" အဝေးကြီးကိုမစဉ်းစားပါနဲ့ တစ်ခါတစ်လေ အနီးဆုံးက
သူကမင်းဘဝအတွက်အချစ်ဆုံးသူဖြစ်နေတတ်တယ် "
ရှာတွေ့သွားပါပြီ ကျွန်တော့်အတွက်တကယ်အချစ်စစ်ဆိုတာ
သူပါလား ..............
Saint ကစတိတ်ပေါ်ကိုယုံကြည်မှုရှိရှိတက်လာခဲ့တယ်
သီချင်းတစ်ပုဒ်ကိုတောင်မသီဆိုခဲ့တာ ရ နှစ်ကြာနေလို့ယုံ
ကြည်ချက်တွေပျောက်ဆုံးနေတဲ့သူက အခုတော့ယုံကြည်
ချက်တွေနဲ့ပြည့်နှက်နေပြီ ဘယ်အရာတွေကသူ့ကိုခွန်အား
ပေးခဲ့တာပါလိမ့်
" သေချာလေးရိုက်ကူးပေးပါ " Zee ကကင်မရာမန်းနား
မှာသွားရပ်ပြီး Saint အတွက်သေချာကြည့်ပေးလိုက်တယ်
Saint ကမိုက်စတန်းကို သူ့လက်တစ်ဖက်နဲ့စကိုင်လိုက်တယ်
Zee အတွက်ထိတ်လန့်စရာဖြစ်သွားရတဲ့မြင်ကွင်းတစ်ခုက
သူကိုယ်တိုင်ဝတ်ပေးခဲ့တဲ့ ဟန်းချိန်းလေးက Saint လက်ထဲ
မှာရှိ်မနေခဲ့ဘူး Saint အဲ့ဒါကိုဝတ်မထားခဲ့ဘူး
လွန်ခဲ့သော နာရီဝက်လောက်က Perth ရဲ့အနမ်းကိုရလိုက်
ပြီးထဲကအဲ့ဟန်းချိန်းကိုချွတ်ထားလိုက်တယ်
" ဘာလို့မဝတ်တာလဲ "
Saint က Perth ကိုပြုံးပြလိုက်တယ် အခုတော့သူ့ဆီကအရင်
တိုင်းအပြုံးလေးကိုပြန်တွေ့လိုက်ရပြီလေ
" ကျွန်တော်အသိတစ်ခုဝင်လာမိတယ် လက်မှာအလှဆင်
ဖို့တန်ဖိုးကြီးတယ်ဆိုတဲ့ဒီဟန်းချိန်းထက် လက်ကနာကျင်နေ
တဲ့ဒဏ်ရာပျောက်ကင်းဖို့ Perth လိမ်းပေးတဲ့ဆေးဘူးလေးက
ပိုတန်ဖိုးကြီးတယ် ဒီဟန်းချိန်းကတန်ဖိုးမဲ့သွားပြီလေ ဝတ်ထားစရာမလိုအပ်တော့ဘူး "
Zee ကသူ့လက်သီးကိုနှစ်ဖက်လုံးတင်းနေအောင်ဆုပ်ထား
လိုက်တယ်
" ဘာတွေဖြစ်လာဦးမှာလဲ Zee ဆိုတဲ့သူကသူလိုချင်တာ
ကိုမရရအောင်ယူမှာပဲ "
Zee ကို Ming အဆက်မပြတ်စောင့်ကြည့်နေတာမို့လို့ သူ့
စိတ်ထဲမှာတစ်ခုခုကိုအဖြေရှာနေတယ်ဆိုတာကြိုသိနိုင်တယ်
Saint ရဲ့အသံကဒီနေရာကလူတိုင်းကိုဆွဲဆောင်နိုင်တယ်
အားလုံးကသူ့ရဲ့အသံအေးအေးလေးနောက်ကို စီးမျောလိုက်
ပါကြတယ်
" အရမ်းတော်တယ် အကောင်းဆုံးလုပ်နိုင်တယ် ငါချစ်
တဲ့သူလေး "
စတိတ်နောက်ကနေသူ့ကိုကြည့်ပြီး ပီတိအပြုံးတွေဝေဖြာနေ
တဲ့ Perth ဆီကခွန်အားတွေများရနေသလား Saint တကယ်
ကိုအကောင်းဆုံးဖျော်ဖြေနိုင်ခဲ့တယ် သီချင်းပြီးသွားတာနဲ့
အားလုံးရဲ့လက်ခုပ်သံတွေက သူ့ကိုမျက်ရည်ကျလောက်
အောင်ကိုစိတ်လှုပ်ရှားစေတယ် ပျော်ရွှင်စေတယ် ဒီလိုအသက်ဝင်တဲ့ အပြုံးမျိုး ပျော်ရွှင်မှုမျိုးကိုပြန်ရလိမ့်မယ်လို့တစ်ခါမှ
မတွေးခဲ့ဖူးဘူး မိတ်ဆက်တာပြီးတာနဲ့ချက်ချင်းစတိတ်အောက်ကိုပြေးဆင်းလာခဲ့တယ်
" Perth ဘယ်ရောက်သွားတာလဲ "
စတိတ်နောက်ကနေရာတိုင်းမှာ Perth ကိုလိုက်ရှာခဲ့ပေမယ့်
မတွေ့ရဘူး
" သူဘယ်ရောက်သွားတာလဲ "
" Saint " Perth ကိုလိုက်ရှာရင်းပေါ်လာတဲ့အပြုံးတွေက
ဒီအသံကိုကြားလိုက်တာနဲ့ပျောက်ကွယ်သွားခဲ့တယ် မဝံ့မရဲ
နောက်ကိုလှည့်ကြည့်လိုက်မိတယ် Zee ကသူ့အနောက်မှာ
ရပ်နေခဲ့တာပဲ
" စကားပြောရအောင် "
Perth နဲ့ Ming ကအလုပ်အတွက်ဆွေးနွေးနေကြတာနဲ့ Saint ဆီကိုမလာနိုင်ကြဘူး သွားချင်ပေမယ့်လည်းသူ့အမေ
ကိုငြင်းဆန်ပြီးထွကိလာဖို့ကအဆင်မပြေဘူး
" ပြောစရာစကားမရှိပါဘူး " Saint ကရှောင်ထွက်သွားဖို့
ကြိုးစားပေမယ့် Zee ကသူ့လက်ကိုဖမ်းဆွဲထားလိုက်တယ်
" Saint အားလုံးဝိုင်းကြည့်နေတယ်နော် ကိုတို့စကား
ပြောရုံပါ စကားပြောပြီးတာနဲ့ မင်းသွားချင်တဲ့လမ်းကိုသွားခွင့်
ပေးပါ့မယ် "
Perth ကဖုန်းတွေတောက်လျှောက်ဆက်နေပေမယ့်လည်း
Saint ကမကိုင်ဘူး ဒါကြောင့် သူ Mes ပဲပို့လိုက်တယ်
" ဒီည ၉ နာရီ ကိုတို့ဆုံနေကြတိုက်ခန်းလေးကိုလာခဲ့နော် ကိုမင်းကိုစောင့်နေမယ် ကိုတို့နေရာလေးကိုမှတ်မိသေး
တယ်မလား "
Perth ဆီကဒီလိုအပြုံးမျိုးမမြင်ရတာဘယ်လောက်ကြာခဲ့ပြီ
လဲ အဲ့အတွကိသူ့အပြုံးတွေက Ming ကိုပါပြုံးနေစေတယ်
" ငါ့ကိုအဲ့လိုကြီး ကြည့်ပြီးပြုံးမနေနဲ့လေ ငါမနေတတ်
တော့ဘူး "
ဟားဟား ...... Ming ကမပြုံးပါနဲ့ဆိုတာကိုထရီလိုက်တော့သူမျက်နှာပိုပူသွားတယ်
" Ming "
" တိုးတိုး ငါ့နာမည်ကိုမခေါ်နဲ့လေ "
" အငိးပါ ငါ့အပျော်လွန်ပြီးမေ့သွားလို့ပါ ငါပြင်ခိုင်းထား
တာအားလုံးပြင်ပြီးပြီမလား "
" ဟုတ်ကဲ့ အားလုံးအဆင်သင့်ပါပဲ အကိုလေး "
Perth က Ming ရဲ့ခေါင်းလေးကိုပုတ်ပေးလိုက်တယ်
" တော်လိုက်တဲ့အတွင်းရေးမှူးလေး ဒါနဲ့ Saint ဘယ်
ရောက်သွားတာလဲ "
" မပြောတတ်ဘူး သူ့သူဌေးကိုလည်းမတွေ့မိဘူး ကြည့်
ရတာသူတို့အလုပ်အကြောင်းပြောနေမှာပေါ့ "
စာလည်းအခုထိ မပြန်သေး ဖုန်းလည်းမဆက်ဘူးဆိုတော့
Perth အရမ်းစိတ်ပူနေမိတယ်
" သူဘယ်တွေသွားနေပါလိမ့် "
တီ .......... Mes ဝင်သံကြားတာနဲ့အမြန်ဆုံးဖုန်းကိုထုတ်
ကြည့်လိုက်တယ်
" Mes ပြန်လာတယ် သူလာခဲ့ပါ့မယ်တဲ့ စောင့်နေပါတဲ့ "
" အင်း ပျော်နေတယ်မလား နငိပျော်နေတာငါလည်းမြင်
ချင်နေခဲ့တာ အခုမှမြင်ရတော့တယ် "
" ငါနောက်လည်းအခုလိုပဲပျော်နေတော့မှာပါ Saint က
ငါ့ဆီကိုပြန်ဝင်လာတော့မယ်လေ ငါသွားလိုက်ဦးမယ် အမြန်
ပြင်ဆင်ရဦးမယ် "
Perth ကရတနာဆိုင်တစ်ဆိုင်မှာ လက်စွပ်လေးတွေကိုရွေး
နေခဲ့တယ်
" ဒါလေးပြပါလား ယောကျာ်းလေးနဲ့လိုက်ဖက်မယ်ထင်
တယ် "
" ဟုတ်ကဲ့ ဒါကနောက်ဆုံးထွက်ထားတာပါ "
" ဟုတ်ကဲ့ ဒါလေးဆိုတော်မှာသေချာတယ် ဒါပေးပါ "
တိုက်ခန်းလေးက သူတို့ကိုအရမ်းလွမ်းနေမှာသေချာတယ်
Saint မရှိတဲ့အတောအတွင်း ဒီအခန်းလေးကိုမဖွင့်ဖြစ်ခဲ့ဘူး
Perth ကအခန်းထဲမှာပန်းတွေ ဝိုင်တွေ ကိတ်တွေနဲ့သေချာ
အလှဆင်နေတာ အချိန်ကိုတောင်မကြည့်မိဘူး ၉ နာရီထိုးဖိုု့
နာရီဝက်လောက်ပဲလိုတော့တာပါလား Saint ရောက်လာတော့မှာပဲ သူမှန်းတဲ့အတိုင်းပဲသိပ်မကြာပါဘူး
Saint ကတံခါး Password ကိုဖွင့်ပြီးဝင်လာခဲ့တယ် သူဝင်
လာတာနဲ့ Perth ကအခန်းထဲမှာဖယောင်းတိုင်မီးအလင်း
ရောင်လေးနဲ့ပဲ ပန်းစည်းကိုင်ပြီးဆီးကြိုနေခဲ့တယ် ကြမ်းပြင်
မှာလည်းသူ့အတွက်ပန်းခင်းလမ်းဖြစ်အောင် ပန်းတွေကိုခင်းချထားခဲ့တယ်
" Saint လျှောက်လာခဲ့လေ ကိုမင်းအတွက်ပန်းခင်းလမ်း
လေးလုပ်ထားတာ "
Saint ကဘာတစ်ခွန်းမှပြန်မပြောဘဲ Perth ရှေ့တည့်တည့်
ကိုဖြည်းဖြည်းချင်းလျှောက်လာခဲ့တယ် သူအရမ်းရင်ခုန်နေလို့
လား ဘာစကားမှမပြောသလို မျက်နှာအမူအရာကလည်းဘာခံစားချက်မှမမြင်နိုင်ဘူး Perth ကတော့ပြုံးပြီးကိုကြည့်နေခဲ့တယ် သူ့ရှေ့ရောက်လာတာနဲ့သူပိုက်ထားတဲ့နှင်းဆီအနီ
ပန်းစည်းကို Saint လက်ထဲပေးလိုက်တယ်
" ကြိုက်တယ်မလား "
" အင်း လှပါတယ် "
" Saint ကိုမင်းကိုချစ်တယ် ကိုတို့ပြန်ပြီးလက်တွဲရအောင်
ကိုမင်းနဲ့ထာဝရအတူနေချင်တယ် "
Saint ကသူ့ကိုပြုံးပြုံးလေးပဲ ပြန်ကြည့်လိုက်တယ် ဒါပေမယ့်
Saint ရဲ့အပြုံးတွေကအသက်မဝင်ဘူးလို့ ဘာလို့ခံစားနေရ
တာလဲ
" Saint ဒါလေးကိုကိုဝတ်ပေးမယ်နော် " Perth ကလက်
စွပ်လေးကိုဝတ်ပေးဖို့ Saint လက်လေးကိုကိုင်လိုက်ပေမယ့်
Saint လက်ထဲမှာ Zee ဆီကနေရထားတဲ့စေ့စပ်လက်စွပ်က
အခုထိဝတ်ထားဆဲပဲ
" Saint ဒီလက်စွပ်က "
အံ့သြမှင်သက်မိလို့ ပြောစရာစကားတောင်မရှိတော့ဘူး
" ဒီလက်စွပ်ကဘာဖြစ်နေလို့လဲ "
Saint ကသူ့လက်ထဲကပန်းစည်းကိုအောက်ပြစ်ချလိုက်တယ်
Saint ဘာတွေဖြစ်နေတာလဲ သူဘာတွေလုပ်နေတာလဲ
" ဒါကကျွန်တော့်ချစ်သူပေးထားတာပဲလေ အမြဲဝတ်
ထားရမှာပေါ့ မဟုတ်ဘူးလား Perth Tanapon "
" Saint မင်းဘာလုပ်နေတာလဲ ဒါမနောက်သင့်ဘူး "
" ကျေးဇူးတင်ပါတယ် စင်ပေါ်တင်ပေးခဲ့လို့ ဒါပေမယ့်
အဲ့ဒါ Perth ကိုအသုံးချခဲ့ပြီးလုပ်ယူခဲ့မိလို့တောင်းပန်ပါတယ်
Perth ပြောခဲ့သလိုပဲ စတိတ်ကိုပိုင်ဆိုင်ရပေမယ့် ရင်ထဲမှာ
P Zee အတွက်စိတ်မကောင်းလို့အမှန်ကိုလာဝန်ခံတာပါ သူ
ကသာကျွန်တော့်ချစ်သူပါ ဒါကြောင့် အသုံးချမိတာကိုခွင့်
လွှတ်ပေးဖို့လာပြောတာပါ ကျွန်တော်တို့ကဘာမှမသက်ဆိုင်
ဘူးလေ ကျွန်တော်က Zee ပိုင်တဲ့သူပါ "
Part 11 ( the end )
Part 12 ( Spoilers )
Saint : Perth နဲ့အလုပ်တွဲလုပ်ရမယ်ဆိုပေမယ့် ကျွန်တော့်
စိတ်ကဒီမှာရှိမနေပါဘူး
Perth : Ming ငါအရမ်းပင်ပန်းနေပြီ ငါစွန့်လွှတ်လိုက်ချင်ပြီ
အားလုံးကိုမေ့ထားလိုက်ချင်ပြီ
Zee : Saint ကိုမင်းကိုအရမ်းချစ်တယ် ကိုတို့တစ်ညတာကို
အတူဖြတ်သန်းရအောင်