အရာအားလုံးရဲ့အစဟာ တစ်ခါတစ်လေ ခက်ခဲတတ်ပါသည်စိမ်းမြ ကြည်လဲ့နေသော ပင်လယ်ပြင်ကို ဖြတ်ကျော်လာပြိီးနောက် အုန်းပင်များနဲ့ အုပ်ဆိုင်း နေသော မာန်အောင်လေဆိပ်သ်ို့ Myanmar National Airline ATR 72 တစ်စီး ဆင်းသက် လာခဲ့သည်။
ကျွန်တော်သည် ဦးလေးငယ် ဖြစ်သူ၏ စေခိုင်းချက်အရ မာန်အောင် မြို့သို့ ရောက်ရှိ လာ ခဲ့ရခြင်း ဖြစ်သည်။
မေလ မို့၍ အပူချိန်ကခေါင်ခိုက် နေသည်။
အုန်းပင်တန်းများ စီစီရီရီ ။
ဘင်္ဂလား ပင်လယ်အော် အတွင်း မုန်တိုင်း ကြေညာချက် ထုတ်ပြန် ထားသောကြောင့် လေငြိမ်ကာ အခြေအနေက တင်းမာနေသယောင် ရှိနေသည်။
မာန်အောင်မြို့သို့ နောက်ဆုံး ရောက်ခဲ့သော အချိန်သည်ကား လွန်ခဲ့သော ငါးနှစ်ကဖြစ်သည်။
လေဆိပ်သို့ ဦးလေးငယ်၏ အသိတစ်ယောက်က လာကြိုပေးပြီး တည်းခိုမည့်နေရာသို့ ပို့ပေးလေသည်။
အိမ်တစ်ဆောင်လုံး ကို ငှားရမ်းပေးထားတာ မို့အဆင်ပြေလှသည်။
အနောက်ဖက်ခြမ်းတွင်လည်း နောက်ထပ် အိမ်တစ်လုံးရှိသေးသည် ကိုမြင်ရသည်။
လိုက်ပို့ပေးသော ဦးလေး ပြောပြချက်အရ ဒယ်ဝူး ကုမ္ပဏီမှ ကိုးရီးယားများအား ငှားရမ်းထားသည်ဟု သိရသည်။
ကော်ဖီဆိုင်ကြီး တစ်ခု ဖွင့်မည့်အတွက် ကျနော်အား စိီစဉ်ခိုင်းလိုက်ခြင်းဖြစ်သည်။
ခဏလောက် အနားယူပြီးသောအခါ ဆောက်လုပ်နေသော နေရာအား ကြည့်ရှု စကားပြောကြသည်။
အားလုံးကိစ္စ ပြီးတော့ လိုက်ပြပေးတဲ့ ဦးလေးက ပြန်လိုက်ပို့ပေးပြီး မနက်ကျလျှင် ကားတစ်စီး လာပေးမည်ဟု ပြောသွားခဲ့သည်။
ကျွန်တော်လည်း ညနေပိုင်း ရေမိုးချိုးပြီး ခြံအရှေ့ဖက်ရှိ ရေကူးကန်နားမှာ ထိုင်ကာ စာအုပ်ဖတ်နေမိသည်။
တအောင့်လောက်အကြာမှာ ခြံရှေ့သို့ ကားတစ်စီးရောက်လာပြီး ကားပေါ်မှ တစ်ယောက်ဆင်းလာပြီး ခြံထဲသို့ အသံဝဲဝဲ လေးဖြင့် ခေါ်နေသည်။
YOU ARE READING
A Game of Fortune
Short Storyတိုတိုလေးနဲ့ အဆင်ပြေအောင် ကြိုးစားပြီးရေးထားပါတယ် အရှည်ကြီးရေးဖို့ပျင်းတဲ့အတွက် ဖတ်ရတဲ့သူတွေလည်း အဆင်ပြေအောင်အတွက်ပါ။ Try it !!!