" Hello Perth Tanapon ရဲ့အချစ်ဆုံးကောင်လေး နိုးသေးဘူးလား "
ဒီနေ့ကျောင်းပိတ်ရက်ကိုအစောကြီးဘာလို့ဖုန်းဆက်ရတာလဲ
" Perth ဘာလို့အစောကြီးဖုန်းဆက်တာလဲ "
" တိုက်ခန်းရှေ့ကဝရန်တာကိုထွက်ခဲ့လိုက် "
Saint လည်း Perth ပြောတဲ့အတိုင်းထွက်ကြည့်လိုက်တယ်
" Perth "
Perth ကဂစ်တာကြီးကိုလွယ်ပြီး သူ့ကိုအသံပုံစံလေးလုပ်ပြ
နေတယ်
" အဲ့ဒါဘာလုပ်နေတာလဲ "
" ကိုချစ်ကြောင်းပြတာလေ ပြန်ပြလေ Heart ပုံစံ "
Saint လည်းဝရန်တာကနေ အသဲပုံစံပြန်လုပ်ပြလိုက်တယ်
ပြီးတာနဲ့ Perth ဆီအမြန်အပေါ်ထပ်ကနေပြေးဆင်းလာခဲ့
တယ်
" ဖုန်းလည်းကြိုမဆက်ဘူး ဘယ်လိုရောက်လာတာလဲ "
Perth က Saint ပခုံးလေးကိုဖက်ထားလိုက်တယ်
" ဒီမှာစကားပြောလို့မကောင်းဘူး ကိုတို့ရဲ့နေရာလေးကို
သွားရအောင် "
Saint အိမ်နားကတောင်ကုန်းပေါ်ကကစားကွင်းလေးကလူအရာက်အပေါက်နည်းတယ် အဲ့နေရာလေးကအမြဲကျွန်တော်
တို့ရဲ့နေရာလေးဖြစ်ခဲ့တယ်
" ကဲ ပြောပါဦး ဘယ်လိုရောက်လာတာလဲ "
" Perth Tanapon ရဲ့အချစ်ဆုံးကောင်လေးအတွက် လက်
ဆောင်လာပေးတာ "
" လက်ဆောင်လား "
Perth ကသူလွယ်ထားတဲ့ ဂစ်တာအိတ်ကိုဖြည်ပြလိုက်တယ်
Saint နာမည်ထွင်းထားတဲ့ ကျွန်းသားဂစ်တာလေး
" လှလိုက်တာ ဒါက "
" မင်းအတွက်လေ ဒီနေ့ကကိုတို့တွဲတာတစ်လပြည့်နေ့လေ
မေ့နေတာလား "
Saint ပျော်လွန်းလို့မျက်ရည်ကျမတတ်ကိုဝမ်းသာရတယ်
" ဘာလို့ဒီလိုစျေးကြီးတာပေးတာလဲ ကျွန်တော် Perth ကို
ချစိခဲ့တာပကာသနကြောင့်မဟုတ်ဘူးလေ "
Perth က Saint နဖူးပြင်လေးကိုနမ်းလိုက်တယ်
" သိပါတယ် မင်းကဘယ်လောက်ဖြူစင်လဲဆိုတာကို ကို
ကလည်းကိုမြတ်နိုးတဲ့သူကို ပေးချင်လို့ပါ "
" ခဏလေး "
Saint ကသူအမြဲဆွဲထားတဲ့ ဆွဲကြိုးလေးကိုဖြုတ်လိုက်ပြီး
Perth လည်ပင်းမှာဆွဲပေးလိုက်တယ်
" ဘာလုပ်တာလဲ "
" Perth ကိုတစ်ခုခုပြန်ပေးချင်ပေမယ့် ကျွန်တော့်မှာ Perth ရဲ့အချစ်တွေပဲတန်ဖိုးကြီးကြီးပိုင်ဆိုင်ထားတာ ဒါလေးကတော့ ကျွန်တော့်အမေရဲ့အချစ်လေ အမေ့ကြိုးလေး ဒါကြောင့်
ကျွန်တော့်ကိုချစ်ပေးတဲ့သူကိုပေးချငိလို့ "
လွန်ခဲ့တဲ့ ရ နှစ်ကအချိန်ဆိုတာတကယ်ကိုပျော်စရာကောင်း
ခဲ့ပါတယ် အဲ့တုန်းကအချိန်တွေကိုဘယ်တော့မှပြန်ပြီးမစဉ်း
စားတော့ဘူးလို့ဆုံးဖြတ်ခဲ့ပေမယ့် Perth ကိုမထင်မှတ်ဘဲမြင်
လိုက်ရတာ အဲ့အချိန်တွေကခေါင်းထဲကိုရောက်လာခဲ့တယ်
ဒါပေမယိ့လည်း Perth ကငါ့ကိုကစားခဲ့တာ လှည့်ဖျားခဲ့တာ
ငါသူ့အတွက်မျက်ရည်တစ်စက်ကျဖို့တောင်မထိုက်တန်ဘူး
" Saint ကိုတို့ပြီးရင်လုပ်ငန်းကိစ္စဆွေးနွေးရဦးမှာဆိုတော့
ကို့ကိုစောင့်နေမလား ပြန်နှင့်ချင်လား "
" အကိုကဘယ်လိုလုပ်စေချင်လဲ "
" ကိုကမင်းစောင့်နေရမှာစိုးလို့ပါ ဘယ်လောက်ကြာမယ်
မသိဘူးလေ "
" အရင်ပြန်နှင့်မယ်လေ အဲ့ဒါဆို "
မင်္ဂလာပါ ........... တစ်ယောက်ယောက်ရဲ့နှုတ်ဆက်သံကြောင့်လှည့်ကြည့်လိုက်တော့ တစ်ဖက် Company ရဲ့ဥက္ကဌ
သူနဲ့အတူလျှောက်လာတာက Perth
Perth ကိုပြန်တွေ့ရမယ်လို့မထင်ထားဘူး အခုတော့နှစ်
ယောက်ထိပ်တိုက်တွေ့နေရတယ် ဒါပေမယ့် သူ့ပုံစံကအရမ်း
သွေးအေးလွန်းတယ် ငါ့ကိုရုတ်တရက်တွေ့လိုက်ရတာတောင်အံ့သြနေပုံမရဘူး Perth ကတကယ်မုန်းဖို့ကောင်းတယ်
" မင်္ဂလာပါ ဥက္ကဌ "
" သားနာမည်က Zee မလား ပွင့်ပွင်လင်းလင်း အန်တီပဲ
ခေါ်ပါ ဒါကအန်တီသားလေ Perth တဲ့ "
" ဟုတ်ကဲ့ ကျွန်တော်က Zee ပါ တွေ့ရတာဝမ်းသာပါတယ် "
Zee ကနှုတ်ဆက်ဖို့လက်ကမ်းလိုက်ပေမယ့် Perth ကသူ့လက်ကိုလည်းပြန်မကမ်းသလို စကားလည်းမပြောဘူး
Zee ကိုဒီတိုင်းပဲကြည့်နေခဲ့တယ်
" ဘာကိုနှုတ်ဆက်နေတာလဲ ငါတို့ကသိခဲ့ပြီးသားတွေပဲ
အခုမှစတွေ့ဖူးတာမဟုတ်ဘူးလေ "
Zee ကချက်ချင်းမျက်နှာပျက်သွားတယ်
" သားတို့ကသိနေပြီးသားလား သားကနိုင်ငံခြားမှာနေတာ
ရ နှစ်လောက်ရှိပါပြီ ကျောင်းတုန်းကအသိလား "
" ထားလိုက်ပါတော့ အမေ အထဲမှာအလုပ်ကိစ္စသွားပြော
ရအောင် "
Perth ကလုံးဝ Saint ကိုတစ်ချက်လှညိ့မကြည့်ခဲ့ဘူး
" Saint အိမ်ပြန်နှင့်နော် ပြီးမှဖုန်းဆက်လိုက်မယ် "
" ဟုတ်ကဲ့ အကို "
P Zee နဲ့ Perth ကအရင်ထဲကသိနေပြီးသားလား ငါလည်း
ဘာတွေလျှောက်တွေးနေပါလိမ့် ဒါငါနဲ့ဆိုင်တဲ့ကိစ္စမှမဟုတ်တာ
Zee ရဲ့အဖေနဲ့ Perth ရဲ့အမေတို့ကလုပ်ငန်းကိစ္စကိုသီးသန့်
ဆွေးနွေးကြတယ်
" ကျွန်မသားလေးက လုပ်ငန်းထဲဝင်လာတာမကြာသေး
တော့ ဥက္ကဌသားလောက်တော့ မရင့်ကျက်သေးဘူး "
" Zee ကလည်းအဲ့လောက်တော်တာမဟုတ်ပါဘူး "
" P Zee ကတော်ပါတယ် " Perth ကကြားဖြတ်စကားဝင်
ပြောလိုက်တယ်
" ဒါကြောင့် ကျွန်တော်စဉ်းစားမိတာကလေ ကျွန်တော်က
ရုပ်ရှင်အကြောင်းကိုသိပ်မသိတော့ ဥက္ကဌကြီးတို့ဘက်ကလူ
တော်တစ်ယောက်လောက်ကိုခဏလောက် ကျွန်တော့်အ
တွက်ပေးနိုင်မလား "
" Perth ပြောတာလည်းဟုတ်တာပဲ လုပ်ငန်းအတွေ့အကြုံ
ကိုသိနေတဲ့လူတစ်ယောက်လောက်ကို သေချာရှာပြီးလွှတ်ပေးလိုက်မယ်လေ "
" ကျွန်တော်တွေ့ထားတဲ့လူတော့ရှိပါတယ် ဥက္ကဌကြီး
P Zee ရဲ့အတွင်းရေးမှူးလေးက အဆင်ပြေမယ်ထင်တယ် "
" မဖြစ်ဘူး " Zee ကအတင်းငြင်းလိုက်တော့အားလုံးကသူ့
ကိုဝိုင်းကြည့်လိုက်ကြတယ်
" ဘာလို့ချက်ချင်းငြင်းရတာလဲ ကျွန်တော့်ကိုသင်ပြဖို့အရမ်း
တော်လွန်းတဲ့ အကို့ရဲ့ အတွင်းရေးမှူးကိုတောင်းတာလေ
မဖြစ်ဘူးလား "
Zee ရဲ့အဖေက ဟန်ဆောင်ပန်ဆောင်ရီပြလိုက်တယ်
" ပြေပါတယ် Perth သားကတစ်ယောက်ယောက်ကိုခဏ
အစားထိုးလို့ရပါတယ် Saint Suppapong ကိုပြောတာမလား
သူကအရမ်းတော်တယ် သားမှာအမြင်ရှိတာပဲ သန်ဘက်ခါဆိုတာနဲ့သူ့ကိုအလုပ်စဆငိးဖို့လွှတ်ပေးလိုက်မယ် "
Perth ရဲ့အကြည့်က Zee ဆီကမခွာခဲ့ဘူး
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "
Zee ကကားပါကင်ကိုထွက်လာခဲ့ပေမယ့် အနောက်ကနေ Perth ကလိုက်လာခဲ့တယ်
" နေဦး "
" ဘာကိစ္စလဲ "
Perth ကသူ့အနားကိုလျှောက်လာပြီး စိုက်ကြည့်ရင်းရွဲ့ပြုံးပြ
လိုက်တယ်
" လွန်ခဲ့တဲ့ ရ နှစ်တုန်းကစစ်ပွဲလို့မင်းပြောခဲ့တယ်မလား
မဟုတ်ဘူး စစ်ပွဲကအခုမှစမှာ Zee "
" မင်းပြောချင်တာကိုငါနားမလည်သလိုပဲ "
ဟားဟား........
" Perth မင်းဘာရီတာလဲ "
" ငါပြောချင်တာကို မင်းနားလည်မှာပါ နောကိမှတွေ့ကြ
တာပေါ့ "
Perth က Zee ကိုလက်ပြနှုတ်ဆက်ပြီး ကားမောင်းထွက်
သွားလိုက်တယ်
" Perth Tanapon မင်းကစစ်ပွဲဖြစ်ချင်တာလား ငါဘယ်
တော့မှအရှုံးခံမှာမဟုတ်ဘူး "
Part 2 ( the end )