⚠BECAUSE...⁉
အချစ်အတွက် အသက်ကိုပင်စတေးခဲ့တဲ့ ချစ်သူစုံတွဲတွေကို ကြားဖူးကြမှာပါ....။စတေးမှုတိုင်းက သူတစ်ပါးအတွက် သို့မဟုတ် အချစ်အတွက် ဖြစ်ပေါ်လာတာများပါတယ်...။ချစ်တဲ့သူအတွက် နှလုံးသားကိုစတေးတယ်...၊အချစ်အတွက် အသက်ကိုစတေးကြတယ်....။ဒါကတော့ အချစ်ကြီးသူတွေပေါ့....။တိုင်းပြည်အတွက် အသက်ကိုစတေးကြတဲ့စစ်သားတွေ...၊ပြည်သူအတွက်အနစ်နာခံတဲ့...ရဲဘော်တွေ...၊သူတို့ကတော့...အများအကျိုးအတွက် စတေးကြတာပေါ့...။ အမုန်းတရားကြောင့် မိမိကိုယ်ကို စတေးမည့် လူတစ်ယောက်ကိုရော....အတ္တကြီးလွန်းတယ်လို့....ဆိုကြမည်လား.....။ထိုလူအတွက် အမုန်းတွေဖြစ်ပေါ်စေခဲ့တဲ့သူကိုရော.....ရက်စက်တယ်လို့...ပြောနိုင်ပါ့မလား...............။
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
ဟန်ဇင်ခ တစ်ယောက် ငယ်သူငယ်ချင်းတွေနှင့် သွားတွေ့ရင်း...အိမ်အပြန်မိုးချုပ်သွားသည်...။ပျော်ပွဲရွှင်ပွဲဖြစ်သောကြောင့်...အသောက်အစားလေးလဲရှိခဲ့သည်...။ထို့ကြောင့်...လူကတော့မူးချင်သလိုဖြစ်နေသဖြင့် ကားကိုဖြေးဖြေးခြင်းမောင်းလာသည်....။အိမ်ရောက်ခါနီး..လမ်းတစ်နေရာတွင်...ယိုင်ထိုးနေသောကောင်လေးတစ်ယောက်နှင့်...ထိုကောင်လေးအားတွဲထားသော ကောင်လေးတစ်ယောက်အားတွေ့လိုက်ရသည်...။သူကြည့်နေရင်း...ထိုလူတို့အနားသို့ ရောက်ခါနီးမှာ ယိုင်ထိုးနေသော ကောင်လေးအား...တွဲထားသောသောကောင်လေးက ပစ်ချလိုက်သည်....။ထိုကောင်လေးက စိတ်ပျက်သည့်ပုံနှင့် ခါးထောက်ပြီး ရပ်နေရင်း...ဟိုကြည့်ဒီကြည့် ကြည့်လိုက်တော့.....သူ့မျက်နှာအားမြင်လိုင်ရသည်...။"မနက်က တွေ့ခဲ့တဲ့ ဂျလေဘီကောင်ပါလား..."ဟု စိတ်ထဲမှတွေးရင်း...ကားကိုအရှိန်ပိုလျှော့လိုက်သည်...။ထိုကောင်လေးက ဝမ်းသာအားရနှင့် ကားကိုလှမ်းတားပြီး...ကားမှန်ကနေ ငုံပြီး...စကားပြောတော့မည်အပြု....သူကျုပ်ကိုလဲမြင်ရော........"Hey...men...တိုက်တိုက်ဆိုင်ဆိုင် ခင်ဗျားနဲ့မှတွေ့ရတယ်လို့....အဟဲ...ကျုပ်ကိုတစ်ခုလောက်ကူညီစမ်းပါ......"
"ငါ့မှာအချိန်မရှိဘူး...ဖယ်..."
ထိုကောင်လေး ဘာအကူအညီလိုလဲနေလဲတော့ကျုပ်မသိဘူး...။ဒါပေမဲ့ ကျုပ်ကလဲ သူများကိစ္စတွေဆို ဝင်မပါတတ်တော့...ကိုယ့်လမ်းကိုသွားဖို့ပဲလုပ်လိုက်တယ်...။သို့သော်...ထိုကောင်လေးကတော့...မနက်က အကျင့်အတိုင်းပဲ...ဂျစ်ကန်ကန်လုပ်ပြီး...ကျုပ်ကိုအကူအညီတောင်းနေတယ်............။
YOU ARE READING
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............