ဟိုတယ်ရောက်တာနဲ့  သူနဲ့ သူမ ကို ဝန်ထမ်းတွေက တိတ်
တိတ်ခိုးကြည့်ကြသည်။ ဟိုဆော့ကတော့ ကိုယ်မဟုတ်တဲ့
ကိစ္စမို့ လို့ ဂရုတော့မစိုက်ပေ။ဟိုဆော့လည်း ဟိုတယ်တစ်ခုလုံးကို သေချာ လေ့လာကြည့်
ပြီး လိုအပ်သည်များကို ဝန်ထမ်းများကိုပြောပြကာ အလုပ်ကို
လုပ်နေသည်။' oppa'''
သူမအသံကြောင့် မေးဆတ်ပြတော့
''ညဘက်တောင်ရောက်တော့မယ် oppaရာယ် မနားသေး
ဘူးလား '''ဟိုဆော့လည်း ပြုံးရင်း
''ကိုယ်က မနက်ဖြန်ပြန်မှာမို့  ဒီနေ့ အပြီး လုပ်မှရမယ်လေ'''
မီယောင်းလည်း နုတ်ခမ်းတစ်ဖက် ကွေးညွှတ်ရင်း အပြင်
ထွက်သွားသည်။ဟိုတယ်မီးဖိုဆောင်ထဲတွင်
'''သူဌေးမ ဘာအလိုရှိလို့ ပါလည်း''
မီယောင်းလည်း ဘေးဘက်ဝဲယာတွေကိုကြည့်ရင်း
''''အပေါ်က သူဌေး အခန်းထဲကို ကော်ဖီ သွားပို့ ရင် ဒီဆေး
ခတ်လိုက်''လက်ထဲက အဖြူ ရောင်ဆေးလုံးများကို ထိုဝန်ထမ်း ကိုပေး
ပြီး'''ဘယ်သူ့ မှမသိစေနဲ့  အဓိက ဟိုဆော့မရိပ်မိစေနဲ့  ကြားလား မနက်ဖြန် ရာထုးတက်ဖို့  ပြင်ဆင်ထား '''
မီယောင်း အပြုံးလေးနဲ့ ထွက်လာကာ အကျေနပ်ကြီးကျေနပ်
လျက်ပင်။အလုပ်တွေကို တစ်နေ့ တည်းနှင့် ပြီးအောင်လုပ်ဖို့ မလွယ်
ပေ။ဟိုဆော့ တစ်ချက်နားထင်ကို နှိပ်ရင်း ဖုန်းဖွင့်ကာ စစ
ပေါ်လာတဲ့ ဓာတ်ပုံလေးကြောင့် သူုပြုံးမိပြန်သည်။'''ကလေး ရာယ် တစ်နေ့ တော့ ကိုယ့်မင်းကိုဘယ်လောက်
ချစ်ကြောင်းကို ကလေးသိပါလိမ့်မယ်'''ဟိုဆော့ ဖုန်းကိုတစ်ချက်အနမ်းချွေရင်း
'''ဒေါက် ဒေါက် ''
တံခါးခေါက်သံကြောင့်
''ဝင်ခဲ့ပါ''
'''သူဌေး အတွက် ကော်ဖီ ယူလာပေးတာပါ ''
ဟိုဆော့ တစ်ချက်ထိုဝန်ထမ်းကိုမော့ကြည့်ပြီးမှ
'''ထားခဲ့ လိုက်'''
'' သူဌေး သုံးဆောင်ကြည့်ပါ အဆင်မပြေရင် ပြောင်းဖျော်
ပေးမလို့ ပါ'''ဟိုဆော့လည်း ကော်ဖီ ကိုသောက်ကြည့်ပြီး
''အဆင်ပြေတယ် ဘာမှမလိုဘူး ''
ထိုအခါမှ ထိုဝန်ထမ်းလည်း ထွက်သွားသည်။ ဟိုဆော့လည်း
အလုပ်များကိုပြန်လည်လုပ်ကာ လက်ကျန်ကော်ဖီကို အကုန်
မော့သောက်လိုက်သည်။အချိန်တွေကုန်လာသည်နှင့် ဟိုဆော့အခန်းတံခါး ပွင့်သွားကာ
''oppa ကအိပ်နေတာပဲ အိပ်ထား အိပ်ထား မနက်ကျရင်
oppaက မီယောင်းအပိုင်ဖြစ်ပြီး ဟားးးးဟားး''မီယောင်းလည်း အိပ်ပျော်နေတဲ့ ဟိုဆော့ကို မနည်းချီကာကုတင်ပေါ်တင်ရင်း ဟိုဆော့ရဲ့ အကျီ င်္ကိုချွတ်ကာ ဘောင်းဘီကိုပါ ချွတ်ပစ်ပြီး သူပါ အကုန်ချွတ်ကာ ဟိုဆော့ရင်ခွင်ထဲ ဝင်
ကာ ဖုန်းကိုဖွင့်ပြီး''ဖေဖေ မနက်ကို ၆နာရီလောက်အရောက်လာခဲ့ပါ အလုပ်ကိစ္စလေးပြောချင်လို့  '''
မီယောင်း ဖုန်းကိုပိတ်ပြီး ဟိုဆော့ကိုဖက်အိပ်လိုက်သည်။
… ………………… …'''တောက်'''
တောက်ခေါက်သံနဲ့ အတူ
''ဂျောင်ဟိုဆော့ မီယောင်း ထကြဦး'''ဟိုဆော့လည်း အသံတွေဆူညံလာတာကြောင့်နိုးလာပြီး ထ
ကြည့်တော့ သူဌေးဆုန်း။''သူဌေးက ဘယ်လိုရောက်လာတာလည်း''
အိပ်ချင်မူန်ဝါး ထမေးရင်း ဘေးနားကအသံကြောင့် သူ့ လန့် သွားသည်
'ဖေဖေ'''
ဟိုဆော့ ကမီယောင်းကိုကြည့်ကာ
'''မင်းဘယ်လိုလုပ်ငါ့ကုတင်ပေါ်ရောက်နေရတာလည်း'''
သူအော်လိုက်တော့ မီယောင်းက တရူတ်ရူတ်ငိုကာ'''ဒီမှာ သူဌေူးဂျောင် ကျု ပ်သမီးက မိကောင်းဖခင်သားသမီးပါ
သူဌေးဂျောင် ဒီလိုတော့မပြောသင့်ဘူး ဒါကြောင့် ကျူ ပ်သမီး
ကိုသူဌေး တာ ဝန်ယူပါ လူကြီးလူကောင်းတစ်ယောက်ဆို
ဘာလုပ်သင့်သလည်း သူဌေးဂျောင် စဉ်းစားပါ'''သူဌေးဆုန်းက ပြောပြီး မီယောင်းကိုပါခေါ်ကာ ထွက်သွား
သည်။အခန်းထဲမှတော့ ဟိုဆော့ တစ်ယောက်တည်းသာ
ကျန်ခဲ့သည်။ ဆံပင်တွေဆွဲဖွကာ နံရံကို သာလက်သီးတွေထိုး
ရင်း ဟိုဆော့ငိုကြွေးနေမိသည်။