#Unicode#
ကုတင်ပေါ်တွင်လှဲနေသော မြင့်မြတ်ကို ရန်နိုင် အချိန်အတော်ကြာ စိုက်ကြည့်နေသည်။
"မင်းဘာလို့ ငါ့စကားကို နားမထောင်နိုင်ရတာလဲ။ ငါလည်း လူသားပါ ချစ်တတ်ပါတယ်။ မင်းသာ ဟိုကောင်ကို မချစ်ခဲ့ရင် ငါလည်း ဒီလိုမျိုး ကောက်ကျစ်တဲ့ အကြံတွေနဲ့ လုပ်မိမှာမဟုတ်ဘူး။ မင်းသာ ငါ့နှလုံးသားကို ငဲ့ငြာပေးခဲ့ရင် ငါလည်း ချစ်တတ်တဲ့ လူသား တစ်ယောက် ဖြစ်နိုင်ပါတယ်။ မင်းရဲ့ အောင်ကရော ငါ့လောက် ချစ်နိုင်မှာလား။ ဒီအတိုင်းလေးအိပ်နေပါ မနိုးလာပါနဲ့ ပြီးတော့ ဒီအတိုင်းလေးလည်း ငါပြုစုနိုင်ပါတယ်"
ရန်နိုင် မြင့်မြတ်ကို ကြည့်ရင်း ပြောချင်ရာ ပြောနေလေသည်။ ပြီးနောက် မြင့်မြတ်ပါးလေးကို ကိုင်လိုက်ပြီး "မြတ်လေး" ဟုခေါ်လိုက်သည်။ ရင်ထဲတွင် ခေါ်ချင်နေသော နာမည်လေးကို ရန်နိုင်ခေါ်ပြီးတော့ လက်လေးကို ဖယ်ကာ အခန်းလေးက ထွက်သွားတော့သည်။
မြင့်မြတ် ရန်နိုင်ကို စူးစူးရဲရဲဖြင့် ကြည့်နေသည်။ ပြီးမှ တစ်ခုခုကို သတိရသွားတဲ့ သူလို ဖြစ်သွားသည်။
"ဟင်.......ဒါက.....ဒါက........ဟိုကားထဲကလူဘဲ။ ပြီးတော့ yan entertainment ကchair man ရန်နိုင်ဖြစ်နေတာဘဲ" ဆိုပြီး မြင့်မြတ် တိုးတိုးလေး ရေရွတ်လိုက်သည်။ ထိုချိန် မြင့်မြတ် ခေါင်းဟာ တအား ထိုးကိုက်လာတော့သည်။
"အား......." ခေါင်းတွေ ထိုးကိုက်လာတာကြောင့် ခေါင်းကို နှိပ်နေစဉ် အတွင်းမှာဘဲ ရန်နိုင် ဘယ်ရောက်သွားမှန်း မြင့်မြတ် မသိတော့ချေ။
ထိုစဉ် ဆေးရုံရဲ့ အပြင်ဘက် တိတ်ဆိတ်တဲ့ နေရာတွင် အောင်နိုင်သူ တစ်ယောက် သီဟကျော်ကို ဆွဲခေါ်လာပြီးတော့မှ လက်ကို လွှတ်လိုက်သည်။ ပြီးနောက် သီဟကို စိုက်ကြည့်လိုက်နေသည်။ ပြီးသည်နှင့် စကားပြောဖို့ အသက်ကို ပြင်းပြင်း ရူသွင်းလိုက်သည်။
"မင်းလား ငါ့ကိုဆေးရုံကိုခေါ်လာတာလား"
အောင်နိုင်သူ အသံ ခပ်ကျယ်ကျယ်ဖြင့် ပြောလိုက်တော့သည်။ သီဟခမျာ လန့်သွားလေသည်။ ပြီးတော့ စကားပြောဖို့ အောင်နိုင်သူကို အရိပ်အကဲကြည့်ပြီး ကြောက်ကြောက်လန့်လန့်ဖြင့်
ESTÁS LEYENDO
If(အကယ်၍...)/{complete}
AventuraAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...