Part 1

25K 860 24
                                    

'မေ ... ဘယ်နားလေးမှာလဲ'

'.....'

'အထဲဝင်ခဲ့ရမှာလားမေ'

'.....'

'ဟုတ်လာပြီ'

ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး
ဆေးရုံထဲဝင်လာတည်းကရနေတဲ့ဆေးနံ့တွေဟာ
ခွဲစိတ်ဆောင်ထဲရောက်တော့ပိုပြီးများလာသည်။

'မနေ့ကအနံ့တွေတောင်မပျောက်သေးဘူးတာကို'

စင် ကိုယ့်အင်္ကျီကိုယ်ပြန်နမ်းကြည့်ရင်းရေရွတ်လိုက်သည်။
မနေ့ညကသုံးနာရီအထိဆေးရုံမှာစောင့်နေလို့
တစ်ကိုယ်လုံးကိုစွဲလာတာတဲ့ဆေးနံ့တွေတောင်
မပျောက်သေးဘူးလို့ခံစားမိနေတာ ... ဒီနေ့ထပ်လာတော့
အနံ့တွေကချက်ချင်းပြန်စွဲသွားသလိုပင် ...။ စင် ဆေးရုံကို
မုန်းတဲ့အကြောင်းရင်းတွေထဲမှာ ဒီဆေးရုံနံ့ကလည်း
တစ်ခုအပါအဝင်ဖြစ်သည်။ ညကလည်း
ဒီဆေးရုံနံ့တွေကြောင့် စင် အန်ချင်တာလိုလို
မူးလဲချင်တာလိုလိုကိုဖြစ်ခဲ့သေးသည်။ အခုလည်း
တစ်ညလုံးနီးပါးဆေးနံ့တွေရှူထားရတဲ့အရှိန်နဲ့
ပြန်တောင်မူးချင်သွားသည်။ ပြီးတော့ ဆေးရုံထဲက
ကြမ်းပြင်ပေါ်မှာမြင်နေရတဲ့ လူနာစောင့်တွေနဲ့
လူနာတွေရဲ့ညည်းသံတွေ ... အရေးပေါ်ကားသံတွေနဲ့
သွေးထွက်သံယိုမြင်ကွင်းတွေမြင်ရတာလည်း
စိတ်ထဲနည်းနည်းမှနေလို့မကောင်း ...။ ငယ်ငယ်က
ကိုယ့်ရည်မှန်းချက်အစစ်က ဘာလဲချောမသိပဲ
မီးကြီးလာရင်ဆရာဝန်လုပ်မယ် ပြောခဲ့တဲ့
အကြောင်းတွေးမိရင် စင်အမြဲရယ်မိသည်။ သွေးမြင်ရင်
မူးလဲမလိုဖြစ်တတ်တာရယ် ဆေးရုံနံ့မခံနိုင်တာရယ်
အပ်ကြောက်တတ်တာရယ်နဲ့ စင်ဆရာဝန်ဖြစ်ဖို့က
ဘယ်လိုမှမဖြစ်နိုင် ...။ နိုင်ငံခြားကခွဲစိတ်ကားတွေတော့
စင်ကြိုက်ပေမယ့် လူတစ်ယောက်ကိုခွဲစိတ်ဖို့အထိ
စင်သတ္တိမရှိလောက်ဟု ကိုယ့်ကိုယ်ကိုထင်သည်။
စင် တကယ်တမ်းကဖားမြင်ရင်တောင်
တစ်ရပ်ကွက်လုံးကြားအောင်ထအော်တတ်သည်။
စင်က အဲ့လောက်ထိကိုသတ္တိကောင်းတဲ့
ကြည်စင်သော်ပါ ...။

'ကလေး ... လာ'

'အဘိုးသတိရပြီလား'

'မင်းတို့တွေ ... အရူး'

Dear Ma (ချစ်သော မ) Where stories live. Discover now