Meanတယောက် သူ့ကလေးဘာတွေများ
ကြုံနေရပြီလဲဆိုပြီး ကားကိုအမြန်မောင်းလာခဲ့တယ် သိပ်မကြာခင်ပဲ Planတို့အိမ်ကိုရောက်တယ် ကားဟွန်းတီးတော့ မကြီးထွက်လာပြီး ခြံတခါးလာဖွင့်ပေးတယ် Meanစိတ်ထဲ
နည်းနည်းတော့ထူးဆန်းသွားတယ်
Chamပြောတော့ မကြီးတို့ကိုပြောပြလိုက်ပြီဆိုပြီး အခုကျဘာမှမဖြစ်သလိုပဲMean---မကြီး N'Planရှိလားခင်ဗျ
P'Ohm---အင်း..ရှိတယ် အထဲလာခဲ့လေ
Meanလဲဇဝေဇဝါနဲ့အထဲကိုလာခဲ့တယ်
ဧည့်ခန်းထဲမှာ မလတ်နဲ့မလေးလဲထိုင်နေပါတယ် မကြီးကမလေးကို Planကိုသွားခေါ်ဖို့ ခိုင်းလိုက်ပြီး သူ့ကိုခုံမှာထိုင်ခိုင်းတယ်P'Ohm---N'Meanထိုင်လေ မကြီးတို့
စကားနည်းနည်းပြောရအောင်Mean---ဟုတ်ကဲ့ခင်ဗျ ပြောပါ
P'Ohm---မကြီးတို့ N'နဲ့မကြီးတို့မောင်လေးနဲ့
ချစ်သူဖြစ်နေတာကို သိပြီးသွားပါပြီ ရှေ့ဆက်ဘာတွေလုပ်ဖို့ရှိလဲသိချင်တယ်ဒီလောက်ဆို မကြီးတို့သိပြီးသွားပြီဆိုတာကို Meanသဘောပေါက် လိုက်တယ်
ခုလိုမေးလာပြီဆိုတော့ သူလဲတည်ငြိမ်စွာနဲ့ပဲ
သူတွေးထားသမျှတွေကို ပြောပြလိုက်တော့တယ်Mean---ဟုတ်ကဲ့ခင်ဗျ ကျွန်တော်တို့ချစ်သူတွေ
ဖြစ်နေကြပါပြီ ကျွန်တော့်မိဘတွေလဲသိပါတယ် ပြီးတော့ကျွန်တော်သူ့ကို တဘဝလုံးစာအတွက်
ရည်ရွယ်ပြီးချစ်တာပါ ကျွန်တော်သူ့ကိုအပြည့်အဝ
တာဝန်ယူနိုင်ပါတယ် သိပ်မကြာခင်မှာ
ကျွန်တော့်ကျောင်းကလဲပြီးတော့မှာပါ ကျောင်းပြီးရင်တော့ဖေဖေ့လုပ်ငန်းတွေကို
ဦးစီးလုပ်ကိုင်နိုင်ပြီဆိုတော့ N'ကိုမပူမပင်ထားနိုင်ပါပြီ
မကြီးတို့သဘောတူမယ်ဆိုရင်ကျွန်တော်ပြန်ရင်
တခါတည်း ခေါ်သွားချင်ပါတယ် ဟိုမှာပဲ
ကျွန်တော်တို့နှစ်ယောက် မင်္ဂလာဆောင်မယ်လို့
ရည်ရွယ်ထားပါတယ် ဒီမှာဆို N'ကိုမလိုသူတွေ
ပုတ်ခတ်ပြောမှာကို မလိုလားလို့ပါ
ဒါကကျွန်တော့်အတွေးကိုပြောပြတာပါ မကြီးတို့သဘောကရော ဘယ်လိုရှိပါသလဲခင်ဗျ လိုအပ်တာရှိရင်ပြောပါP'Ohm---အင်း..အခုလိုမကြီးမောင်လေးကို
တန်ဖိုးထား မြတ်နိုးပေးတာကျေးဇူးတင်ပါတယ် တခုတော့ပြောထားချင်တယ် Planလေးက အိမ်မှာအငယ်ဆုံးဖြစ်သလိုကလေးလိုပဲနေလာတာပါ
သူ့ဘဝမှာ ပင်ပန်းခက်ခဲတယ်ဆိုတာလဲမရှိတော့ မရင့်ကျက်ပါဘူး နောင်တချိန်ကျရင် မောင်လေးကအရမ်းကလေးဆန်ခဲ့မယ်
ဆိုးနေဦးမယ်ဆိုရင်တောင် မကြီးတို့မျက်နှာနဲ့ ငဲ့ညှာပေးပါကွယ်
ČTEŠ
💙💚ရိုမန့်တစ်သင်္ကြန်(ရိုမန့်တစ်သင်္ကြန်)💚💙(Completed)
RomanceMean 💙 X Plan 💚 ကိုယ်ချစ်သော2wishလေးကို သင်္ကြန်ဇာတ်လမ်းလေး တပုဒ်အဖြစ်ဖန်တီးကြည့်တာပါလို့ တခါမှFanficမရေးဖူးသလို ဒီသင်္ကြန်ဇာတ်လေးက ပထမဆုံးသောficတပုဒ်ပါ😊😊 ပထမဆုံးရေးသားခြင်းမို့ လိုအပ်ချက်များစွာ အဆင်မပြေမှုများစွာ ရှိနေနိုင်ပါသောကြောင့် သည်းခံပြီး...