#Unicode#
အကယ်၍ သူငယ်ချင်း တစ်ယောက်ယောက်ထဲက၊ ဒါမှမဟုတ် ကိုယ်ချစ်တဲ့ သူတစ်ယောက်ယောက်က အသက်မရှိတော့ရင်ဖြစ်စေ၊ ဆေးရုံ ကုတင်ပေါ်မှာ လဲနေသည်ဖြစ်စေ၊ သူတို့အတွက် မျက်ရည်တွေ မြေပေါ်ခဖို့ အဆင်သင့်ဖြစ်ပြီလား။
ဒါမှမဟုတ် အသက်မရှိတော့တဲ့ သူတွေအတွက် ကုတင်ပေါ်လဲနေတဲ့ သူတွေ အတွက်ကော ငိုကျွေးမယ့်သူရှိပါ့မလား။ အဲ့လိုဘဲ ဝိညဉ်တွေလည်း မပျောက်ကွယ်သွားခင် သူတို့အတွက် ဘယ်သူက ငိုကျွေးနေတာလဲဆိုတာကို သိချင်နေမှာပေါ့။
တစ်ချို့သော တရားတော်တွေမှာ သေပြီးသားလူတွေနဲ့ သတိမေ့မြောနေတဲ့ သူတွေက ရုပ် နဲ့ နာမ်ဟာ အတူတစ်ကွ မရှိတော့လို့တဲ့။ သေတဲ့သူတွေတော့ထားပါတော့။ သတိမေ့နေတဲ့ သူတွေက ရုပ်ဟာ ကုတင်ပေါ်လှဲနေပေမယ့် နာမ်ကတော့ လွင့်မြောနေဆဲဘဲတဲ့။ အဲ့ဒီလိုအချိန်မှာ နာမ်ဟာ ရုပ်နဲ့ အဝေးကို ကြာကြာသွားလို့မရပါဘူး။ ဘာလို့လဲဆိုတော့ နာမ်ဟာ ရုပ်နဲ့ဝေးကွာသွားရင် ရုပ်နဲ့နာမ်တို့ရဲ့ အချိတ်အဆက်တွေက ပြတ်တောက်သွားမှာမလို့ပါဘဲ။*****
"အား" ဆိုသည့် အသံနှင့်အတူ သီဟကျော် ဘေးဘက်ကို လဲကျသွားလေသည်။ သီဟကျော် ဘေးနားသို့ လူတွေဝိုင်းအုံလာပြီး
"ကောင်လေး အဆင်ပြေရဲ့လား" ဆိုပြီး မေးနေတော့သည်။
"ပြေပါတယ်" လို့ပြောပြီး ဖုန်းကို ယူမလို့လုပ်တော့ ဖုန်းက ကားလမ်းမပေါ် ရောက်သွားပြီးတော့ ကားတစ်စီးက တက်ကြိတ်သွားတော့၏။
"ဟူး cafeကနေ လစာ ကြိုထုတ်ပြီး ဝယ်ရတော့မှာဘဲ" လို့ တွေးပြီး လဲနေရာက ထလိုက်တော့ အရိပ်ကို မြင်လိုက်ရတော့သည်။
လူတွေ သီဟနားကနေ တစ်ဖြည်းဖြည်း ထွက်သွားကြတော့ သီဟ အရိပ်ဖြစ်တဲ့ ဝိညဉ်ကို သေသေချာချာ မြင်လိုက်ရတော့သည်။ မနေ့က သီဟတွေ့လိုက်တဲ့ ဝိညဉ်ဖြစ်နေလေ၏။
ဖုန်းကောက်ယူလိုက်ပြီး ထိုဝိညဉ်နား ရဲရဲဝံ့ဝံ့ဖြင့်သွားလိုက်ပြီး
"ဟမ်း.......ဒီမှာ"
"ဟင် ဘယ်သူခေါ်တာလဲ တစ်ခြားဝိညဉ်လား"လို့ တွေးပြီး မြင့်မြတ် နောက်ကို လှည့်ကြည့်လိုက်တော့ ခဏက မြင့်မြတ်တွန်းလိုက်တဲ့ ကောင်လေး ဖြစ်နေတော့သည်။
ESTÁS LEYENDO
If(အကယ်၍...)/{complete}
AventuraAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...