⚠BECAUSE...⁉
အပြုံး.........လူတိုင်းပြုံးကြသည်မဟုတ်လား...။အပြုံးတစ်ခုဆီတိုင်းမှာ အဓိပ္ပါယ်တစ်ခုဆီ ရှိကောင်းရှိနိုင်ပါလိမ့်မယ်....။ကိုယ်ရဲ့အပြုံးကို ကိုယ်ကိုတိုင်သာ အမှန်ဆုံးအဓိပ္ပါယ်ဖွင့်နိုင်လိမ့်မည်...။အတူညီသော လူများ၏...မတူညီသောခံစားချက်တွေနောက်က...မတူညီသောအပြုံးများသည်လည်း...မတူညီသော အဓိပ္ပါယ်တွေဖြင့် ကွဲလွဲနေလိမ့်မည် မဟုတ်ပါလား..............။
••••••••••••••••••••••••••••••••••••••"ဟယ်...နှင်းဆီပန်းလေး...လှလိုက်တာ...ငါ့ကိုပေးဖို့လားငထက်....."
လမ်းကွေ့လေးတစ်နေရာတွင် ထက်ကောင်းယံ ပြန်အလာကို စောင့်နေသည်က လရောင်ခြယ် နှင့် ဘုန်းနေသော်....။ ထက်ကောင်းယံ လက်ထဲမှ နှင်းဆီပန်းအား...အရောင်လဲ့နေသော မျက်လုံးများဖြင့်ကြည့်ရင်း...စကားဆိုလာသူက လရောင်ခြယ်....။ လမ်းကြားလေး၏ အုတ်နံရံတွင် မှီလျှက် ခြေထောက်တစ်ဖက်အား နံရံတွင်မြှောက်ကပ်ထားရင်း...နားကြပ်တစ်ခုဖြင့် သီချင်းနားထောင်နေသော ဘုန်းနေသော် က သူ၏လက်တစ်ဖက်အား မြှောက်ပြရင်း...ထက်ကောင်းယံ အား နှုတ်ဆက်လိုက်သည်....။ နှင်းဆီပန်းဆီသို့ လှမ်းလာသော လရောင်ခြယ် ၏လက်အား ထက်ကောင်းယံ ပုတ်ချလိုက်ရင်း....
"နင့်ကိုငါက ဘာကိစ္စပေးရမှာလဲ..."
"သြော်......အဲဒါဆို နင်က ငဘုန်းကိုပေးဖို့ဝယ်လာတာမို့လား....အဟင်း...ငါသိပါတယ်...ငါသိပါတယ်...."
မဟုတ်မှလွဲရော...ဆိုတဲ့အကြည့်နဲ့ကြည့်ရင်း...လက်တစ်ဖက်က ခါးထောက်..တစ်ဖက်ကကျုပ်နားရွက်ကိုဆွဲကာ ပြောနေသော မိခြယ်အား..............
"ဟဲ့..ဖယ်စမ်းပါ...နင်ကလေ...ထင်ရာပြောဖို့ဆို နှစ်ယောက်မရှိဘူး...၊နင့်ဘိုးအေ ငဘုန်းက ဘယ်တုန်းက ပန်းကြိုက်ဖူးလို့လဲ...သိရဲ့သားနဲ့..."
"အဲဒါဆို ဘာလုပ်ဖို့လဲ...."
ကျုပ်ကို ခပ်ထေ့ထေ့ကြည့်ရင်း မေးနေသော သူမအား...ကျုပ်လဲ ဘာမှပြန်မဖြေပဲ...ငြိမ်နေတုန်း......
YOU ARE READING
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............