'ခလွမ်း'
ကြမ်းပြင်ပေါ်သို့တစစီကွဲကြေသွားသော ဖန်ခွက်နှင့်
အတူ ကျွန်တော့်နှလုံးသား ကြေမွသွားသလို ခံစားမိ
လိုက်သည်.....ကျွန်တော်ချစ်ရပါသော ချစ်သူ 'မြင့်သူဇျာန်'...
ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် အိပ်သော ကုတင်
ပေါ်တွင် တွေ့လိုက်ရသော မိန်းခလေးတစ်ယောက်...နှစ်ယောက်စလုံးကိုပေါ်တွင် အဝတ်ရှိနေသော်လည်း
တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖတ်လျက်အိပ်နေပုံ
ကြောင့်မြင်နေရသော မြင်ကွင်းတို့ပင်ဝေဝါးလာရသည်...မျက်ရည်...ဟုတ်တယ် ကျွန်တော် ဒီလိုသစ္စာမရှိတဲ့
သူအတွက်မျက်ရည်ကျစရာမလိုဘူး ဟုတ်တယ်မဟုတ်လား.....သို့သော် အခန်းထဲကနေတစ်လှမ်းမှမရွေ့မိ သူတို့ကို
ကြည့်ရင်း ကျွန်တော့်နှလုံးသား တစ်ဆစ်ဆစ်နာလာရ
သည်.....ဖန်ခွက်ကွဲသံကြောင့်ထင်....သူနိုးလာသည်...
ပြီးတော့ ဘေးဘယ်ညာကြည့်ကာ....တစ်ဖြည်းဖြည်း
ထိန့်လန်လာသည်ကို ကျွန်တော်မြင်လိုက်သည်...ကျွန်တော်ကပင်စတင်၍မေးလိုက်သည်..
"အစ်ကို ကျွန်တော့်ကို ဘာများပြောစရာရှိလဲမသိဘူး ....""ဟိန်းသူရ....အစ်ကို မနေ့ညကဘာမှမဖြစ်ခဲ့ပါဘူး..
အစ်ကို့ကို ယုံပါနော်...""ဟတ်....အစ်ကို ဒီလောက်တောင်မြင်နေရတာတောင်
ဘာမှမဟုတ်ဘူးလို့ပြောဦးမလို့လား...ဘာမှမဖြစ်ခဲ့ဘူး
ဆိုတဲ့ဆင်ခြေ ကျွန်တော်မကြားချင်ဘူးအစ်ကို...
ဘာကိစ္စဒီမိန်းခလေးက... ကျွန်တော်တို့နှစ်ယောက်
အိပ်ယာပေါ်ရောက်နေတယ်ဆိုတာပဲ....ကျွန်တော်
ကျောင်းက ကိစ္စကြောင့်ခရီးသွားနေတဲ့ တစ်ပတ်
အတောအတွင်း...ဒီလိုတွေတောင်ဖြစ်ကုန်ပြီလား
အစ်ကို....ဟင်....""ညီ...အစ်ကို့ကို ခနဲ့တဲ့စကားတွေမပြောပါနဲ...အစ်ကို
ညီကိုဘယ်လောက်ချစ်လဲညီအသိဆုံးပါ...."နွမ်းလျလျအသံနဲ့တောင်းပန်လာသော ချစ်သူအား
ကျွန်တော် မည်သို့မျှ ခွင့်မလွှတ်နိုင်သေးပေ..."ကျွန်တော့်ကို ချစ်တယ်လို့ပြောပြီး ဒီမြင်ကွင်းကို
မြင်စေချင်နေတာပေါ့ လေ...ဟက်....အစ်ကိုပြောတဲ့
ဟာသတွေအရမ်းမရီရဘူး အစ်ကိုရ..."
YOU ARE READING
Unchangeable Love (ပြောင်းလဲ၍မရသောချစ်ခြင်းတရား)
Short Story#မြင့်သူဇျာန်xဟိန်းသူရ (အထင်အမြင်လွဲမှားမှုကတစ်ဆင့် ပြသနာဖြစ်ရတဲ့ သူနှစ်ယောက် ပြန်အဆင်ပြေပါ့မလား) #မင်းခန့်သူရိန်xမင်းခန့်သော်တာ (အလွဲလွဲအမှားမှားဖြစ်တက်တဲ့ သူရိန်နဲ့သော်တာ အလွဲကြီးဖြစ်ပြီးတဲ့နောက် အရင်ကလိုပြန်ချစ်နိုင်ကြဦးပါ့မလား) #ဟိန်းမင်းစိုးxမိ...