"အချစ်" ဆိုတဲ့ အရာကနာကျင်မှုကိုပေးစွမ်းနိုင်ပြီး ပျော်ရွင်ကြည်နူးမှုတေကိုလည်း တစ်ပွေ့ တစ်ပိုက်တည်းသယ်ယူစေနိုင်တယ်တဲ့ ....
ထို 'အချစ်' ဆိုတဲ့အရာက အရမ်းကို အစွမ်းထက်နဲ့ ဆေးဆိုလည်း မမှားဘူးတဲ့ လူတစ်ယောက်ကို ရှင်လျက်နဲ့ သေအောင်လုပ်နိုင်ပြီး သေနေတဲ့ နလုံးသားကိုလည်းပြန်ပြီးနိုး ထလာနိုင်စေတယ်တဲ့
လူတိုင်းက 'အချစ်' ကို ကိုးကွယ်နေကြတဲ့ သူတေပဲတဲ့ ...
ထိုအရာကြောင့်ပဲ မိုက်ရူးရဲ ဆန်တဲ့ လုပ်ရက်တေရယ် ကလေးဆန်တဲ့ အပြုအမူတေရယ်ကို အတွန့် အဆုတ်မရှိ လုပ်ရဲ ကြတယ် ဆိုပဲ...
လူတိုင်းက အချစ် ကို ခလုပ်တိုက်မိတိုင်း ပျားပျား ၀ပ်အောင် အရှုံးပေးတက်ကြတယ်တဲ့
ကြက် ကန်းဆန်အိုး တိုးပြီး လမ်းချော်သွား ခဲ့သည်ရှိရင်တောင် လှည့်မကြည့်ပဲ မနေနိုင်တဲ့ အရာမျိုးတဲ့
အဲ့ဒါတင်မကပဲ စာဖွဲ့နွဲ့လို့မရအောင် နက်နဲတဲ့ အသုံးအနူန်း တေလည်းရှိတယ်တဲ့
မေမေနဲ့ဖေဖေတောင် ထိုအချစ်ကြောင့်ရူးသွတ်ခဲ့ကြဖူးသည်တဲ့
အတိတ်တွင် ကျန်ခဲ့ပါသော အမေ့နိုင်စရာ အမှတ်တရတေဖြစ်မည် မဟုတ်လား...
ဒါတေကျတော်စိတ်မ၀င်စားပါ ကျတော်စိတ်ဝင်စားတဲ့ အရာက အချစ်ဆိုတဲ့ အရာက ဘယ်အချိန်မှာစတင်ဖြစ်ပေါ်ပြီး ဘယ်အချိန် အဆုံး သတ်လည်း ဆိုတာပါပဲ
'မေမေ'
ကိုယ်ပေါ်သို့မရမက တက်လာတဲ့ အသေးလေးအား ဆွဲ မလိုက်ပြီး ပါးပေါ်သို့ တယုတယ နမ်းရှိုက်လိုက်တော့ ပေါက်စလေးက သူ့ လက်သေးသေးလေးတေနဲ့ ဒီ မေမေ ရဲ့ အနမ်းတေကို တွန်းဖယ်နေရဲ့
သားလေးစိတ်တိုင်းကျ သူမ အနမ်းတေကို ဖယ်မိလိုက်တော့ ရင်ခွင်ထဲသို့ အတင်းတိုးမွေ့ကာ သူမရဲ့ နားနေရာသို ကပ်ကာ တတွတ်တွတ်နဲ့ ရေရွတ်နေသော ကလေး ငယ်
ခုနကတော့ သူမကိုအတင်းတွန်းထုတ်ပြီး အခုကျတော့ ရင်ခွင်ထဲတိုးဝင်လာပြီး ကပ်ချွဲနေပြတ်ပြီ
အသက်ကလည်း 2 နစ်ကျော်ကျော် မျှသာရှိသေးတော့ စကားလုံးတေကတ၀ိုး တ၀ါးဖြင့် မပီကလာပီကလာလေးနဲ့ ပြောနေသော ပေါက်စလေး ကြည့်ပြီး ချစ်လို့ မ၀သေး ကိုယ်ပေါ်မှာလှုတ်စိလှုတ်စိ
YOU ARE READING
Me is my life{Complete}
Short StorySelf-love is not selfish; You cannot truly love another until you know how to love yourself