အချိန်က လွန်ခဲ့သော ၂၀၁၀ခုနှစ်ကပေါ့ မှတ်မိသေးသည်
နောင်နဲ့ မူဆုံတွေ့ ခဲ့တဲ့နေ့ ရက်လေးကို-----အရင်ဆုံးနောင်ကိုယ့်ကိုကိုယ်မိတ်ဆက်ပါရစေ
နောင့်နာမည်ကဖိုးမှုနောင်ပါ----
အသက်က၂၂ပေါ့ တက္ကသိုလ်ကျောင်းပီး၍ ချစ်ရတဲ့အမေနေတဲ့ကပ္ပလီရွာလေးကိုပြန်လာလည်သည့်အချိန်
နောင်ကငယ်ငယ်ကတည်းက အဖွားနှင့်နေများခဲ့သည်--
အဖေမရှိတော့တဲ့နောက်ပိုင်း အမေကနောက်အိမ်ထောင်ပြုခဲ့၍ နောင်တို့ တွေအမေနှင့်အနီးကပ်မနေခဲ့ရပါ
တက္ကသိုလ်ကျောင်းပီးသည့်အထိ အဖွားနှင့်ဦးလေးတို့ မိသားစုနှင့်နေခဲ့ရသည်---
အခုလှိုင်းဘွဲမြို့ လေးနားမှာရှိတဲ့ အမေနေတဲ့ကပ္ပလီရွာလေးကိုအလည်ပြန်လာနေခြင်းဖြစ်သည်---
အမေနားပြန်ရောက်တော့နွေးထွေးသည်
လွပ်လပ်မှုရှိသည်--
အဖွားနှင့်နေခဲ့တဲ့အချိန်တလျောက် အိမ်ထဲကနေအပြင်ကိုသိပ်မထွက်ရပါ---
သက်ကြီးရွယ်အိုနှင့်နေတဲ့လူတိုင်းသိကြမှာပါနော်
ခုခေတ်လက်သုံးစကားအရဆိုရင်ချုပ်ချယ်တာပေါ့နော်
နောင်ရွာပြန်ရောက်တော့အရမ်းပျော်ရွှင်ခဲ့သည်
လွတ်လပ်မှုရတာကို---
ရွာရောက်ရင်ဖုန်းဆက်ပါလို့ အဖွားမှာထား၍ ကြိုးဖုန်းရှိတဲ့အိမ်ကို
နောင်ဆိုင်ကယ်လေးနှင့်သွားနေခြင်းဖြစ်သည်--နောင်ဖုန်းရှိတဲ့အိမ်ကိုရောက်သည့်အချိန်တွင် အသက်အလတ်ပိုင်းရှိတဲ့မိန်းကလေးနှစ်ဦး ဖုန်းဆက်နေ၍နောင် ခဏ
ထိုင်စောင့်နေလိုက်သည်---သူတို့ နှစ်ယောက်ပုံကိုကြည့်ရတာဒီရွာကမဟုတ်မှန်းသိလိုက်သည်---
နောင့်အမေနေတဲ့ရွာလေးက ကရင်တိုင်ရင်းသားပေါင်းစုံနေထိုင်တဲ့ရွာလေးဖြစ်သည်--
ထိုမိန်းကလေးနှစ်ယောက်ကမြန်မာဘာသာစကားပြောဆိုနေကြ၍ နောင်ခွဲခြားနိုင်ခြင်းဖြစ်သည်----
YOU ARE READING
သက်ဆုံးတိုင်ထိရည်ရွယ်သည်
Romanceအရင်ဆုံး ဒီFicလေးကတကယ်အဖြစ်ပျက်လေးလို့ ပြောပါရစေ Ficထဲမှာသုံးမဲ့နာမည်တွေကလည်းအစစ်ပါပဲလို့  Naung Age 22 မာနအရမ်းကြီးပြီး စကားနည်းသူ ကိုယ်ခင်တွယ်သည့်သူငယ်ချင်းအပေါ်တွင်သာငပေါမကြီးလို့ ဆက်ဆံတတ်သူ ယောက်ျားဆန်၍ စိတ်ဓါတ်မာကျောသူဖြစ်သည် Mu Age 28 ကျောင်းဆရ...