စိမ့်စမ်းရေပြာအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၂၅)
@@@@@@@@@@@@@@@@@@@@@
တကယ်လို့သာ မီးပင်လယ် နတ်မင်းသားရဲ့ ဒုတိယဇနီးဆိုသော နေရာကို ငြင်းဆိုနေပါက ရင်းအော်ကို အဘိုးတော်က အဘွားတော်၏ ရုပ်ကလာပ်အား ဖျက်စီးလိုမှုနှင့် ကြီးလေးသော အပြစ်ဒဏ်ပေးတော့မည်။ ထိုအပြစ်ဒဏ်သည် နတ်တစ်ပါးပင်လျှင် ခက်ခဲစေမည် ဆိုပါက လူသား ဖြစ်သော ရင်းအော်ဆို နေဖွယ်မရှိပြီ။
ကောင်းကင် အကာကွယ် နန်းဆောင် အတွင်းသို့ ဝင်လာတော့ ရင်းအော်သည် သလွန်တော် ပေါ်တွင် အိပ်မောကျနေဆဲ၊ ခဏဆိုလျှင် ရင်းအော် နိုးလာတော့မည်။ မီးနတ်မင်းသားနှင့် လက်ဆက်ပေးဖို့ကို သူ ရင်းအော်ကို မျက်နှာချင်းဆိုင်ပြီး မပြောရက်ပေ။
'ခဏနေ သူ နိုးလာလိမ့်မယ် မင်္ဂလာပွဲအကြောင်းကို မင်းတို့ ကြားကောင်းအောင် ပြောပြလိုက်ပါ'
ထို့ကြောင့် ကောင်းကင် အကာကွယ် နန်းဆောင် အပြင်သို့ ထွက်လာခဲ့ပြီး အရှေ့မီးပင်လယ်သို့ ရောက်လာခဲ့မိသည်။
မီးပင်လယ် ဆိုသော်လည်း လွန်ခဲ့သော နှစ်ရှစ်သောင်းကျော်လောက်က မီးတွေ အားလုံးကို ကျိုးရင်း နတ်ဘုရားမက ငြိမ်းသက် ပစ်လိုက်သဖြင့် မီးအနည်းငယ်သာ ဟိုမှ ဒီမှ တောက်လောင်နေသော်လည်း တချို့ကရေပြင် တချို့ကရေခဲပြင် ဖြစ်နေသည်။ သူဝင်သွားတော့ မီးနတ်မင်းသား ကိုယ်တိုင်က ထွက်၍ ကြိုဆို၏။
'အိမ်ရှေ့မင်းသား ကိုယ်တိုင် လာလည်တာ ဆိုတော့ အရှေ့ပင်လယ်က ဂုဏ်တက်ရပါပြီ'
'ကျွန်တော့်ကို အထူးတလည် ကြိုဆိုဖို့ မလိုပါဘူး ဒါပေမယ့် ညီမလေးက ဒီမှာ လာပြီး နေရတော့မှာ ဆိုတော့ သူနေရမယ့် နေရာက ဘယ်လိုမျိုးလဲ ဆိုတာကို လာကြည့်တာပါ သူက နေမကောင်းတဲ့သူ ဆိုတော့ ဒီနေရာနဲ့ သင့်တော်ပါ့မလားလို့ စိတ်ပူမိတယ် ဒါနဲ့ လွန်ခဲ့တဲ့ နှစ်တွေ တုန်းက မီးနတ်မင်းသားကို ကျိုးရင်း နတ်ဘုရားမက စိမ့်စမ်းရေပြာအိုင်က ရေတစ်ပုလင်း လက်ဆောင်ပေးတယ်လို့ ကြားလိုက်ရတယ် တကယ်လို့သာ အဲ့ဒီစိမ့်စမ်းရေပြာအိုင်ကရေကို အသုံးပြုပြီး ဆေးဖော်မယ်ဆိုရင် ညီမလေးရဲ့ ရောဂါက သက်သာနိုင်တယ်လို့ ပြောတယ်'
YOU ARE READING
စိမ့်စမ်းရေပြာအိုင်မှ အလွမ်းဒဏ္ဍာရီ The Legend of Azure Lake
Historical Fictionရေးသားသူ - စွဲညို့ #ဘာသာပြန် မဟုတ်ပါ# Own Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချ...