America's New York
သာယာနေသော မနက်ခင်း....
ကောင်းကင်ရှိနေမင်းကြီးမှဖြာကျလာသောအလင်းစက်ကလေးများ...ထိုအလင်းစက်လေးများသည် Hotelတစ်ခု၏အခန်းတစ်ခန်းရှိခန်းဆီးလိုက်ကာလေးများကိုပင်ထိုးဖောက်ကာ ကုတင်ပေါ်တွင် သောက်ပျင်းကြီးစွာ ခုထိမထဘဲအိပ်နေသော လူတစ်ယောက်ဆီသို့😒
နေထိုးနေသောလဲသူမနိုး တုပ်တုပ်တောင်မှမလှုပ်
ထိုစဉ်
愛の反対は嫌いではない、それは無関心です.
📱Ai no hantai wa kirai de wa nai, sore wa mukanshin desu📱
(Tran:The opposite of love is not hate but indifference)
ဖုန်းသံမှာJapanese မိန်းကလေးတစ်ဦး၏အသံဖြစ်ပုံရသည် အသံလဲအလွန်ချိုသာသည်
မြည်လာသောဖုန်းသံကြောင့် မျက်စိတောင်မဖွင့်ဘဲ အိပ်ချင်မူးတူး လှမ်းကိုင်လိုက်သည်
"Hello!"
"Hello မနေနဲ့ ရောက်ရာအရပ်မှာပြဿနာရှာတဲ့ကောင် မိဘကို ဒုက္ခပေးတဲ့ကောင် မွေးရကျိုးမနပ်တဲ့ကောင်"
"ဟာ papa ကလဲ blind ကြီးပါလား သားဘာလုပ်လို့လဲ"
"ကြီးကောင်ကြီးမားနဲ့ သားလို့က ပြောသေး ခုချက်ချင်း သတင်းကြည့်စမ်း"
ဖုန်းထဲမှpapaဆိုသူ၏ အမိန့် ကြောင့်အိပ်ရာဘေးတွင်ရှိနေသော Laptopကိုဖွင့်လိုက်သည်
"ဟာ papa ဒါတွေ သား မသိဘူးနော်"
"တိတ်စမ်း Chou Tzuyu! မင်းကိုမျက်စိဒေါက်ထောက်ကြည့်နေကြတယ်လို့မပြောခဲ့ဘူးလား ဟမ်?"
"ဟာဗျာ သားဘာမှမလုပ်ဘူး ဒီတိုင်းပဲ သားbarကိုရောက်နေတုန်း ဘယ်ကမှန်းတောင်မသိဘူး ဘေးကိုလာထိုင်လို့ စကားလေး နည်းတည်းပဲပြော.."
စကားမဆုံးခင် papaက ၀င်ပြောသည်
"အေး ဘာမှမသိနေ သတင်းကတက်လာပီ မင်းဘာမင်း အေးဆေးနေရင်ဘာမှတက်လာစရာမရှိဘူး ပြောစရာမဖြစ်အောင် ကင်းကင်းရှင်းရှင်းနေပေါ့ Taiwan မှာလဲသောင်းကျန်း ဂျပန်လွှတ်တော့လဲ ပြဿနာရှာ ..ခု အမေရိကားရောက်တော့လဲ ပြဿနာရှာ မင်းဟာလေ...ဒီနေ့ ညနေ Taiwanပြန်လာခဲ့ ဒါပဲ"
"ဟာ papa သား.."
ပြောလို့တောင်မပီးကျေးဇူးရှင်ဖခင်ကဖုန်းချသွားသည် သူဘယ်လောက်ချေတတ်တဲ့သူဖြစ်ဖြစ်papaကိုတော့ မနိုင် ..အင်းလေ အဖေကိုး...
Tzuyu နာရီကိုကြည့်လိုက်တော့ မနက်ရှစ်နာရီ
"အင်း လက်မှတ်စောစောဝယ်တာကောင်းပါတယ် မရလို့မလာနိုင်ရင်ပြောခံရအုန်းမယ်"
Tzuyu ထရပ်လိုက်သည် ရေချိုးခန်းထဲဝင်သွားကာ မှန်ရှေ့တွင်အတန်ကြာရပ်နေသည်
Taiwan ၏နံပါတ်တစ်စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်Chou ဥက္ကဌ၏တစ်ဦးတည်းသောသား
ဖခင်၏projectများမှာTaiwan တွင်သာမက Japan,America,Thai,Myanmar,Singaporeစသည့်နိုင်ငံတွေအထိအောင်မြင်ကာ ကုမ္ပဏီခွဲများပင်ရှိသည်
တောင့်တင်းကျစ်လျစ်သောခန္ဓာကိုယ် မြင့်မား၍ဆွဲဆောင်မှုရှိသောအရပ် အထူကြီးလဲမဟုတ်ပါးလဲမပါးဘဲ ကြည့်ကောင်းစွာပေါက်နေသောမျက်ခုံးမွှေး၊၀ိုင်းနေသော မျက်လုံးလေးတွင် ယောကျာ်းလေးဖြစ်ပေမဲ့ကော့ပြန်နေသော မျက်တောင်မွှေးလေးများကနေရာယူလျက် စင်းနေသောနှာတံလေးနှင့်ရယ်လိုက်ရင်ပေါ်လာသောချစ်စဖွယ်ပါးချိုင့်လေး
"ငါကတော်တော်ချောတာပဲ ...ဒီကြားထဲသူဌေးသား ဘယ်မိန်းကလေးကငါ့ကိုမချဉ်းကပ်ချင်ဘဲနေမလဲ ငါက သိပ်ကိုပြည့်စုံနေတာဆိုတော့ အင်းလေ မွေးကတည်းက ချောလာတော့လဲဘယ်တတ်နိုင်မလဲ ချောလို့အပြစ်ပေးမယ်ဆိုလဲ ခံယုံပေါ့"
(Ficထဲလဲ ကွန်ဖီးဒန့်လယ်ဗယ်အစ်စိုးဟိုက်နေသော ထိုင်ဝမ်အချေဇိုးလေး😗😂)