Part-20

464 37 9
                                    

⚠BECAUSE...⁉

ရန်သူ....ဆိုတဲ့သက်မှတ်ချက်က...၊ကိုယ့်ဘက်ပဲ သက်မှတ်နေမယ်ဆိုရင်တော့....ဒါဟာ ရန်သူလို့မဆိုနိုင်ပါ...၊ကိုယ့်ရဲ့မနာလိုစိတ်တစ်မျိုးသာဖြစ်လိမ့်မယ်....။နှစ်ဖက်စလုံးဟာ ရန်သူလို့ သတ်မှတ်ထားပေမဲ့...ကိုယ်ဘက်ကပဲ သူမသိအောင်တိုက်ခိုက်နေရင်...ဒါကို ချုံခိုတိုက်တယ်လို့ပြောမည်လား....၊သူရဲဘောကြောင်တယ်လို့...ဆိုမည်လား....။ကိုယ့်ရဲ့တိုက်ခိုက်မှုကို တစ်ဖက်လူ သိသွားပြီဆိုရင်တော့....တိုက်ပွဲအတွက်ကြိုပြင်ထားရလိမ့်မယ်...၊ကိုယ် ပုန်းခိုတိုက်ခိုက်နေတဲ့ချုံကို ထိုရန်သူက ကိုယ်မသိပဲသိမ်းပိုက်သွားခဲ့မည်ဆိုရင်...သင်အန္တရာယ်ကင်းနိုင်ပါဦးမလား........

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင်ထိုင်လျှက်.....laptopတစ်လုံးဖြင့် ဦးသူရိန်ခ တစ်ယောက်...အလုပ်ရှုပ်နေတုန်း.........

"ကိုကြီးရေ....ကိုကြီး..."

ခေါ်သံနှင့်အတူ...လင်းရောင်ခ လက်ကို ဆွဲပြီးဝင်လာသော နေမင်းခ အား လှည့်ကြည့်လိုက်ရင်း......

"သားကြီး မရှိဘူးကွ..ခုဏကမှ အပြင်ထွက်သွားတယ်....မင်းတို့ဘာဖြစ်လာတာလဲ..."

"သြော်...ဟို...ဘာမှမဖြစ်ပါဘူးဖေဖေ...ကိုကြီးကိုပြောစရာရှိလို့ပါ....သူဘယ်သွားမယ်လို့ပြောသွားလဲ....."

ဖေဖေက အလုပ်များတဲ့သူတစ်ယောက်လေ....၊သူ့ကိစ္စတွေနဲ့သူ စိတ်ရှုပ်နေရတာ...ကျုပ်က ဘယ်လိုလုပ်ဒီအကြောင်းတွေပြောထွက်မှာလဲ....၊အဲဒါကြောင့်...ကိုကြီးကိုပဲ ပြောပြဖို့ဆုံးဖြတ်လိုက်တယ်....၊ကိုကြီးနဲ့တိုင်ပင်ပြီး....ဟိုကောင့်အကြောင်းကိုစုံစမ်းရမယ်....။ငွေလိုချင်ယုံလောက်နဲ့တော့....သူဒီလောက်ထိ အချိန်ဆွဲနေမှာမဟုတ်ဘူး....။သူ့အကြောင်းသေချာစုံစမ်းပြီး....အပြန်ရှင်းသင့်ရင်ရှင်းရမယ်.....။ကျုပ်...ကိုကြီး ဘယ်သွားလဲလို့မေးလိုက်တော့...ဖေဖေမသိဘူးထင်ပါရဲ့....အန်ကယ်ကျော်က.......

"သားဟန်...သူ့ သူငယ်ချင်းတွေခေါ်လို့တဲ့...ဒီနားက bar ကိုသွားမယ်လိုတော့ ပြောသွားပါတယ်......"

⚠BECAUSE...⁉   {U+Z} (Completed)Donde viven las historias. Descúbrelo ahora