စစ်ပြီးကာလကို ရည်ညွှန်းချင်တာမို့ အဲ့လိုအခြေနေလေးနဲ့ မြင်ပေးကြပါ။1963 - 10 th birthday
*Happy birthday to you
Happy birthday to you
Happy birthday dear Kyungsoo
Happy birthday to you...*မနက် 6 နာရီနိုးစက်က ဒီနေ့မှ ထူးခြားစွာ ထွက်ပေါ်လာသော သံစဉ်လေး။ သေချာပါပြီ ဒါကျနော့ရဲ့ 10 နှစ်မြောက် မွေးနေ့ဆိုတာ။ ဖေဖေနဲ့မေမေရဲ့ ကျနော့မွေးနေ့တိုင်းအတွက် မမေ့မလျော့
လုပ်ပေးတတ်သော အလေ့အထလေးတစ်ခု။ဒီနှစ်မွေးနေ့လည်း ဘယ်လို အံ့သြစရာတွေနဲ့ ကြုံရအုံးမလဲဆိုတာ ကျနော်အိပ်ရာထဲမှ မျက်လုံးမဖွင့်သေးဘဲ ရင်ခုန်နေမိပြီ။ ကျနော်က သာမန်ကလေးတွေထက် မှတ်ဥာဏ်အများကြီးသာသည်ဟု ဖေဖေနှင့်မေမေကပြောဖူးသည်။ ဘာလို့ဆို ကျနော် သိတတ်စအရွယ်ထဲက အခုချိန်အထိ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ဖေဖေနဲ့မေမေထက် ကျနော်ကပို၍ပင် မှတ်မိသေးသည်။ ဥပမာ တစ်ခုပြောရရင် ကျနော်ပထမတန်း စတက်တဲ့နေ့က ဘတ်ခ်ဟွန်းဆိုသည့် သွက်သွက်လက်လက်ကောင်လေးထံမှ ခဲတံတစ်ချောင်း မှားယူမိခဲ့ဖူးသည်ကအစ မှတ်မိနေသည်မျိုးပေါ့။ အခုလဲ နှစ်စဉ်မပြတ်လုပ်ပေးခဲ့တဲ့ မွေးနေ့အမှတ်တရတွေကို ကျနော် သေသေချာချာကြီး မှတ်မိနေလို့ အခုမွေးနေ့မှာလဲ အရင်ကထက် ပိုအံ့သြဖို့ကောင်းတဲ့ လက်ဆောင်မျိုးကို မျှော်လင့်နေမိတာပါ။
"သခင်လေး ကျနော်ဝင်လာမယ်နော်"
တံခါးခေါက်သံအဆုံး ဝင်လာတဲ့ အိမ်တော်ထိန်း ကင်ဂျုံဒယ်။ ကျနော်ဘယ်တော့မှ ပြန်မထူးတတ်ပေမဲ့ အလိုက်သိစွာ ဝင်လာတတ်တဲ့ အိမ်တော်ထိန်း။ ကျနော် မျက်လုံးမှိတ်ထားရာမှ အနဲငယ်ဖွင့်ကြည့်လိုက်တော့ အခုထိ မရပ်သေးတဲ့ နှိုးစက်ကို ပိတ်လိုက်ရင်း ကျနော့ဆီလှမ်းလာကာ ခြုံထားတဲ့စောင်ကို အသာဆွဲယူလာသည်။
"ထချိန်ရောက်ပါပြီ သခင်လေး။ ဒီနေ့ သခင်လေးမွေးနေ့မို့ သခင်ကြီးနဲ့သခင်မကြီးတို့က အောက်မှာ အဆင်သင့်စောင့်နေပါတယ်။ "
YOU ARE READING
ဖန်သားနန်းတော်(Completed)
Fanfictionပြီးပြည့်စုံလွန်းတဲ့ လူတစ်ယောက်ဘဝထဲ မထင်မှတ်ပဲရောက်လာတဲ့ လူနှစ်ဦးရဲ့ကွဲပြားတဲ့အချစ်မေတ္တာ