Part - 7

562 24 2
                                    

မေသစ်လွှာ ဖုန်းပြောဖို့ club အပြင်ကို ထွက်လာခဲ့သည်။ contact ကိုကြည့်ပြီး စိတ်ရှုပ်သွားပြီး ဖုန်းကိုင်လိုက်သည်။

မင်းခန့် - hello သစ်

မေသစ်လွှာ - ပြောလေ ( သစ် စကားကို ပြတ်ပြတ်ပြောလိုက်သည်။)

မင်းခန့် - ကိုကို့ ကို သစ် စိတ်ဆိုးနေတုန်းလား
အဲ့နေ့က ကိစ္စ အတွက် ကိုကို တကယ်တောင်းပန်ပါတယ်
အဲ့နေ့က စိတ်ရှုပ်နေတာနဲ့ သစ် ကို အော်လိုက်မိတာပါ

မေသစ်လွှာ - ရပါတယ် သစ်လဲ ဖုန်းပြန်ဆက်ဖို့မေ့သွားတာပါ

မင်းခန့် - သစ် မနက်ဖြန် ကိုယ့်အဖေ နဲ့အတူ အလုပ်ကိစ္စကြောင့် ကိုကို Singapore ကို အရေးတကြီးသွားရမှာ
မသွားခင်လေး သစ်လေး မျက်နှာကို ကြည့်ပြီးမှ သွားချင်လို့

မေသစ်လွှာ - သစ်က ခုအပြင်ရောက်နေတာ

မင်းခန့် - ဘာ သစ် ကိုကို ကို ဘယ်သွားမယ်မပြောသွားဘူး
ခုဘယ်မှာလဲ ကိုကို အခုလာခေါ်မယ်

မေသစ်လွှာ - ခု သစ်က club မှာ သူငယ်ချင်းတွေနဲ့ bd party လေး လိုက်လာတာ.
ကိုကို ခုတော့ လာမခေါ်ပါနဲ့ သူငယ်ချင်းတွေ ကို အားနာစရာကြီး
သစ် ပြန်ရောက်ရင် ဖုန်းပြန်ဆက်လိုက်မယ်နော်

မင်းခန့် - မရဘူး သစ် (ဒေါသအသံဖြင့်)
ကိုကို ခု လာခဲ့မယ် အခုဘယ်မှာလဲ

မေသစ်လွှာ - သစ် ဖုန်းချလိုက်တော့မယ် သူငယ်ချင်းတွေခေါ်နေလို့.

မေသစ်လွှာ မင်းခန့် ပြန်ဖြေတာကို မစောင့်ဘဲ ဖုန်းချလိုက်သည်။
မေသစ်လွှာ စိတ်ရှုပ်မှုများစွာနဲ့ club ထဲပြန်ဝင်လာခဲ့သည်။
စုလတ်တို့ သောက်စားပျော်ပါး နေသော ဝိုင်းကို မေသစ်လွှာ သွားပြီး ရှိုင်း ဘေးနားဝင်ထိုင်လိုက်သည်။ မေသစ်လွှာ စိတ်ရှုပ်နေသောလဲ သူငယ်ချင်း အတွဲ၏ ro ပြနေမှုကို မခံစားနိုင်ဘဲ

မေသစ်လွှာ - နင့်တို့ဟာ တော်ရုံဘဲ roလေ ဟာ
ခုမှ ချစ်သူဖြစ်ပေမဲ့ သစ် မျက်စိနောက်လာပြီ 😣😖

စုလတ်နဲ့ဝတ်ရည် ပူးကပ်ပြီး ချစ်ပြနေတာကို ကြည့်ပြီး မေသစ်လွှာ ပြောလိုက်သည်။

ဝတ်ရည် - သစ် ကလဲ ခုမှ ချစ်သူဖြစ်တုန်းလေးမို့ပါ
ငါတို့ကို မျက်စိနှောက်ရင် သစ် လဲ ro ပေါ့

ရူးသွပ်ခြင်း (Falling in love)Where stories live. Discover now