Part 1

3.9K 137 0
                                    

Part 1

တီ...တီ

Sing အစည်းအဝေးလုပ်ရင်း
ဖုန်းလာတာကြောင့် ကိုင်လိုက်သည်

"ဒယ်ဒီဆရာမက သားလောက်တောင်မတက်ဘူး
အဲ့ဒါကြောင့် ဆရာမကို သားသား
ကုန်းကိုက်ပစ်လိုက်တယ် "

" ဟင်  သားသား အဲ့လိုမလုပ်ရဘူးလေ 
ခဏ ဒယ်ဒီပြန်လာခဲ့မယ်  "

Sing CEO Newကို ရယ်ပြလိုက်သည်။

" ဘာဖြစ်ပြန်ပြီလဲ မန်နေဂျာ  Sing. "

" ကျွန်တော့် အိမ်ပြန်မှ ဖြစ်မယ် CEO
သားလေးက အိမ်မှာ အရမ်းရစ်နေပြီ  "

" kirst ရှီတယ်မဟုတ်လား  "

" ကျွန်တော့် Babyက နောက်ကိုယ်ဝန်ရကတည်းက သားလေးကို မထိန်းတော့ဘူး  "

" မင်းနဲ့တော့ ခက်တာပဲ အစည်းအဝေးခန်းထဲ
ဖုန်းမပိတ်တာလည်းမင်း
Babyကြီးရစ်လို့ပြန်ရတာလည်းမင်း
Babyလေးစွာလို့ ပြန်ရတာလည်းမင်း
မနက်ဖြန် စာရင်းတွေကို နှစ်ဆသာလုပ်ဖို့
ပြင်ပေတော့ "

" ဟုတ်ကဲ့ CEO  "

Singto Pov;

ကျွန်တော့် နာမည် Singto ပါ စီးပွားရေးကျောင်းတက်ပါတယ် အဲ့ဒီကျောင်းမှာ kitနဲ့တွေ့ပြီး ချစ်ကြိုက်ခဲ့ပါတယ် kitမိဘတွေက အရမ်းချမ်းသာပါတယ် ကျောင်းပြီးတော့ ကျွန်တော့်နဲ့ kitယူတော့ kitမိဘတွေက kit ကို အမွေပျက်စွန့်လွှတ်လိုက်တယ် ကျွန်တော့်တို့ နှစ်ယောက် ကုမ္ပဏီမှာ အလုပ်လုပ်ရင်း အိမ်ငှားနေခဲ့ရတယ်  Kitက Omegaဖြစ်တော့ ကလေးမွေးနိုင်ခဲ့တယ် သားလေး Yorchကို မွေးပြီးတဲ့ အချိန်မှာပဲ kit မိဘက သားအချစ်
မြေးကို အနှစ်ဆိုတော့ ကျွန်တော့်တို့ကို အိမ်တစ်လုံး လက်ဖွဲ့ခဲ့တယ်။ kitက သားလေးကြောင့် ကုမ္ပဏီအလုပ်က ထွက်လိုက်တော့တယ်။ အိမ်မှာပဲ အိမ်မလုပ်လုပ်ခဲ့တယ် အခု သားလေးသုံးနှစ်ရှီသွားသလို kitရဲ့ ဒုတိယကိုယ့်ဝန်ကလည်း ငါးလရှီသွားပြီး သားကြီးတာဝန်လည်း ကျွန်တော့်ပဲလုပ်ရပြီး အိမ်အလုပ်ရော ကုမ္ပဏီ အလုပ်ရော ကျွန်တော့်ပဲ လုပ်ရသည် ဒီကြားထဲ Baby kitက အရမ်းရစ်ပါသည် ဒုတိယကိုယ့်ဝန်ကြောင့် ပြောပြီး ကျွန်တော့်ကို အဆမတန် ရစ်ပါသည်

" သားလေး ပါပါးရော  "

အိမ်ရောက်ရောက်ချင်း
သားလေးကိုပွေ့ ပြီး နမ်းလိုက်သည်

" ဒယ်ဒီချက်တဲ့ဟင်းမကောင်းလို့တဲ့
သားသားကိုပြောနေတာ
သားသားတောင် နားတောင် အူလာပြီ "

"ဟုတ်လား  "

   သားလေးကိုပွေ့ပြီး အခန်းထဲဝင်တော့ Baby kit ဖုန်းသုံးရင်း ကျွန်တော့်ကိုစိုက်ကြည့်နေသည်။

" ဘာလို့ အခုမှပြန်လာတာလဲ  "

" အလုပ်ဆင်းချိန်တောင်
မရောက်သေးဘူးလေ
ကိုယ့်ပြန်လာတာစောတာကိုး  "

" သားသားဖုန်းဆက်ကတည်းက
တန်းပြန်လာရမှာပေါ့. "

  သိပြီ သိပြီ တဖတ်လှည့်နဲ့သားကိုဆက်ခိုင်းခဲ့တာပဲ

" babyကလည်း အရမ်းရစ်တာပဲ  "

" ဟုတ်တယ် ပါပါးအရမ်းရစ်တာပဲ  "

" ဘာ?  ဒီသားဖ ငါကိုရစ်တယ်လို့
ပြောတယ်ပေါ့ ဒီမှာ ကိုယ့်ဝန်လွယ်ထားရတာနော်
ဘာလဲ ကိုကို ဒီကလေးကို ကျွန်တော့် မမွေးရဘူးလား ...Yorch ညီလေးညီမလေးမလိုချင်ဘူးလား  "

ရစ်တဲ့အပြင်ခြိမ်းခြောက်မှုပါ ပါလာသည်

" ပါပါး! "

သားလေးYorchက Baby Kit ပါးကို
သွားနမ်းသည်။

" အခုမှ လာမချွဲမနေနဲ့  ဘာလို့ ဆရာမကို
ကုန်းကိုက်တာလဲ  "

" ဆရာမက သားရတာကိုး အတင်းကျက်ခိုင်းနေတာ သားသားရတဲ့ ကဗျာပဲသင်ပြီး ဖုန်းနှိပ်နေတာကိုး "

" တွေ့လား ကိုကိုသားကို ဆရာမခေါ်ပါဆို
ဘယ်လို မနူးမနပ်လေးတွေ ခေါ်လာတာလဲ
ကောင်မလေးငယ်ငယ်လေးကို ခေါ်ပေးတာ
ကိုကို ငမ်းချင်လို့လား "

" ကိုယ့်က ကုမ္ပဏီသွားနေရတာလေ
ဘယ်လိုလုပ် ငမ်းမှာလဲ. "

ကျွန်တော့်  အဝတ်လျှော်ဖို့ အတွက် အဝတ်ခြင်းယူရင် Baby လေးရစ်တာကို  ပြန်ဖြေနေရသည် အလုပ်ကလည်းလုပ်ရင်း Baby. Kit ပွစီပွစီ လုပ်နေတာကိုး ခံနေရသည် သားလေးက နားအူးလာလို့ ဘေးအိမ်က သူငယ်ချင်းဆီ သွားဆော့မယ်ဆိုပြီး ပြေးသွားသည်

Baby အရစ်အိုးWhere stories live. Discover now