Chapter - 1

2.2K 151 22
                                    

unicode

သားမှာ နာမည်မရှိဘူး

လေးယောက်မြောက်သားမို့ သားကို "လေး"လို့ ခေါ်ကြတယ်။

ရေလှိုင်းလေးတွေလို လိမ်ကောက်ကောက်ဆံပင်အညိုရောင်လေးနှင့် မျက်ဝန်းလှလှတွေ လေးမှာ ရှိတယ်။ လေးက အဖိုးတန်ပစ္စည်းတွေထက် တိတ်တိတ်လေးနေပြီး သူ့အစ်မလှလှလေးတွေကို ငေးကြည့်နေရတာ သဘောကျတယ်။ လေးက အိုဟောင်းနေတဲ့ ရေဒီယိုလေးက လာတဲ့ သီချင်းတွေကို နားထောင်ရတာ ကြိုက်တယ်။

လေးက သိပ်လောဘ နည်းတယ်...။ ငယ်ငယ်တည်းက ပုံသွင်းခံထားရတဲ့သူ့ကမ္ဘာလေးမှာ ဘာကိုမှ ထူးထူးထွေထွေမမျှော်လင့်ဘဲ ပျော်အောင်နေတတ်တယ်။

တစ်စုံတစ်ယောက်က သူ့ကမ္ဘာလေးထဲ မကျူးကျော်လာချိန်ထိပေါ့...

xxx

"ဟာ....... မာမီတို့ကတော့ ကျွန်တော့်ကို မတိုင်ပင်ပဲ လုပ်ပြီ"

"ဟဲ့... မိဘက ကောင်းဖို့စီစဉ်တာလေ။ ဒါပဲ.......။ငါ ကိုရွှေဝတို့နဲ့ ပြောပြီးဆိုပြီးသား။မင်းဘက်က မနက်ဖြန်သွားတွေ့ဖို့သာပြင်ထား"

စားပွဲပေါ်မှ ဖောက်သည်တွေလာပေးထားသော ရတနာသေတ္တာဘူးအစီစီကိုဆင့်ကိုင်ကာ အခန်းထဲဝင်သွားတဲ့ မာမီက တစ်ချက်ကလေးပင် သူ့ဘက်ကိုငဲ့မကြည့်ခဲ့။ ဒါကလည်းသိပ်တော့အထူးအဆန်းမဟုတ်ပါ။အစိုးရဝန်ထမ်းဖြစ်သောအနေအေးတဲ့ ဒယ်ဒီအပါအဝင် မိသားစုတစ်စုလုံးကို ဦးဆောင်လာတဲ့ မာမီက ထက်မြက်သလို မာနကြီးပြီး သူအလိုရှိတာကိုဖြစ်အောင်လုပ်သည်။
တစ်ဦးတည်းသော သားဖြစ်သည့် သူ့ဘက်ကိုတောင် တစ်ခါမျှပင် မတွေးပေးခဲ့ဖူးပါ။ ငယ်ငယ်တည်းက ခုချိန်ထိ........။
ကြည်လွင် ဆိုဖာပေါ်စိတ်ရှုပ်ထွေးစွာလှဲချလိုက်ပြီးနောက် "ဟားခနဲ" အသံထွက်သည်အထိ အော်ညည်းလိုက်မိသည်။

ငယ်ငယ်တည်းက ခုချိန်ထိ သူဘဝဟာ မာမီ့ရဲ့ Time Table ထဲမှာဆွဲထားသည့် ဇယားအတိုင်းသာ ဘယ်အချိန်တွင် ဘာလုပ်ရမည်ဆိုသည့်အရာတွေနှင့်ပြည့်နေလေ၏။ အိမ်က သွားဆိုသည့်နေရာကို သွားရသည်။စားဆိုစားသည့်အရာကို ကြိုက်ကြိုက်မကြိုက်ကြိုက် ကြိတ်မှိတ်မြိုချရသည်။

You've reached the end of published parts.

⏰ Last updated: Aug 18, 2021 ⏰

Add this story to your Library to get notified about new parts!

လေး (The Fourth Son)Where stories live. Discover now