Part-21

449 31 11
                                    

⚠BECAUSE....⁉

စိတ်၏ခိုင်းစေရာအတိုင်း...တစ်သွေမသိမ်းလိုက်နာမိသောအခါ......အငြိုးတွေ...၊အမုန်းတွေ...၊နာကြည်းချက်တွေ...၊ပြင်းထန်တဲ့ခံစားချက်တွေနဲ့...အတ္တတွေကို ပိုင်ဆိုင်သွားတတ်ကြတယ်....။ထိုပိုင်ဆိုင်မှုတွေကို တစ်ချို့သောသူတွေက ပျော်မွေ့ကြတယ်...၊မစွန့်လွှတ်ချင်ကြဘူး....၊နောက်ဆုံး...ထိုပိုင်ဆိုင်မှုတွေက ကိုယ့်ကိုပြန်ပြီးဒုက္ခပေးတာတောင်...မစွန့်လွှတ်ပဲ...ထိုဒုက္ခတွေကိုသာခံယူလိုက်ကြတယ်.....။တစ်ချို့သောသူတွေကတော့....ကိုယ့်ကိုဒုက္ခပေးခြင်းခံရ၍ စွန့်လွှတ်လိုက်ကြတယ်....။တစ်ချို့ကတော့...အစထဲက ထိုပိုင်ဆိုင်မှုတွေကို လက်မခံပဲ...စိတ်ကိုထိန်းချုပ်နိုင်ကြတယ်.....။သို့သော်....ထိုသူတို့သည်လဲ....စိတ်ကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့....နှလုံးသားကိုမထိန်းချုပ်နိုင်...၊နှလုံးသားရဲ့အမှန်တစ်ကယ်ခံစားချက်တွေကို နားမလည်နိုင်ခဲ့သောအခါ....အတ္တတစ်ခုကို ပိုင်ဆိုင်ရလိမ့်ဦးမည်....။ထိုအရာက.....သူများကိုလဲ ဒုက္ခပေးမည့်အရာ.....၊ကိုယ်တိုင်လဲဒုက္ခခံရဦးမည့်....အချစ်စိတ်ရိုင်းရဲ့.......အမုန်းအတ္တသည်သာ...................။

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

နံနက်ခင်းနေရောင်လေးနဲ့အတူ...အပူရှိန်နည်းနေချိန်ဖြစ်သည့် နေ့တစ်နေ့၏အစပျိုးချိန်တစ်ခုမှာ...အလုပ်သို့လမ်းလျှောက်သွားရင်း....စဉ်းစားနေသူက....ထက်ကောင်းယံ......
ညကအဖြစ်အပျက်တို့ကိုပြန်တွေးမိ၍...ကျေနပ်သလိုတော့ ပြုံးနေသည်...။ လင်းရောင်ခ ၏ရှေ့တွင်ဖြစ်၍...ဟန်ဇင်ခ နှင့် ရန်ဖြစ်မပြပဲသာနေလိုက်ခြင်းသည်...။ ဘုန်းနေသော် အား...အိမ်သို့ခေါ်လာပြီး...သူအော်ခဲ့မိသည်ကိုတောင်းပန်ချင်သော်လည်း....တစ်ဖက်လူက မူးပြီးအိပ်ပျော်သွား၍ တောင်းပန်ချိန်မရလိုက်ပေ...။မနက်ရောက်တော့လဲ...သူအလုပ်သွားသည်အထိ ဘုန်းနေသော် အိပ်ယာမထသေး၍...မနှိုးတော့ပဲ အလုပ်ကိုသာ တန်းလာလိုက်ခြင်းဖြစ်သည်....။ညနေပြန်ရောက်တော့မှ ငဘုန်း ကို တောင်းပန်မည်ဟုတွေးရင်း....ခြေလှမ်းတို့က..သူ့ရဲ့ဆိုင်လေးဆီ သို့သာ လှမ်းခဲ့တော့သည်..................။

⚠BECAUSE...⁉   {U+Z} (Completed)Tempat cerita menjadi hidup. Temukan sekarang