#Unicode#
"ဟင့်အင်း....မလာနဲ့ ထွက်သွား မလာခဲ့နဲ့" လို့ အမှောင်ခန်း တစ်ခန်းရဲ့ ထောင့်လေးနားမှာ ငိုပြီးပြောနေတဲ့ ကလေးငယ်လေးကို သီဟကျော် ရပ်ကြည့်နေလေသည်။ ရပ်ကြည့်နေရင်းကနေ တစ်စတစ်စအသံတွေ ကြားလာတော့သည်။ နားနားလေးကပ်ကာ ပြောနေတဲ့ အသံတိုးတိုးလေးတွေ ဖြစ်လေ၏။
"အဖေနဲ့အမေတို့နဲ့ လိုက်ခဲ့ပါ။ လိုက်ခဲ့ပါ"
"ဟင့်အင်း မလိုက်ချင်ဘူး"
"လိုက်ခဲ့ပါ သားရယ်။ အဖေနဲ့ အမေတို့ကို မထားခဲ့ပါနဲ့ကွယ်။ လိုက်ခဲ့ပါ သားရယ်" ဆိုပြီး မီးလောင်ဒဏ်ရာနဲ့ လက်တစ်ဖက်က သီဟကျော်ရဲ့ ခြေထောက်တစ်ဖက်ကို လာဆွဲလေသည်။ သီဟကျော်အဲ့လက်ကို ကြည့်နေတဲ့ တစ်ခဏ အတွင်းမှာပင် ကားယဉ်တိုက်မှုနေရာ တစ်ခုကို ရောက်သွားတော့သည်။
ကားထဲမှာ အဖေနဲ့အမေက ကားရှေ့ခန်းမှာ မေ့နေလေသည်။ ဒါပေမယ့် ကားနောက်ခန်းမှာ ကလေးငယ်လေး တစ်ယောက် ကူကယ်ရာမဲ့နေတဲ့ မျက်ဝန်တစ်စုံဖြင့် ကြည့်နေသော်လည်း မျက်ဝန်းထဲမှာ ကြောက်စိတ်တို့က လွှမ်းမိုးနေတယ်လို့ ထင်ရလေသည်။
ဒီလိုနဲ့ သီဟကျော် တစ်ယောက် ကြောက်ကြောက်လန့်လန့်ဖြင့် ကားနားသွားတော့ ကားက တစ်ဖြည်းဖြည်းနှင့် ဝေးတစ်ထက် ဝေးကွာလွန်း သွားလေတော့သည်။
"မထားခဲ့ပါနဲ့ သားကိုမထားခဲ့ပါနဲ့ အဖေနဲ့အမေရယ်"
"မထားခဲ့နဲ့၊ အဖေတို့ အမေတို့ သားကို မထားခဲ့နဲ့ ............မထားခဲ့နဲ့"
"အား............." ဆိုပြီး သီဟ ချွေးတစ်ရွှဲရွှဲဖြင့် အိပ်ယာက လန့်နိုးလာလေသည်။ သီဟကျော် အိပ်ယာက လန့်နိုးလာတော့ အခန်းတံခါးလေးက ဖွင့်လာပြီး
"သားရေ အိမ်မက်ဆိုးတွေ ထပ်မက်ပြန်ပြီလားကွယ်"
"ဟုတ်တယ် အဖွား"
"ရော့သားလေး ရေလေး သောက်လိုက်ပါအုန်း မောနေတယ်ဆိုတော့" လို့ပြောပြီး အဖွားက ကုတင်ဘေးနားက စားပွဲပေါ်တင်ထားတဲ့ ရေခွက်လေးထဲကို ရေထည့်ပြီး ကမ်းပေးလာလေသည်။
"ဟုတ်" လို့ပြောလိုက်ကာ ရေခွက်ကိုယူပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
YOU ARE READING
If(အကယ်၍...)/{complete}
AdventureAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...