'ငါ့ရဲ့အသည်းတစ်ခြမ်းမင်းဆီချန်ပြီး
ဒီမြို့လေးရဲ့အဝေး ... အိုခေ ... ရပြီ''ဟဲ့ ... ဘာလုပ်တာလဲ'
' My Day တင်တာလေ ... ဘာလို့လဲ'
'ဟဲ့ အဲဒါနင့် Accountနဲ့နင် တင်ပါလားလို့
ဘာလို့ငါ့ Accountနဲ့လာတင်တာလဲ'စင့်ဖုန်းကို ယူပြီးခပ်တည်တည်နဲ့ My Day တင်နေတဲ့
သံသာ့ကို စင်မေးလိုက်သည်။ ဟုတ်တယ် ... သူ့ဖုန်းနဲ့
သူ့ Accountနဲ့သူကျမတင်ပဲနဲ့ ...'ဟဲ့ ဝေးလိုက်တာ ... ဒါရိုးရိုး My Day မဟုတ်ဘူး
ဈေးဗန်း ... ဈေးဗန်း''ဟင် ... ဘာဈေးဗန်းလဲ'
'နင့်မမနဲ့နင်မတွေ့တာဘယ်လောက်ကြာပြီလဲ'
'ဟိုတခါနင်နဲ့တွေ့ပြီးတည်းကပဲ အတိအကျသိချင်ရင်
ငါမှတ်ထားတာရှိတယ်''အဆက်အသွယ်ရောရှိလား'
'ဟင့်အင်း ... Christmasနဲ့ New Yearတုန်းက
Messgaeလေးပို့ဖြစ်တယ် ဒါပဲ ငါ့ My Dayတွေတော့
ဝင်ကြည့်တယ်''အေး ... အဲဒါပဲ ... ဒါနင့်မမမြင်အောင်တင်တာ
နင်နဲ့သူမတွေ့တာကြာပြီ ... အဆက်အသွယ်ကမရှိဘူး
သူနင့်ကိုသတိရနေရင် အခုငါတင်လိုက်တာမြင်ပြီး
တခုခုလာမေးလိမ့်မယ် မယုံရင်စောင့်ကြည့်လိုက်''သေချာလို့လား'
'ငါသံသာပါ ... မပိုင်ရင်ခြင်တောင်မရိုက်ဘူး
လိုင်းပိတ်ပြီးတစ်ရေးလောက်အိပ်လိုက်ဦး'သံသာဈေးဗန်းခင်းပေးတိုင်းအောင်မြင်တာက
ခပ်များများမို့ စင်,ယုံလိုက်ရတော့မလားမသိ ...
တကယ်တော့ စင် မ,ကိုအရမ်းလွမ်းနေတာပါ ...။
အကြောင်းမရှိအကြောင်းရှာသွားတွေ့ပြန်ရင်လည်း
မ, ရိပ်မိသွားမှာကြောက်တာမို့ ငြိမ်နေပေမယ့်
စင်နဲ့မတွေ့မယ့်ရက်တွေမှာ ဟိုလူနဲ့များတွေ့နေမလားဆိုပြီး
စဉ်းစားမိလိုက်တိုင်း စိုးရိမ်စိတ်တွေဖြစ်ရပြန်သည်။
မဆိုင်ပေမယ့် သဝန်တိုနေမိတယ်ဆိုရင် လွန်သွားမလား
မ,ရယ် ...။🍁🍁🍁
'ငါ့ရဲ့အသည်းတစ်ခြမ်းမင်းဆီချန်ပြီး ... ဒီမြို့လေးရဲ့အဝေး'
လင်းလက် မီးလေး Profileက အပြာဝိုင်းလေးမြင်လို့
ဝင်ကြည့်လိုက်တော့ အဝေးပြေးကားလမ်းပေါ်က
မြင်ကွင်းတချို့နဲ့အတူတင်ထားတဲ့စာသားလေး ...
ချက်ချင်းဆိုသလို ဘယ်များသွားတာလဲ ...
အိမ်ပြန်တာများလား ... ဘယ်သွားတာလဲ ...
ဘယ်သူနဲ့လဲ ... တစ်ယောက်တည်းပဲလား ဆိုတဲ့
မေးခွန်းတွေက လင်းလက်ခေါင်းထဲကို တန်းစီပြီး
ရောက်လာသည်။ အမှန်အတိုင်းပြောရရင် မတွေ့ရတာ
တော်တော်ကြာပြီမို့ လင်းလက် မီးလေးကို သတိရနေသည်။
Merry X' Mas Ma , Happy New Year Ma ဆိုတဲ့
စာတိုလေးတွေရောက်လာပြီးနောက်ပိုင်း အဆက်အသွယ်
ပြတ်သလိုကိုဖြစ်သွားတာ နှစ်ပတ်ကျော်ပြီဖြစ်သည်။
ဘာကြောင့်မှန်းမသိ မီးလေးနဲ့အဆက်အသွယ်မရှိတဲ့
ရက်တွေမှာ လင်းလက်စိတ်ထဲတစ်ခုခုလိုနေသလို
ခံစားရသည်။ သူကတော့ သတိတောင်ရရဲ့လားမသိပေမယ့်
လင်းလက်ကတော့ သတိမရတဲ့ရက်ဆိုတာ
မရှိသလောက် ...။