စင်မနက်အစောကြီးထပြီးဆေးရုံသွားဖို့စိတ်လောနေသည်။
လောမှာပေါ့ ဒီနေ့မ,နဲ့ သီးသန့်ကိုချိန်းထားတာကို ...
စင် ရင်တွေခုန်လွန်းလို့ ညကလည်း တော်တော်နဲ့
အိပ်မပျော်နိုင် ... မနက်မနိုးမှာစိုးလို့ Alarmပေးထားတဲ့
အချိန်ထက်လည်းစောပြီးနိုးနေသည်။ ညက စင် မအိပ်ခင်
You Tube ကြည့်နေတုန်း Messengerက စာဝင်လာလို့
ကြည့်လိုက်တော့ ...'မီးလေး ... ဒီနေ့ဘာလို့ဆေးရုံမလာတာလဲ
နေမကောင်းလို့လားမနက်ဖြန်ရောလာမှာလား''ဗုဒ္ဓေါ'
သံသာပြောတကယ်ကြီးပဲ ... မ,က
စင့်ကိုမျှော်နေခဲ့တာလား ... ဗိုက်မဆာပဲဖုန်းကိုင်ထားတဲ့
စင့်လက်တွေတုန်နေသည်။ ရင်ထဲမှာလည်း တဒိတ်ဒိတ်နဲ့
မြို့ပတ်ရထားမောင်းနေသလို ...။'ဟုတ် ... လာမှာ မ 😁'
တုန်နေတဲ့လက်တွေနဲ့ စင်စာရိုက်ပြီးပို့လိုက်သည်။
'ဒီနေ့မတွေ့လို့ မ,ကမျှော်နေတာ ... နေများ
မကောင်းလို့လားလို့တောင်တွေးမိပြီးစိတ်ပူနေတာ'ရိုးရိုးသတ်လည်းသေပါတယ် မ,ရယ်လို့သာ
ပို့လိုက်ချင်တော့သည်။ ရင်တွေခုန်ပြီး သွားမစိနိုင်တော့လို့ တစ်ယောက်ယောက်လာထိန်းပေးကြပါဦး ...။
လိုင်းပေါ်ကမို့သာတော်တော့သည်။ အပြင်မှာသာဆို
စင် ထိန်းမရသိမ်းမရတွေဖြစ်ကုန်တော့မှာ ...။'နေကကောင်းတယ်ရယ် သူငယ်ချင်းနဲ့သွားတွေ့နေလို့ မ'
'ဟုတ်လား ... ဒါနဲ့ မီးလေးကဘယ်မှာနေတာလဲ
ဆေးရုံနဲ့ဝေးလား''ဗိုလ်ရာညွန့်လမ်းမှာနေတာ မ ... အရမ်းမဝေးပါဘူး
မီး အခါတိုင်းလည်းလမ်းလျှောက်လာတာ
လမ်းလျှောက်တာက ကားထက်မြန်တယ်လေဟီး''မီးလေးပြောတာလည်းဟုတ်သား ... မီးလေးမနက်ဖြန်
စောစောလာလို့ရလားလို့ မေးမလို့ မ,အိမ်မှာ
နန်းကြီးသုပ်လုပ်မှာမို့ မီးလေးကိုကျွေးချင်လို့
နေ့လည်ထိဆိုမကောင်းတော့မှာစိုးလို့'