့ခံလူတွေအကုန်လုံးဟာ မျက်နှာ ဖုံးတပ်ထားကြတယ်၊ အရယ်အပြုံးမဲ့ ဆေးခြယ်သထားတဲ့ မျက်နှာဖုံးတွေ နဲ့ လမ်းပေါ်သွားလာနေကြတယ် ။
မြင်မြင်ချင်း ချစ်တဲ့ အချစ်ဆိုတာ ဒီနေရာမှာ အရေးမကြီးတော့ဘူး ၊ အချစ်ဆိုတာ မျက်နှာ ဖုံးလှလှလေးတွေ မြင်ရင်သဘောကျတာ ဖြစ်ပြီး လူတွေဟာ ပင်ကိုယ်ရုပ်ရည် မျက်နှာ အစစ်ထက် မျက်နှာဖုံး လှတဲ့ သူချင်း ချစ်ကြိုက်မိကြတယ် ... ကန့်သတ်ချက်တစ်ခုကတော့ မျက်နှာ ဖုံးဟာ မျက်နှာပြည့် ဖုံးရမယ် ၊ persona ပြဇာတ်တွေထဲကလို half maskမဖြစ်ရဘူး ။ ပြီးတော့ လူတစ်ယောက်မှာ တစ်သက်လုံးမျက်နှာဖုံးတစ်ခုပဲ တပ်ရမယ် ...တခြား ပုံစံ တခြား အရောင်ဒီဇိုင်း ပြောင်းပိုင်ခွင့်မရှိတော့ဘူး။
ဂါဝန် ရှည်ဝတ်ထားတဲ့ ကလေးမလေးတစ်ယောက်ဟာ သူ့အမေ လက်ကို တွဲရင်း ထီးအနက်အောက်မှာ အတူတူလမ်းလျှောက်လာတယ် ၊ ကလေးမလေးရဲ့ ဆံပင်တွေဟာ ညိုဖျော့ဖျော့အရောင်ရှိတယ်၊ သူမဟာ ချစ်စရာကောင်းတဲ့ မျက်နှာဖုံးတစ်ခုကိုတပ်ထားတယ်၊ သူမအမေရဲ့ မျက်နှာ ဖုံးကတော့ လှပချောမောတယ် ကလေးမလေးဟာ မျက်နှာဖုံးနဲ့ နေ့စဉ်ဘဝကို စိတ်ပျက်နေပြီ၊ အသက်ရှူကြပ်လာတယ် လို့ခံစားရတယ် ။ဒီမျက်နှာဖုံးကို တပ်ထားတာ ဘာကောင်းကျိုးရှိလို့လဲ ?
ဒီမျက်နှာဖုံးကို ချွတ်ပစ်လိုက်ရင်ရော ဘာဖြစ်လာမှာလဲ ?
သူမ အမေကတော့ပြောတယ် ..မျက်နှာဖုံးကိုချွတ်ပစ်တဲ့သူဟာ သေရမယ်တဲ့ .. ။
ဒါပေမဲ့ ဒါဟာအမှန်တရားရော ဟုတ်ပါ့မလား ၊ အိပ်ရာဝင်ပုံပြင်တွေလို ယုံတမ်းစကားလည်းဖြစ်နိုင်တာပဲလေ ။ သရဲပုံပြင်တွေလိုပေါ့... တကယ်မရှိတဲ့ မီးခိုးစက်ခေါင်းတွေထဲက ဝိဉာဉ်တွေကိုရေးထားတာ ၊ တကယ်က သူတို့က အပြင်မှာ သတ္တုနဲ့ လုပ်ထားတာလေ ။
မိုးတွေဟာ ပိုသည်းလာတယ်၊ ကလေးမလေးဟာ မျက်နှာဖုံးကို ရုတ်တရက်ဆွဲခွာပြီး လွှင့်ပစ်လိုက်တယ် ၊ သူမအမေဟာ "Susanna ! မလုပ်နဲ့! " လို့ အော်ပြီး တားပေမယ့် အရမ်းနောက်ကျသွားပြီ ၊ မျက်နှာဖုံးဟာ မြေပေါ်ကျပြီး ၂ပိုင်းကွဲသွားတယ် ၊ အဖြစ်အပျက်တွေဟာ မြန်ဆန်လွန်းတယ် ... မျက်နှာဖုံး ကွဲသွားတာကိုမြင်လိုက်တဲ့ သူမရဲ့ အမေဟာ သူမကို ချက်ချင်း တွန်းထုတ်လိုက်တယ်။

YOU ARE READING
Dark Heavens
Science FictionBlack Paradise 2 : Dark Heavens "The era we 've never seen " "The past we 've never encountered" " The world we 've never confronted" (Black Paradise Spin off ) Author : Crystal Miyo License : CC Non-com No-Deriv Genre : Victorian Steampunk