#Unicode#
ပတ်ဝန်းကျင်တစ်ခုလုံးတွင် သီချင်းသံများနှင့် ဆူညံနေကြသည်။ စတိတ်စင် အသီးအသီးတွင် oppo နဲ့ vivo အဝတ်အစားတွေနဲ့ ပြည့်နှက်နေကြလေသည်။ ထိုချိန်ဟာ အောင်နိုင်သူတို့ ဖုန်းဆိုင်ရဲ့ promotion ချတဲ့အချိန်လေ။
"ဟျောင့် အောင်နိုင်သူ စင်ပေါ်တက်ရတော့မှာနော်။ ဖုန်းကိုချလိုက်တော့" အောင်နိုင်သူအား သူငယ်ချင်းဖြစ်သူက လှမ်းပြီး သတိပေးတော့သည်။
"အေပါကွာ ...ငါကmessageလေး မျှော်နေတာကို" အောင်နိုင်သူ ဖုန်းကို ကြည့်နေရင်း ပြန်ဖြေလေသည်။
"လာလာ ဖုန်းချလိုက်တော့ စတော့မယ်"
"အေအေ" ဟုအောင်နိုင်သူပြောကာ ဖုန်းကို တစ်နေရာရာမှာ ထားလိုက်ပြီး စတိတ်စင်ပေါ် တက်သွားတော့သည်။
မြင့်မြတ်တစ်ယောက် companyကိုပြန်လာတဲ့လမ်းမှာ အောင်နိုင်သူကို လွမ်းနေလေ၏။
"ဟား ဒီနေ့ငါ စာချုပ်ချုပ်လာတာဘဲ။ အလုပ်ပြီးပြီဆိုတော့ အောင်နဲ့ တွေ့ချင်လိုက်တာ။ message ပို့လိုက်အုန်းမယ်" ဆိုကာ ဖုန်းကို ထုတ်လိုက်လေသည်။
"အောင် ညနေအိမ်ပြန်ရင် တွေ့ကြမယ်လေ။ စောင့်နေနော် ချစ်တယ် အာဘွား" ပို့လိုက်ပေမယ့် messageက ပြန်မလာခဲ့ဘူးလေ။ ထပ်စောင့်နေလိုက်သည်။ ဒါပေမယ့်လည်း message ပြန်မရောက်လာသေးဘူးလေ။ ထိုချိန် ကားရှေ့ခန်းမှာ ထိုင်နေတဲ့ မြင့်မြတ်ရဲ့ မန်နေဂျာ ဖြစ်သူက ဖုန်းကို မြင့်မြတ်ဆီ လှမ်းပေးပြီး ပြောလေသည်။
"ဟိုလေ မြင့်မြတ်၊ သူဌေးက မြင့်မြတ်နဲ့ ပြောချင်လို့တဲ့"
"အေ ဟုတ်ပြီ။ ဖုန်းပေးခဲ့"
အမှန်တော့ မြင့်မြတ် မပြောချင်ပါ။ ကိုယ့်သူငယ်ချင်းကို ဒီလိုလုပ်ထားတာ မြင့်မြတ် ရဲတိုင်ဖို့ ကြိုးစားနေပါသေးသည်။ ဒါပေမဲ့လည်း မြင့်မြတ် သူငယ်ချင်း အတွက်လို့ တွေးပြီး ရန်နိုင်နဲ့ ရင်ဆိုင်ရမယ်လေ။ ဒါနဲ့ဘဲ
"ဟယ်လို"
"မြင့်မြတ်သူလား"
"ဟုတ်တယ်လေ အကိုရန်နိုင်က ဘာလို့ဖုန်းဆက်တာလဲ"

YOU ARE READING
If(အကယ်၍...)/{complete}
AdventureAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...