နဒီ

2.6K 90 16
                                    

June 2018....

အမှောင် ... မှောင်သည်။
မှောင်သည်ဆိုတာ...
ဘယ်အရာကိုမျှမမြင်ရ ၊ မတွေ့ရတာ အမှောင်ပေါ့။
အမှောင်ဟာငြိမ်သက်နေသည် ။
အမှောင်ဟာအေးစက်နေသည်။
အမှောင်ဟာမွန်းကြပ်နေသည်။

ငြိမ်သက်လျှင်မှောင်တတ်သည် ။
အေးစက်လျှင်မှောင်တတ်သည်။
မွန်းကြပ်လျှင်မှောင်တတ်သည်။

အမှောင်နဲ့ဝေးမည့်နေရာရှာဖွေကြည့်ရင်း ပိုတိုးကာမှောင်လာသည်။
ဆိုနင့်မှုရဲ့ ထုထည်ကြီးမားခြင်းကြောင့် ၊
အမှောင်ထဲမှလွတ်မြောက်လိုစိတ်ဟာ
ပြင်းပြနေသည်။

'စိတ်' ။ စိတ်ဆိုတာ ဘာလဲ ။
စိတ်ကိုမသိဘဲ လွတ်မြောက်ချင်တယ်တဲ့လား ။
ဟားဟား... ရယ်စရာကောင်းလိုက်တာ ။
ရယ်စရာ ၊ ရယ်တယ်... ရယ်တာကဘာလဲ။
ဟာ... မသိတော့ဘူး ။
ဘာကိုမသိတာလဲ ၊ မသိတာကဘာလဲ ။

"အား...''

စူးစူးဝါးဝါးအော်သံနှင့်
အလင်းရောင်ကပြိုင်တူရောက်ရှိလာသည်။
လင်းပြီ ...အလင်းရောင်ရောက်လာပြီ ။
သို့ပေမဲ့... ငြိမ်သက်နေဆဲ ၊ အေးစက်နေဆဲ ၊
မွန်းကြပ်နေဆဲ ။

သူမသည် အိပ်ရာထဲမှအလျှင်အမြန်ကုန်းရုန်းထလိုက်သည်။ ဆံနွယ်ရှည်တချို့ဟာသူမမျက်နှာနှင့်ပုခုံးတို့ကို
လွှမ်းခြုံအုပ်သည်။ ချွေးသီးချွေးစက်တွေဟာ
သူမနဖူးစပ်မှနေ တစ်လိမ့်လိမ့်စီးကျနေသည်။
ပူးနွေးသောအရည်စီးကြောင်းများ ပါးပြင်ပေါ်သို့
သွယ်ဆင်းဖြတ်သန်းလေသည်။
လေကိုရှူသွင်းတွန်းထုတ်နေသောပုံစံသည်
ပင်ပန်းလိုက်သည်ဖြစ်ခြင်းပင် ။
သူမမျက်ဝန်းတွေဟာ ငြိမ်သက်နေသည် ။
သွေးစတချို့နှင့်နီထွေးသောနှုတ်ခမ်းပါးနှစ်လွှာက
ခပ်ပါးပါးပြုံးထားသည်။ မျက်ခွံများမို့ကာ ရဲရဲနီနီလေးဖြစ်နေ၏။ သူမထိုင်နေသည့်သင်ဖြူးဖျာကို လက်သည်းများဖြင့်ကုတ်ခြစ်နေရင်း ၊ ငြိမ်သက်သောမျက်ဝန်းများနှင့် ပျဉ်ချပ်နံရံပေါ်မှ ပိုစတာကို စူးစိုက်ကြည့်နေသည်။ သမုဒ္ဒရာရေပြင်ကျယ်ကို အပေါ်စီးမှမှတ်တမ်းတင်ထားသည့် ကောင်းကင်ဓာတ်ပုံပိုစတာ။ ပြာလွင်ပြန့်ပြူးတည်ငြိမ်သည့်ပိုစတာတစ်ချပ်က သူမအမြင်အာရုံကို ဆွဲချုပ်ထား၏။

အနက်ရှိုင်းဆုံး နဒီWhere stories live. Discover now