ZawGyi
_________ရောက်လာထဲက ဘာမှမပြောဘဲ ငိုနေတဲ့ကောင်လေးကို ရင်ခွင်ထဲထည့်ပြီး ချော့နေတာတော်တော်ကြာနေပြီ ဒီ့ထက်ငိုတာကြာရင် ခေါင်းကိုက်မှာစိုးလို့ ချော့တာလဲမရ မျက်နှာလေးကြည့်ပြီးမျက်ရည်သုတ်ပေးဖို့ ခွာတာလဲမရ ဂျယ်မင်းခါးကို တင်းတင်းဖက်ကာ ရင်ခွင်ထဲမျက်နှာအပ်ပြီးကလေးလေးတွေလိုတအိအိနဲ့ငိုနေတာ စိတ်ပူလွန်းလို့ ဘေးက ဆူရှီကိုကျတော့လဲ မေးမရ စမ်းမရ......
အခုအင်ဂျွန်းတို့ ညကြီးအချိန်မတော် ဂျယ်မင်းတိုက်ခန်းကိုရောက်နေပြီး ဂျယ်မင်းကို ဖက်ကာငိုနေခြင်းပင်
"အဲ့လိုကြီး ငိုမနေနဲ့လေ ဂျွန်းလေးရာ ဘာဖြစ်တယ်ဆိုတာ ကိုယ့်ကိုပြောပြမှ တစ်ခုခုလုပ်လို့ရမှာပေါ့ "
လက်မောင်းလေးကိုဖွဖွလေးပုတ်တလှည့် ကျောလေးကို ပွတ်တလှည့် ချော့ပြောကာမှ ရင်ခွင်ထဲကနေခေါင်းမော့ကြည့်လာရှာတယ် ဂျယ်မင်းခါးကိုဖက်ထားတဲ့လက်၂ဖက်ကတော့မလွှတ်တမ်းဖက်ထားမြဲ....ပါး၂ဖက်မှာလဲ မျက်ရည်စီးကြောင်းတွေက အတိုင်းသား..ဘယ်လောက်တောင်ငိုထားလဲမျက်လုံးလေးတွေကဖောင်းအစ်နေပြီ.....
ခေါင်းမော့လာတဲ့ကလေးရဲ့ ပါးကို ညင်ညင်သာသာလေးကိုင်ကာ မျက်ရည်စီးကြောင်းကိုလက်မ၂ဖက်နဲ့ ဖွဖွလေးသုတ်ပေးနေမိတယ် ဖိမိရင် မျက်နှာလေးနီရဲသွားမှာကြောက်လို့.....တစ်မိုးအောက် playboy နာဂျယ်မင်းတို့ ဘယ်တုန်းကနှုညံ့တက်သွားတာလဲ.....
"ဘာဖြစ်တာလဲဆိုတာ ကိုယ့်ကိုပြောပြ နော် ဘာမှစိတ်မပူနဲ့ ကိုယ်ရှိတယ် ဟုတ်ပြီလား"
အင်ဂျွန်းမျက်နှာတစ်ခုလုံးဟာ ဂျယ်မင်း လက်ဝါး၂ဖက်ကြားမှာပျောက်လုနီးပါးဖြစ်နေသည် ငိုထားလို့ နီရဲနေတဲ့ နှခေါင်းလုံးလုံးလေးတွေကလဲ ဂျယ်မင်း လာကိုက်လှည့်ပါဟု ခေါ်နေသယောင် ပိုးမွေးသလိုမွေးထားတာကြောင့် ဂျယ်မင်းလက်ဝါးအောက်ရောက်နေတဲ့ အင်ဂျွန်းပါးပြင်ဖောင်းဖောင်းနုနုလေးတွေကိုလဲ ဂျယ်မင်းဖျစ်ညှစ်ချင်နေမိတာ ခုမှအငိုတိတ်တာ ပြန်ငိုသွားဦးမယ်ဆိုကာ ထိန်းချုပ်ရနေရသည်
"ပါပါးတို့က ကျနော့်ကို Jilinပို့တော့မယ် "
ရှိုက်သံလေးတွေကြားက ထွက်လာတဲ့ အသံလေးက တိုးတိုးလေးမှ တိုးတိုးလေး အဲ့အသံတိုးတိုးလေးကဘဲ သူ့ကိုထိန့်လန့်စေတာ ..ပို့မယ် ??ကလေးကိုသူရဲ့အဝေးမှာထားမယ်??