အလင်းရောင်ကို ထိတွေ့ခဲ့ခြင်းမရှိသော
မျက်ဝန်းတစ်စုံက အလင်းရောင်စူးစူးကို
မြင်လိုက်ရချိန်မှာ မခံနိုင်သဖြင့်ပြန်ပိတ်လိုက်ရလေသည်..ဟာလာဟင်းလင်းနေသော အသိဥာဏ်က
ဘာကိုမှ မမှတ်မိသေးပေ........လေးလံနေသောခြေလက်တို့ကြောင့်
ခြေချောင်းလက်ချောင်းလေးတို့သာ လှုပ်နိုင်လေသည်.....တဖြည်းဖြည်းချင်း မျက်ဝန်းအစုံကို
ဖွင့်ကြည့်လိုက်တော့.....ဘေးနားကအရိပ်လေးတစ်ခုသေချာပြောပြရသော်ကျွန်တော်မြတ်နိုးစွာချစ်ခဲ့ရသူ...
သူ့ကိုတွေ့မြင်ချင်လွန်းရဲ့ အရမ်းကိုကြိုးစားခဲ့ဖူးသည်...
ကျွန်တော်မေ့မြောနေသည့်ကာလအတွင်း
တစ်ရက်ကလေးမှ မနားဘဲ အနားရှိနေကာ
တစ်ယောက်တည်းစကားတွေပြောနေသည့်သူ.......သူပြောနေတာတွေ ကြားနေရတဲ့ ကျွန်တော်
သူ့ကို ပိုပိုပြီးချစ်လာတယ်သူပင်ပန်းတာတွေကို
မမြင်ချင်တော့လို့သေမင်းနဲ့စစ်ခင်းရာကနေ
ကြိုးစားပြီးပြန်လာခဲ့ရတာ..........သူ့ကိုမှမမှတ်မိရင်ဘယ်သူ့ကိုမှတ်မိရပါ့မလဲ.......
"သူက Byun Baekhyun....
ပြောရရင်ကျွန်တော်ချစ်ရတဲ့သူ........."မှိုင်းညို့နေတဲ့ကောင်းကင်လိုဖြစ်နေတဲ့သူ့မျက်နှာပေါ်က
စိတ်အားငယ်မှုတွေကလေနှင်လိုက်လို့ လွင့်ပါသွားသကဲ့သို့
လွင့်ပျောက်သွားပြီး....အပြုံးလေးများဖြစ်ပေါ်လာသည်က
ဝေဒနာတွေကိုမပျောက်နိုင်ပေမဲ့ ခဏတာမေ့ထားနိုင်တဲ့
စွမ်းအင်တွေရှိနေခဲ့တယ်ဆိုတာ ဘယ်သူမှသိမည်မထင်ပေ"Chan.....မင်းငါ့ကိုမှတ်မိနေတယ်ပေါ့......"
"အင်း......မှတ်မိတာပေါ့....ဘေးနားကနေ ၃နှစ်လုံး
ပွစိပွစိစကားတွေ လာပြောနေတဲ့ မင်းကိုမှ
မမှတ်မိရင်ငါကဘယ်သူ့ကို မှတ်မိရမှာလဲ.......""ဟာ.....ဘာတွေပြောတာလဲ Chanyeol shi
Hyungကိုပြောပြစမ်းပါ.....""ဟာ Hyungနော်ဘာလို့လျှောက်မေးနေတာလဲ"
YOU ARE READING
အျဖဴေရာင္စည္း(အဖြူရောင်စည်း){completed}
FanfictionUnicode ကြည့်တော့သာ ကြိုးကမျှင်တယ်ထင်ရတာ အရမ်းခိုင်မာတာဘဲ