#Unicode#
သီဟတစ်ယောက် ထွက်သွားပြီးသည်နှင့် မြင့်မြတ် ခြောက်ထပ်လောက် မြင့်တဲ့ "Yan entertainment" တိုက်ကြီးကို ခဏတာ ငေးမောကြည့်နေတော့သည်။
"ဒါ ငါအလုပ်လုပ်တဲ့ နေရာပါလား" လို့ စိတ်ထဲတွင်လည်း တွေးနေမိလေသည်။
အတော်ကြာ ငေးကြည့်ပြီးသည်နှင့် တိုက်ကြီးထဲကို ဝင်သွားလိုက်သည်။ တိုက်ထဲမှာလည်း မြင့်မြတ်ပုံတွေ၊ ပိုစတာတွေနဲ့ ပြည့်နေလေသည်။ ပြီးတော့ မြင့်မြတ်တို့ သူငယ်ချင်းသုံးယောက် ရိုက်ထားတဲ့ ပိုစတာတွေ နေရာအနှံ့မှာ တွေ့နေရသည်။
ဒါနဲ့ ပထမထပ်ကနေ ဒုတိယထပ်ကို တက်လာခဲ့လိုက်သည်။ ဒုတိယထပ်ရောက်တော့ "resting room"လို့ရေးထားတဲ့ အခန်းလေးထဲကို ဝင်သွားလိုက်သည်။ ဝင်ဝင်ချင်းမှာ make up artist တွေနဲ့ stylist တွေက မိန်းကလေး တစ်ယောက်ကို ပြင်ဆင်ပေးနေကြသည်။ ပြီးတော့လည်း
"အစ်မ မြင့်မြတ်တို့ကို သွားကြည့်သင့်တယ်ထင်တယ်နော်" လို့
make up artist က အလှပြင်ပေးနေရင်း ပြောလိုက်သည်။
"သီရိလည်း သွားတော့ သွားကြည့်ချင်ပါတယ် ဒါပေမယ့်လည်း မနက်ဖြန်ဆိုရင်ဖြင့် ခရီးသွားရတော့လေ။ ပြီးတော့လည်း လုပ်စရာလေး ရှိနေသေးလို့ပါ"
ဆိုပြီး ထိုင်ခုံမှာ ထိုင်နေတဲ့ အသက် ခပ်ငယ်ငယ် အရွယ်ကောင်မလေးက ပြန်ဖြေသည်။
"အော် သီရိကလည်းနော် အလုပ်ချည်းဘဲ၊ မြင့်မြတ်က သီရိကိုဆို ညီမလေးလို သဘောထားပြီး ဂရုစိုက်တာဘဲလေ"
အလှပြင်တဲ့သူက ထပ်ပြောပြန်သည်။ မြင့်မြတ်လည်း ဒီအတိုင်း နားထောင်နေလိုက်သည်။
"မာမီရယ် သီရိလည်း သိပါတယ်။ ဒါပေမယ့်လည်း အခြေအနေအရပါ"
"အင်းပါ မင်းသမီးရယ်"
"သီရိ နိုင်ငံခြားကို ကားရိုက်ပြီးပြန်လာရင်တော့ သွားကြည့်ပါမယ်"
"ဟုတ်ပါပြီတော် လှလှလေး ပြင်ပေးမယ်နော်"
မြင့်မြတ်အခန်းထဲကနေ ထွက်လာလိုက်သည်။ ဘာလို့လဲဆို သူတို့ ဘာတွေ ပြောနေလည်းဆိုတာ မြင့်မြတ် နားမလည်လို့ဘဲလေ။ ဒါနဲ့ဘဲ ဓာတ်လှေကားထဲဝင်တော့ အစ်မတစ်ယောက် ပါဆယ်ထုပ်ကို ကိုင်ထားလေသည်။ မြင့်မြတ်ကလည်း ဝိညဉ်ဖြစ်နေတာဆိုတော့ အဲ့အစ်မက မမြင်ဘူးလေ။
YOU ARE READING
If(အကယ်၍...)/{complete}
AdventureAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...