TYPE

3.2K 401 5
                                    

ကားထဲက သီချင်းသံကို အနည်းငယ်တိုးလိုက်ရင်း ကျွန်တော် သက်ပြင်းဖွဖွချလိုက်မိသည်။ အိမ်ပြန်ချိန်က ယခင်နေ့ရက်တို့ထက် သိသိသာသာနောက်ကျနေသည်
မို့ အိမ်ကိုအမြန်ပြန်ရောက်ချိန်ကိုသာ စိတ်ထဲကြီးစိုးနေ
စေ၏…။ ထို့အတွက်… သီချင်းသံ ခပ်တိုးတိုးသည်ပင်
ကျွန်တော့်အတွက် စိတ်မရှည်စရာအကြောင်းတရားကြီး
တစ်ခုလိုဖြစ်နေသည်။

ကားဟွန်းသံအကျယ်ကြီးတစ်ချက်ပေးကာ နံဘေးမှနေ
အကြမ်းပတမ်းကျော်တက်သွားသောကားတစ်စီးအား
အလိုမကျစွာ ဆဲရေးမိတော့မလိုဖြစ်ပြီးမှ စိတ်အလိုကို
လျှော့လိုက်ရသည်။ ကျွန်တော်…ဆဲလို့မဖြစ်…။

စိတ်မရှည်မှုကို အတင်းဆွဲဆန့်ပြီး မိနစ်နှစ်ဆယ်နောက်မှာပင်… ကျွန်တော့်အိမ်ရှိရာဆီ
သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ခဲ့သည်။
ထိုအခါမှ…ကျွန်တော့်အမောက တစ်ဝက်ပြေ၏…။

အလုံးစုံမပြေလျော့သေးသောအမောသည်…
အိမ်ထဲသို့ ခပ်သွက်သွက်လှမ်းဝင်သွားသောခြေလှမ်း
တို့၏နောက်တွင် ထပ်ကြပ်မကွာကပ်လျက်လိုက်ပါ
လာသည်… … …။

" ဆောရီး…ကိုယ် နောက်ကျသွားတယ်… "

အခန်းတံခါးတစ်ချပ်ကို တွန်းဖွင့်ဖွင့်ဝင်ဝင်ခြင်းမှာပင်
ကျွန်တော့်ပါးစပ်မှလည်း တောင်းပန်စကားတစ်ချို့
တစ်ပြိုင်နက်တည်း ခုန်ဆင်းကျသွားသည်။
လက်ထဲမှကိုင်လာသော ကျောပိုးအိတ်ကိုပင် နေရာ
တကျမထားနိုင်သေးသော ကျွန်တော့်ပုံစံသည်…
ဆတ်ခနဲလှည့်ကြည့်လာသော မျက်ဝန်းစူးစူးတစ်စုံ
အောက်တွင် တခဏတာ ငြိမ်သက်သွားရ၏…။

" ခဗျား! "

ကျွန်တော်မျှော်လင့်ထားသည့်အတိုင်းပင် ကျွန်တော့်ကို
မြင်မြင်ခြင်း အော်ထွက်လာသော ထိုကောင်လေး၏
ရန်လိုသံအခေါ်သည် ကျွန်တော့်၏အမောတွေအားလုံး
ကို ပြေလျော့ကျသွားစေတော့သည်… … …။

--- T Y P E ---

" ဘယ်PDက ဒီလောက်ညနက်တဲ့အထိနေလို့လဲ "

" ကိုယ် ထုတ်လွှင့်ချင်တဲ့ programအသစ်က
အဆင်မပြေတာတွေ နည်းနည်းရှိနေတာ…
စပွန်ဆာထည့်မယ့်ကုမ္ပဏီကလည်း သူတို့ကြေညာကို
မထည့်နိုင်တော့ဘူးလုပ်နေလို့ မနည်းပြန်ချိန်ယူနေရလို့
အိမ်ပြန်နောက်ကျသွားတာပါကွာ… "

You've reached the end of published parts.

⏰ Last updated: May 29, 2019 ⏰

Add this story to your Library to get notified about new parts!

--- T Y P E ---Where stories live. Discover now