Page . 7

960 154 27
                                    

Zawgyi

မူးမူးရူးရူးနဲ့ ငမူးကောင်ဆီကနေ ရည်းစားစကား
ပြောခံရပြီးထဲက '' အတည်ပါ ဗိုလ်ကြီး '' ဆိုပြီး အတင်းကပ်လို့ အဖြေလိုက်တောင်းနေတဲ့ သကောင့်သားဆီက မနည်းပတ်ပြေးနေရတဲ့ အဖြစ် …

နည်းနည်းလေး လူမလစ်လိုက်နဲ့ လစ်တာနဲ့ ကော်ကပ်ထားသလားထင်ရအောင်ကို မနည်း
ခွါနေရသည် …

ဒေါသလည်းမထွက်မိသလို သဘောကျသည် လည်း မဟုတ်ပြန် …

ငမူးကောင်ရဲ့ သွားစွယ်လေးတွေတော့ သဘော ကျ သလိုလိုရှိသား …

ပြုံးလိုက်ရင် ဒါမဟုတ် အားရပါးရ ရယ်လိုက်
ရင်များ မျက်မှေးသေးသေးလေးသာ မြင်ရပြီး
သွားစွယ်လေးတွေက လူကို သဘောကျအောင်
ဆွဲဆောင်နေသလိုလို …

အလိုလိုနေရင်းပြုံးမိနေတာ အမည်မသိ ရောဂါ
ရနေသလိုပဲ …

ဘယ်အရာကိုမှ အလေးမထားတတ်တဲ့ သူလိုလူ
က သင်တန်းသားတွေထဲမှာ စစ်ဆင်ရေးဆင်း
တော့ အတော်ဆုံးတဲ့ ရယ်တော့ရယ်ရသား …

သူ့ရဲ့ လောင်းဖော်လောင်းဖက် နှစ်ယောက်
လည်း ထိပ်ဆုံး ၅ ယောက်စာရင်းဝင်တယ်ဆိုပဲ …

မထင်မှတ်ထားတွေပဲ လုပ်တတ်သလားမသိ …

' luhan ရေ မင်းဟာလေးအတွက် ဂုဏ်ယူပါ
တယ်ဆိုတဲ့ အပြုံးကြီးကို ရပ်လိုက်တော့ '

' ဘယ်သူက ဂုဏ်ယူနေလို့လဲ '

' ဘယ်သူလဲတော့မသိဘူးလေ ဗိုလ်ကြီး တစ်ယောက်ကို အဖြေအတင်းလိုက်တောင်း နေတဲ့ တပ်သားလေးတစ်ယောက် ထိပ်ဆုံး စာရင်းဝင်ရုံမက အတော်ဆုံးတပ်သားလေးလို့ ကြားတော့ ရေခဲရိုက် ဗိုလ်ကြီးတစ်ယောက် ပြုံး နေလိုက်တာ ၂၄ နာရီ ၇ ရက်ဆိုပဲ '

' သေလိုက်ပါလား '

' နှစ်ယောက်လုံး နောက်ကျတော့မယ် သွားမယ်လေ '

luhan ကို စနောက်နေတဲ့ kris နဲ့ ဒေါသခဲ luhan တို့ကို DO ဝင်တားလိုက်မှ မဟုတ်ရင်
ကိုက်လို့ပြီးကြမှာမဟုတ် …

ကလေးတွေလည်း မဟုတ်ကြပဲ သူလို ဘယ်လို
များ တည်ငြိမ်မှု မရှိကြတဲ့ နှစ်ယောက်လည်း …

မောင့်ပဒိုင်းပွင့် (မောင့် ပဒိုင်းပွင့် )Where stories live. Discover now