တဖျောက်ဖျောက်နဲ့ ကျနေတဲ့မိုးရေပေါက်တွေကြားထဲ...လေဟုန်နဲ့ မိုးရှိုန်နဲ့တိုက်ခတ်နေတဲ့ လေတွေကြားထဲ...ကမ္ဘာလောကကြီးကို အရှုံးပေးဖို့ရန် ပြင်ဆင်နေသူက တံတားလေးတစ်ခုရဲ့ လက်ကိုင်ပေါ်မတ်တပ်ရပ်လျက်...။ ထိုလူသားမှာ မိုးရေထဲကကြည့်သည့်တိုင် သွယ်လှသည့် နှာတံ ပြေပြစ်သော ခန္ဓာကိုယ် အတန်အသင့်ရှိသော အရပ်နှင့်တကွ စိတ်အခြေအနေမကောင်းသာ့်တိုင် လုံးဝန်းတောက်ပသောမျက်ဝန်းအစုံတို့က ကြည်တောက်လျက်...။ ထိုလူသားဘာကြောင့်များ ယခုလိုပြုမူသနည်း ကျွန်တော်စဉ်းစားမရပါ...။ အနားသွား၍ပဲခေါ်ရမည်လား...မလုပ်သင့်မလုပ်ကောင်းသ်ာပင်မဟုတ် မကြံကောင်းပါသော မိမိကိုယ်ကိုယ်သတ်သေခြင်းလုပ်ရက်ကိုပဲ မလုပ်ပါနှင့်ဟု တားရမည်လား ကျွန်တော်မသိပါ...။ ဒီအချိန်ကျွန်တော်သွားတားလျှင်ရော သူလက်ခံပါ့မလား...။ အားးးးတွေဝေမနေတော့ပါဘူး ကယ်ကောင်းပါတယ်လေ...။"ဟို...ညီ ဘာလုပ်မလို့လဲ ဘာဖြစ်လို့လဲ....."
တကယ်တမ်းကယ်မည်လုပ်ပြန်တော့ ဘယ်ကစရမည်ကျွန်တော်မသိပါ ကျွန်တော့်ထက်ငယ်ဟန်ရှိနေသည်ကြေညင့်ပင် ညီ ဟာစကားစရသည်...လှည့်ကြည့်လာသော မျက်ဝန်းအစုံက လှသလောက် မိုးနှင့်ရောသောရေစက်တစ်ချို့ကလည်း စီးကျနေသယောင် နှုတ်ခမ်းတွေပြာလို့ ခိုက်ခိုက်တုန်နေသော ညီ့ပုံစံကို တကယ်ပင်မကြည့်ရက်ပါ ပုံမှန်အချိန်သာဆို ဖြူဖြူဖွေးဖွေးနှသ့် လူတကာချစ်ခင်ဖွယ်ရှိမည့် အသွင်အပြင်နှင့် ညီသာ် ဘာတွေများ ဒုက္ခများနေခဲ့ပါသလဲ ကျွန်တော်မသိပါ ကျွန်တော်သိသည်က ယခု.....ညီ့ကို ကယ်ရမည်...။
"ညီ..." ထပ်မံ၍ခေါ်မိသော်လည်း မလှုပ်မရှက်နှင့်ညီက ကျွန်တော့ကိုသာကြည့်လျက်
"အကိုခေါ်တာကြားလား ညီ အဲ့ပေါ်ကနေဆင်းခဲ့ပါနော် အကို့ကိုပြောပြ ညီဘာဖြစ်ချင်လဲဆိုတာ အကိုကူညီပါ့မယ်ကွာ နော် ဆင်းလာခဲ့ပါကွာ..."
ကြည့်နေတဲ့မျက်ဝန်းတွေက လှသလောက် တောက်သလောက် အသက်မရှိသည့်ဟန်ကတော့ အမှန်ပင် အတော်ဆိုးရွားသည့် ဒုက္ခကိုများ ရင်ဆိုင်ခဲ့ရပုံ
"မေ...မေ" ညီပြန်ပြောသည်က မေမေ တဲ့ နှုတ်ခမ်းဖျားလေးလှုပ်ရုံသာပြောသောညီသည် ပြာနေပြီဖြစ်သော နှုတ်မှထွက်လာမည့် စကားသံတို့ကို ကျွန်တော့အား မကြားစေချင်သယောင် ထားပါလေ...။

YOU ARE READING
These Three Days~ [Complete]
Non-FictionWe will meet again in other life, Mom💕 Thank You My Brother💕