part 55

107 10 0
                                    

Part 55

ကျွန်တော် မျက်လုံးတွေ မဖွင့်ပေထားပေမယ့် ကျွန်တော့်စိတ်ထဲမှာ အရမ်းကို နာကျင်လှတဲ့ ဝေဒနာတွေ ခံစားနေရတယ် ကျွန်တော့်အသက်ရှူသံတွေ တဖြေးဖြေး ကြပ်တည်းလာခဲ့တယ် အာရုံတွေထဲမှာလည်း နာကျင်ခြင်းရဲ့ ဝေဒနာတွေ ခေါင်းကိုက်တာတွေကို ကျွန်တော် အံတုနေပေမယ့် ကျွန်တော် အဲ့အရာတွေကို မတွန်းလှန်နိုင်ခဲ့ဘူး

Pan ဘာမှ မဖြစ်ဘူး နှလုံးရှော့ရနေလို့နေမှာ ဆရာဝန်တွေ လုပ်ပေးနေတာဘဲ နင်မြင်တဲ့အတိုင်းဘဲ

Sing ငါ ဘာလုပ်ရမလဲ သူ့ကို ပွေ့ခေါ်သွားပြီး အဝေးဆုံးကို ထွက်ပြေးသွားရမလား ငါ့မှာ မျှော်လင့်ချက်တွေရှိပါ့မလား မနေ့ကတည်းက နှလုံးတွေ ရှော့ရိုက်ပြီး နိုးနေတာ တစ်နာရီတစ်ခါလောက်ကို ဖြစ်နေတာ

Pan နင်စိတ်ကို ငါနားလည်ပါတယ် ဒါပေမယ့် နင် အဆိုးဆုံးကို တွေးထားရမယ်လေ ဒါမှ နင်သက်သာလာမှာ

Sing သူသာ တကယ်တစ်ခုခု ဖြစ်လာကြည့် ငါလက်ပိုက်ကြည့်နေမှာတော့မဟုတ်ဘူး

Doctor ဆရာပြောစရာရှိတယ်

Sing ဟုတ်

Doctor လူနာက စိတ်ချရတဲ့အခြေမှာတော့ မရှိဘူး အခုက စပြီးတော့ သတိထားကြည့်ပေးနေဖို့တော့လိုတယ် ခနတိုင်း တက်တာတို့ နှလုံးရပ်သွားတာတို့ကြ ဦးဏှောက်သွေးရောက်တာနည်းလို့ အခန့်မသင့်ရင် သွေးယိုစိပ့်ပြီး သေစေနိုင်တယ် အခုချိန်မှာ ခန္ဓာကိုယ်က အပူအအေးမျှတမှာ မဟုတ်ဘူး ကိုယ်တွေအရမ်းပူလာရင် ရေခဲဝတ်တင်ပေးရမယ် ဒါမှမဟုတ် ရေခဲပေါ်ထိ တင်ထားရလိမ့်မယ် တစ်ခုတော့ရှိတယ် ဒဏ်ရာကြောင့် အဖျားတက်တာလည်း ဖြစ်နိုင်သလို ရေနစ်ဖူးလား

Sing သိပ်မကြာသေးခင်က ဖြစ်ဖူးတယ်

Doctor ဒါကြောင့် ဖြစ်တာလည်းပါတယ် အခြေနေကတော့ မြင်တဲ့အတိုင်းဘဲ ခန္ဓာကိုယ်ကို တစ်ခြမ်းအမြဲစောင်းပေးထားပါ အသက်ရှူလမ်းကြောင်း  မပိတ်အောင်တို့

Sing ရေခဲက ဆောင်ထားရမှာလားဆရာ

Doctor မပြောတက်ဘူးဗျာ အရံသင့်ရှိနေတော့လည်း ကောင်းတာဘဲ

I need you, I love youWhere stories live. Discover now