ပြန်ရမှ အချစ်မဟုတ်ပါဘူး
ပြီးတော့ အချစ်ဆိုတာ
ရယူပိုင်ဆိုင်ခြင်းလည်းမဟုတ်ပါဘူး၊* * * *
"မမ ဥက ပေါက်တဲ့ တိရစ္ဆာန်တွေမှာ ချက်ရှိလားဟင်"
"ပေါက်ပေါက်ရှာရှာ လွန်းရယ်... မေးလည်း မေးတတ်တယ်... ဥကပေါက်တဲ့ အကောင်လေးတွေမှာ ချက်မပါဘူး ကလေးရဲ့"
"လေမလည်တဲ့ တိရစ္ဆာန် ရှိလားဟင်?"
"ရှိတယ် ကလေးရဲ့ သားပိုက်ကောင်တွေက လည်မတတ်ဘူးတဲ့"
လွန်းထက်အိမ်ဆိုတဲ့ ၁၆နှစ်အရွယ် ကလေးပေါက်စမှာ သူမဆီ တကူးတက လာပြီး ကပ်သီးကပ်သတ်မေးခွန်းများကို မေးလေ့ရှိသည်။
တွေ့တာလပိုင်းပဲရှိသေးပေမယ့် ရင်းရင်းနှီးနှီး ခင်နေကြတာကိုတော့ သူမကိုယ်တိုင်လည်း အံ့သြမိသည်။
"ဟုတ်လား အင်း... အာ့ဆို သူတို့နားမှာနေရင် နံမှာမကြောက်ရတော့ဘူးပေါ့နော်"
"ဟား ဟား ဒီကလေးနဲ့တော့ ဖြစ်ရမယ်"
"မမက သိပ်တော်တာပဲ... လွန်းမသိတဲ့ အရာတွေအများကြီးကို သိတယ်ဆိုတော့"
"ဒါကတော့ စာဖတ်လို့ပေါ့ ကလေးရဲ့ ...
ကလေးလည်း မမလို သိချင်ရင် စာဖတ်လေ""ဟင့်အင်း စာကြီးတော့ မဖတ်ချင်ဘူး...
လွန်းမသိတာတွေကို ပြောပြမယ့် မမရှိတာပဲ
မမက လွန်းအစား ပိုဖတ်ပေးနော်"စာတောင် အစားဖတ်ခိုင်းနေသော သူလေးကို စချင်လာ၍
"အာ့ဆို ရှင်လေးနဲ့ စကားပြောချိန်ကို လျော့ရမှာပဲ... မမ အခုပဲ စာသွားဖတ်လိုက်ရမလား?"
"ဟာ... မမကလည်း စကားအဖြစ်ပြောတာကို
အားလပ်ရက်လေးမှာ မမဆီက ဗဟုသုတတွေ နားထောင်ပြီး အပန်းဖြေရတာလောက် ပျော်ဖို့ကောင်းတာမရှိဘူး""အမလေး... ရှင်လေးက အမျိုးမျိုးပဲ တတ်လည်းတတ်နိုင်ပ"
သူမလေးက ပါးနှစ်ဖက် ခွက်သွားအောင် ရယ်ရင်း
"မမ တစ်မိနစ်အတွင်းမှာ ဘာဖြစ်နိုင်လဲဟင်"
ဟောကြည့် သူမ အဲ့လို ပေါက်ကတရတွေ မေးမယ်မှန်းသိလို့ ကျမမှာ websiteတွေထဲကနေ နှိုက်နှိုက်ချွတ်ချွတ်ရှာခဲ့ရတာပင် သူလေးသိပါစ။
"တစ်မိနစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ ကလေးဦးရေ ၂၅၀မွေးတယ် ကလေးရဲ့...
ပြီးတော့ အကြိမ် ၆၀ကနေ ၁၀၀ထိ နှလုံးခုန်တယ်...
သွေးကလဲ ခန္ဓာကိုယ်တွင်း ၃ပတ် လှည့်လည်စီးဆင်းပြီးတယ်...
ခန္ဓာကိုယ်ထဲက ဆဲလ်တစ်လုံးကလည်း တစ်ပတ်ပတ်ပြီးတယ်...
၁၅ကြိမ်ကနေ ၂၀ထိ မျက်တောင်ခတ်တယ်...
နှလုံးက သွေး ၁ဒဿမ ၁၄လီတာ ညှစ်ထုတ်တယ်...
ပြီးတော့ လူတစ်ယောက်ကိုလည်း ချစ်မိသွားနိုင်တယ်"
KAMU SEDANG MEMBACA
One shots (GL)
Cerita Pendekအချစ်အကြောင်းကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပုံများ💜