ရုံးပိတ်ရက်တစ်ရက်၏ မနက်ခင်း ။ ခေါင်းက တဆစ်
ဆစ်ထိုးကိုက်နေတာမို့ နားထင်တဖက်ကို လက်ခုံနဲ့ဖိ
ရင်း ဆယ်ဟွန်း အိပ်ယာကနေနိုးပြီးထထိုင်လိုက်သည်။
တဖက်မှာအသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်နေတဲ့
မင်ဆော့ကို ဆယ်ဟွန်းကြည့်ရင်း ခေါင်းကိုက်နေသည့်
ကြားကနေ ပြုံးမိသေးသည် ။ ခြုံထားတဲ့စောင်ဖြူဖြူ
အောက် ပုခုံးတစွန်းတစကပေါ်လို့ အပေါ်ပိုင်းအဝတ်
မကပ်သည်မှာ အသေအချာပင် ။ ဖြူဖြူဖွေးဖွေး လည်
ပင်းနေရာမှာ အနီစက် နည်းနည်းကလေး ။ဆယ်ဟွန်း သဘောတကျပြုံးရယ်ရင်းမင်ဆော့ရဲ့ခေါင်း
ဘေးမှာ လက်တဖက်ထောက်ထားရင်း အပေါ်စီးကနေ
ငုံ့ကာကြည့်နေလေ၏ ။ နဖူးပြင်ကို အနမ်းဖွဖွ ငုံ့ပေး
လိုက်ပြီး စိမ်ပြေနပြေ ဆက်ကြည့်နေပြန်လေသည် ။မနေ့ညနေက ပွဲတခုကြောင့် နည်းနည်းသောက်စားလာ
မိတာ ။ မှတ်မိသလောက်တော့ အချစ်က မူးပြီးပြန်
လာတဲ့ ကိုယ့်ကို စိတ်မဆိုးပေမဲ့ အရင်ထက်ပိုပိုသာသာ
သောက်စားလာမိလို့ သဘောမကျပုံရသည် ။ အိပ်ယာ
ထဲထိရောက်အောင် တွဲခေါ်ပေးတုန်းက အလိုမကျတဲ့
နူတ်ခမ်းတွေက ခပ်စူစူပုတ်ပုတ်နှင့် သဘောမကျဟန်
စကားတွေကလဲ ပြောနေသေးသည် ။အခုတော့ အိမ်ထောင်သည်အမျိုးသားလေးက ညက
စိတ်ကြိုက်အနမ်းခံထားရလို့ ပင်ပန်းပြီး နှစ်နှစ်ခြိုက်
ခြိုက်ကို အိပ်ပျော်နေလေရဲ့ ။ ပကတိအတိုင်း ရှင်းလင်း
နေတဲ့ မျက်နှာပြင်ဟာ ကိုယ့်ကို ထပ်ပြီးနမ်းလှည့်ပါဦး
လို့ ဖိတ်ခေါ်နေသယောင်ယောင် ။ အိပ်နေတဲ့ လူ တ
ယောက်က ဒီလိုချစ်ဖို့ကောင်းနေနိုင်သလား ။ အသဲ
ယားလွန်းလို့ သိမ်းကြုံးပွေ့ဖက်ပြီး နောက်တခါ ထပ်
အိပ်ပစ်လိုက်ချင်သေးသည် ။အနည်းငယ်ကိုက်ခဲနေတဲ့ခေါင်းကို ခါပစ်လိုက်ပြီး အိပ်
မောကျနေတဲ့ အချစ်ရဲ့နူတ်ခမ်းဖူးဖူးကို ထိကပ် အနမ်း
ပေးဖို့ နောက်တခါ ကိုယ်ကိုကိုင်းကာ တဖြေးဖြေး ရွေ့
လျားလိုက်ရုံရှိသေးသည် ချက်ချင်းပဲ နိုးလာတဲ့ အချစ်က
သူ့နူတ်ခမ်းသူ လက်တဖက်နှင့် ဖိအုပ်ထားပစ်လိုက်
တော့သည် ။