#Unicode#
January.5. 2018
မြစိမ်း တစ်ယောက် အခန်းထဲမှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် လုပ်နေလေသည်။ မျက်နှာထားကလည်း တင်းမာလျက် ရှိနေသည်။ ဒါကို ထိုင်ခုံမှာ ထိုင်နေတဲ့ သူရက ၀င်ပြောလေသည်။
"မြစိမ်း ဇွတ်မလုပ်ပါနဲ့လား။ ကိုယ်စိတ်ပူတယ်"
"ဟာဒီကိစ္စက တော်တော်လွန်လာပြီ" မြစိမ်းအသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူရကို ပြန်ဖြေပေမယ့်လည်း လမ်းလျှောက်နေတာက မရပ်သေးပေ။
"ဘယ်သူ လုပ်တယ်ဆိုတာ သေသေချာချာ စုံစမ်းပြီးမှ" ဆိုပြီး သူရ ဆက်ပြောသည်။ ဒါပေမယ့် စကားပင် မဆုံးလိုက် မြစိမ်းရဲ့ အသံက သူရအသံကို လွှမ်းခြုံသွားတော့သည်။
"ဘာကို စုံစမ်းရမှာလဲ ကို။ ဘာမှ စုံစမ်းစရာ မလိုဘူး ဆိုတာ ကိုလည်းသိနေတာဘဲ"
"သိပါတယ်။ ဒါပေမယ့်လည်း သေချာပြီဆိုမှဘဲ "
"ကို မြ ထပ်ပြီး မစောင့်နိုင်ဘူး။ သူက သူဌေးဆိုပြီး မြင့်မြတ်ကို ဒီလိုတွေလုပ်ထားတာကို စဉ်းစားကြည့်အုန်း"
"မြရယ် နေပါအုန်း"
"မြကို မတားနဲ့ တားလို့ကတော့ ကိုနဲ့ပြတ်ပြီဘဲ" ဆိုပြီး ပြောကာ မြစိမ်းရောင် တစ်ယောက် နားနေခန်းကနေ ထွက်သွားတော့သည်။ ပြီးတော့ ရန်နိုင် ရှိတဲ့ အခန်းကိုသာ တန်းတန်းမတ်မတ် သွားနေလေသည်။ မြစိမ်းရောင် ရန်နိုင် အခန်းရှေ့ ရောက်တော့ ရပ်လိုက်သည်။
ပြီးမှ တံခါးကို အလောတကြီးနှင့် မြစိမ်းရောင် တွန်းဖွင့်ကာ ၀င်သွားတော့သည်။ မြစိမ်းရောင်ဝင်လာတာကို ရန်နိုင်က ထိုင်ခုံမှာ အေးအေးဆေးဆေး ထိုင်ပြီး ကြည့်နေတော့၏။
"ရှင်ဘာလုပ်တာလဲ။ သူဌေး ဆိုပြီးတော့ ပါဝါပြတာလား" ဆိုပြီး မြစိမ်းရောင် ခနဲ့တဲ့တဲ့ အော်ပြောလိုက်သည်။
"မြစိမ်းရောင် အလုပ်မှာ အထက်လူကြီးကို ဘယ်လိုတွေပြောနေတာလဲ" ရန်နိုင်မှ မျက်နှာကြော တင်းမာလျက်ဖြင့် ပြန်၍ ပြောလေသည်။
VOCÊ ESTÁ LENDO
If(အကယ်၍...)/{complete}
AventuraAccident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြီးတော့....ဝိညာဥ်ကို မြင်နေရတဲ့ ကောင်ကလေး....။ သူတို့သုံးဦးကြားက အရှုပ်တွေက ဘယ်လိုရှင်းသွားမှာလဲ...