Chapter 56

4.8K 603 11
                                    

Lao Ziက သခင်​မLuliကို သူ့အ​နောက်​မှာပုန်းကွယ်​ထားပြီး ရဲဝင့်​စွာကာကွယ်​​ပေး​နေသည်။ FeiFangက Luliနဲ့​ကျောချင်းကပ်ထား၏။ Chai Shilin  လက်​ချည်းသက်​သက်​နဲ့ ​အရှေ့သို့သတိကြီးစွာ ခြေလှမ်းလှမ်း​သည်။

" ငါ့ကို ​​သေဒဏ်​ချတဲ့သူကို မင်းတို့ပြန်​​မေးကြပါဦး။ ဘယ်​သူက တကယ့်​တရားခံလဲဆိုတာ။ "

Chai Shilin ရဲမက်​​တွေကို ​ဖြောင်းဖြ​နေတုန်းမှာပဲ ​တစ်ယောက်က Lao Ziတို့​ရှောင်​ထွက်​သွားတဲ့လမ်းဘက်​ကို ဓားနဲ့ရွယ်​ထားရာက​နေ Luliဘက်​ကို ဓားချိန်​ပစ်လိုက်သည်။ Lao Zi သူ့ညာဘက်​လက်​နဲ့ ဓားသွားကိုပုတ်​ထုတ်​လိုက်​သည်။

" ရိုင်းစိုင်းလိုက်​တဲ့ ​အောက်​တန်းစား​ကောင်​။ "

အ​ပြောခံလိုက်​ရတဲ့သူနဲ့Lao Ziတို့ အပြန်​အလှန်​ဓားနဲ့တိုက်​ခိုက်​​နေစဉ်​မှာ Luliနဲ့FeiFangတို့က ​အ​နောက်​ကိုဆုတ်​လိုက်​ကြသည်။

" ရှင်​မ အဲဒီမှာ​နေ​နေဦး။ ကိုယ်​လာခဲ့မယ်​။ "

Chai Shilin လှမ်း​အော်​လိုက်​ကာ သူ့အ​ရှေ့ကရဲမက်​​တွေကို ကိုယ်​နဲ့တွန်းထုတ်​လိုက်​သည်။ Luliတစ်​​ယောက်​တည်းကိုသာ သူ့အမြင်​မှာရှိ​နေ​တော့သည်။ Luliအနား​ရောက်​လာတာနဲ့ သူဆက်​တိုက်​မှာကြား​တော့သည်။

" ဒီမှာ ရှင်​မအခုချက်​ခြင်း FeiFangနဲ့အတူ Chaiအိမ်ေ​တာ်​ကိုသွားပြီး Shizuနဲ့အတူ ​ဝေးရာ​ပြေး​တော့။ ​နောက်​ပိုင်းကိစ္စ​တွေ ကိုယ်​ရှင်းလိုက်​မယ်​။ "
" ရှင်​တစ်​​ယောက်​တည်း အဆင်​​ပြေပါ့မလား။ "

Luliလက်​ဖဝါးကို Chai Shilin ဆုပ်​ကိုင်​လိုက်​ပြီးပါးပြင်​ကို လက်​နဲ့ပွတ်​သပ်​ကာ စက္ကန့်​ပိုင်း​မျှ ​​စိုက်​ကြည့်​လိုက်​သည်။ ထို့​နောက်​ Luliကို FeiFangဘက်တွန်းပို့လိုက်သည်။

" LeiMinနဲ့ဆုံမိရင်​ မင်းဆီလွှတ်​လိုက်​ပါ့မယ်​။ ကိုယ့်​အတွက်​စိတ်​မပူနဲ့။ ဟုတ်​ပြီလား Luli​လေး။ "

ဒီစကား​တွေကို ​မြင်းလှည်း​ပေါ်တက်​သွားပြီဖြစ်​တဲ့ Luli​တော့ မကြားနိုင်​​တော့။ ကပ်​သီး​လေးဖြစ်​တဲ့ အချိန်​နာရီဝက်​အတွင်းမှာပဲ နန်းမြို့ရိုးတံခါးပိတ်​လိုက်​ကြကာ Luliတို့ပါလာတဲ့ မြင်းလှည်းက​တော့ လွတ်​​မြောက်​သွားခဲ့သည်။

My Rude Husband ( Zawgyi and Unicode )Où les histoires vivent. Découvrez maintenant