Second

506 82 51
                                    

Warning________

အမှောင်​ထု နှင့်​တိတ်​ဆိတ်​မှုက မြို့ပြင်​ဘက်​ရှိ ဂိုထောင်​တစ်​ခုတွင်​ကြီးစိုးနေသည်​။ ကြယ်​ရောင်​၊လရောင်​ကင်းမဲ့သော ညအချိန်​မှာ ဒုစရိုက်​လောကသားများအတွက်​တော့ ပွဲတော်​ချိန်​ပမာပင်​။ အမှောင်​ထုကိုအကာအကွယ်​ယူကာ လမ်းမဘေးတွင်​ထိုးရပ်​ထားသော ကားတစ်​စီးရှိနေသည်​။ ထိုကား၏ အပြင်​ဘက်​တွင်​တော့ ကားကိုမှီကာ စီးကရက်​ဖွာနေသော မိန်းကလေးတစ်​ယောက်​ရှိသည်​။

နက်​ပြာရောင်​ဂါဝန်​ရှည်​ကို ဝတ်​ဆင်​ထားပြီး အပေါ်မှ သားမွေးကုတ်​အင်္ကျီကို ခြုံလွှမ်းထားပုံက သေမင်းတမာန်​တော်​တစ်​ယောက်​ပမာ။ သူမ၏ ဘေးမှ သက်​တော်​စောင့်​လည်းဖြစ်​၊ အိမ်​တော်​ထိန်းလည်းဖြစ်​သော Fridiက ဂိုထောင်၏ အခြေအနေကို စူးစမ်းနေသည်​။

"သူတို့ရောက်​လာပြီ"

Venessa ခေါင်းတစ်​ချက်​ညိမ့်​ကာ စီးကရက်​လက်​ကျန်​ကို ကားထဲရှိ ပြာခွက်​ထဲ ထိုးထည့်​လိုက်​သည်​။ထို့နောက်​ကားထဲမှ သေတ္တာတစ်​ခုကို ထုတ်​ယူကာ ဂိုထောင်​ထဲသို့ ၂ယောက်​သားဝင်​လာတော့သည်​။

ဂိုထောင်​ထဲတွင်​လူ၅ယောက်​ရှိနေသည့်​အပြင်​လက်​နက်​အစုံအလင်​ကိုပါကိုင်​ထားသည်​။ ခေါင်းဆောင်​ဖြစ်​ဟန်​တူသော လူတစ်​ယောက်​က သေတ္တာတစ်​ခုကို ကိုင်​ထားကာ ပမာမခန့်​မျက်​နှာပေးဖြင့်​ကြည့်​နေသည်​။

"ပြောထားတဲ့ ပစ္စည်းတွေ ပါလား"

Fridiမှ ခပ်​ပြတ်​ပြတ်​မေးလိုက်​သည်​။ဂိုထောင်​တွင်းစဝင်​လာချိန်​ကတည်းက Venessa အပေါ်ရောက်​နေသော ထိုသူ၏ မျက်​လုံးများကို နည်းနည်းလေးမှ သဘောကျခြင်းမရှိခဲ့ပေ။

Fridi၏ အမေးကို ပါးစပ်​မှမဖြေဘဲ သေတ္တာကိုဖွင့်​ပြလိုက်​သည်​။ သေတ္တာထဲံတွင်​အဖြူရောင်​အထုတ်​များကအစီအရီနေရာယူနေသည်​။Fridi အထုတ်​များထဲမှ တစ်ခုကို ဓားဖြင့်​ဖောက်​ကာ အမှုန့်​များကို လက်​ဖြင့်​ကိုင်​ကြည့်လိုက်​သည်​။ထို့နောက်​Venessa ဘက်​ကို ကြည့်​ကာ ခေါင်းည်ိမ့်​ပြလိုက်​သည်​။

Midnight Flower (Season 3)Where stories live. Discover now