One-Shot

925 116 22
                                    

"ကောင်းပါပြီး အေးကွာ နောက်လဲမကြာမကြာလာလည် လှည့်နော်သား....."

နှစ်ထပ်တိုက်ပုလေးထဲကနေလူကြီးတသိုက်ရဲ့ကြားက အသားအရေကရွှေလိုဝင်းနေပြီး ဆွဲဆောင်မှုရှိလှတဲ့အရပ်အမောင်းနဲ့ကောင်လေးတစ်ယောက်ဟာ အပြင်ကခြံထဲကိုစကားတပြောပြောနဲ့ထွက်လာကြလေသည်။

"သွားပြီးနော် မမ တို့ သားလေးကိုစောင့်ရှောက်ပေးကြပါဦးနော်....."

သူမရဲ့သားလို့ပဲ ပြုံးလိုက်ရင် ပါးချိုင့်ရေးရေးလေးထင်တက်တဲ့အမျိုးသမီးကလဲ အသားရည်ခပ်ဖြူဖြူနဲ့ အမျိုးသမီးကို တရင်းတနှီး မမ ဟု ခေါ်ကာနှုတ်ဆက်ရင်း သူမ သားလေးကိုလဲအပ်နေလေသည်။

"ကောင်းပါပြီး Hae Ineရယ် မမ တို့ စောင့်ရှောက်လိုက်မယ်နော်....."

"ဖြေးဖြေးသွားကြဦးနော်...."

"ဟုတ်ကဲ့ပါ...."

နှုတ်ဆက်ပြီး အိမ်ထဲဝင်သွားတဲ့လူကြီးတွေကိုတချက်လှည့်ကြည့်ကာမေမေ့တို့ဘက်ကိုပြန်လှည့်လာတော့.....

"သား တကယ်ပဲအဆောင်မှာနေချင်တာလား ဒီမှာနေလဲရပါတယ်ဆို ငယ်ငယ်တုန်းက မားမားOh မားမား Ohနဲ့ကပ်ချွဲခဲ့တာပဲဟာအခုမှမေ့နေပြီးလား...."

Kim Hae Ineတစ်ယောက် မိမိသားကျောင်းဆရာလေးက တာဝန်အရ ဒီနယ်မြို့လေးကိုရောက်သွားတာကြောင့် မိမိ ရဲ့ဆွေးမျိုးရင်းခြားလိုခင်ရတဲ့ Oh မိသားစုမှာ ထားချင်သော်လဲ သားဖြစ်သူက မနေပဲကျောင်းကအဆောင်မှပဲနေချင်သည်ဟုဆိုနေသောကြောင့် အခက်တွေ့ကာပြောနေရခြင်းဖြစ်သည်။

"မဟုတ်ပါဘူး မေမေရယ် သားတကယ်အဆောင်မှာအဆင်ပြေပါတယ် သားသူငယ်ချင်းတစ်ယောက်လဲပါတာပဲဟာ ဒီမှာက သပ်သပ်ဒုက္ခပေးသလိုကြီးမဖြစ်ချင်လို့ပါဆို လာပါ အဆောင်ပဲလိုက်ပို့ပေး မေမေတို့ အပြန်နောက်ကျနေမယ် ကားထဲဝင်တော့နော်....."

ကျွန်တော်လဲ ဇွတ်ပြောရင်းမေမေကို ကားထဲဝင်ခိုင်းလိုက်သလို ကျွန်တော်လဲကားထဲဝင်ရင်း အဆောင်ကိုသာပြန်ခဲ့ကြတော့သည်။
.
.
.
.
"ပြန်ရောက်ပါပြီး....."

ဧည့်သည်တွေပြန်သွားတာကြောင့် လ္ဘက်ရည်ခွက်တွေမုန့်တွေရှင်းနေတုန်း သားဖြစ်သူပြန်ရောက်လာတာကြောင့် Oh Yuyiလဲ အလုပ်တွေကို အဒေါ်ကြီးနဲ့လွဲကာ....

အချစ်ဆိုတာလျှိုဝှက်ချက်တစ်ခုပါWhere stories live. Discover now