"နန်းရင်းဝင်အမတ်ကြီးရောက်ပါပြီမင်းကြီး"
"ဝင်ခဲ့ခိုင်းလိုက်"
အထိန်းတော်ကြီးအားအမိန့်ပေးလိုက်ပြီး အခစားဝင်ရောက်လာမည့်အမတ်ကြီးကိုသာစောင့်မျှော်နေလိုက်သည်။
"အရှင်မင်းကြီးအား ကျွန်တော်မျိုးဂါဝရပြုပါတယ်"
"သက်သာသလိုထိုင် မောင်မင်း"
"မှန်လှပါအရှင်"
မင်းကြီးနင့်မျက်နှာချင်းဆိုင်တွင်ဝင်ရောက်ခစားလေသော အမတ်ကြီးအား ပေလိပ်တစ်ခုကမ်းပေးလိုက်သော Chanyeol မင်းကြီး။
"Jong Dae...."
"မှန်လှပါအရှင်"
ဘွဲ့တွေဂုဏ်ထူးတွေဖယ်ကာ အမည်နာမအရင်းကိုခေါ်ဝေါ်လာသည်ကြောင့် တော်ရုံကိစ္စတော့ မဖြစ်တန်ရာဟု Jong Dae စိတ်ထဲတွင်တွေးမိသွား၏။
"ဒီတိုင်းပြည်ကြီးရဲ့ သစ္စာတော်ခံအမတ်ကြီးအနေနဲ့မဟုတ်ဘဲ ငါမင်းကြီးရဲ့သူငယ်ချင်းအဖြစ် ဒီကိစ္စကိုအောင်မြင် အောင်ဆောင်ရွက်ပေးပါ။ ကိုယ်တော့်မှာ ယုံကြည်စရာမောင်မင်းပဲရှိတော့တယ် Jong Dae။ ဒီကိစ္စသာပေါက်ကြား သွားရင် အဖက်ဖက်က တာဆီးကြလိမ့်မယ်။"
"မင်းကြီးမိန့်ဆိုတာကို ကျွန်တော်မျိုးနားလည်သဘောပေါက်ပါတယ်ဘုရား"
စာသင်ဆောင်တစ်ခုတည်းမှာပေါင်းဖက်ကြီးပြင်းလာကြသော သူငယ်ချင်းဖြစ်သည့်အလျှောက် အမတ်မျိုးရိုးဖြစ်သည့်ကိုယ့်ကို အနားတွက်ခေါ်လျှက် ရာထူးတစ်ခုပေးကာ စောင့်ရှောက်ပေးထားသည့် မင်းကြီး၏ ကျေးဇူးများလဲ မျက်ဝန်းထဲ ထင်ဟပ်လာ၏။
"ကိုယ်တော်က ဒီဘက်ကအခြေအနေတွေကိုဖြေရှင်းရင်းအချိန်ဆွဲထားမှာမို့ မောင်မင်းက တိတ်တဆိတ်လှုပ်ရှားပေးပါ။"
"မှန်လှပါအရှင်"
"Tao! ဝင်လာခဲ့"
မင်းကြီးရဲ့ ကိုယ်ရံတော်ဝင်လာကာ နှစ်ဦးစလုံးကို အရိုအသေပြုကာ ရပ်နေလေရဲ့။
"ကိုယ်တော်စီစဉ်ခိုင်းထားတာတွေအဆင်သင့်ဖြစ်ပြီလား"
"မှန်လှပါအရှင် ကျွန်တော်မျိုးစစ်ဆေးပြီးကြောင်းပါ မင်းကြီး"
YOU ARE READING
Consort Byun
FanfictionOne short to mini book Chanyeol×Baekhyun crd to Fanart owner ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]