Part 15

1.1K 162 9
                                    

Saint ကကုတင်ပေါ်မှာမှောက်လျက်လေး စာတစ်စောင်
ကိုရေးနေတုန်း Perth ကသူ့ဘေးမှာလှဲအိပ်လိုက်တယ်
" Saint ဘာတွေလုပ်နေတာလဲ "
ဟီးဟီး.........
" ဘာလို့အဲ့လိုရီနေတာလဲ "
" Perth အဲ့လိုလေးကပ်ချွဲတိုင်း ချစ်ဖို့ကောင်းလို့ "
ခုနကသူ့ကိုလှောင်ရီနေတယ်ထင်ပြီးဆူပုပ်သွားတဲ့မျက်နှာက
ချက်ချင်းပြန်ပြုံးဖြီးသွားတော့တာပဲ
" ဘာလဲ ကို့ကိုအသဲယားအောင်လာလုပ်နေတာလား "
Perth က Saint ကိုသူ့ခန္ဓာကိုယ်ပေါ်ရောက်အောင် ပခုံးကနေဆွဲလှည့်လိုက်တာ Saint ကသူ့ကိုယ်ပေါ်မှာမှောက်လျက်
သားလေးပဲ
" ဘာလုပ်တာလဲ "
" အသဲယားလို့လေ ဒီလိုလေးဖက်ထားချငိလို့ "
Perth အတင်းဖက်ထားလိုက်တော့ Saint ကလည်းသူ့ရင်
ခွင်ပေါ်မှာခေါင်းလေးတင်ပြီးမှေးစက်လိုက်တယ်
Perth ကသူ့ချစ်သူလေးရဲ့ခေါင်းလေးကိုတဖွဖွနဲ့ကိုနမ်းနေ
တော့တာပဲ
" ချစ်ဖို့ကောင်းလိုက်တာ ဒါနဲ့ ဘာတွေရေးနေတာလဲ "
" Perth ကိုပြစရာရှိတယ် "
Saint ကအမြန်ထလိုက်ပြီး သူရေးထားတာကို Perth ကိုပြ
လိုက်တယ်
" ပထမဆုံးအချစ်နဲ့တွေ့ခဲ့ချိန် ခဏတာလေးကပျော်ရွှင်
စေတယ် သူ့အကြည့်လေးကအေးမြစေတယ် သူ့အပြုံးလေး
ကတောက်ပလွန်းတယ် သူ့အနမ်းလေးကပျားရည်လိုချိုမြန်
တယ် ....... ဒါဘာတွေလဲ "
Saint က Perth လက်ထဲကစာအုပ်ကိုပြန်ယူလိုက်တယ်
" Perth ကတော့လေ ဒါသီချင်းအတွက်စာသားလေ "
" စာသား ကိုယ်တိုင်ရေးထားတာလား Wow ကို့ချစ်သူ
လေးကတော်လိုက်တာ "
ချီးကျူးတဲ့အနေနဲ့ Perth က Saint ခေါင်းလေးကိုပွတ်ပေး
လိုက်တယ်
" Saint စာသားလေးကချစ်ဖို့ကောင်းတယ် ကို့ကိုဆိုပြ
ပါလား "
" ဆိုပြချငိပေမယ့် စာသားတွေကမပြည့်စုံသေးဘူး "
" မရဘူးကွာ ပြီးသလောက်ထိဆိုပြ နော်လို့ နော် နော် "
Perth အဲ့လိုကပ်ချွဲလိုက်တိုင်း Saint ကရီနေမိတာပဲ
" အင်းပါ အင်းပါ ဆိုပြပါ့မယ် ကလေးလေးအတိုင်းပဲ
တစ်ခါတစ်လေကျရင် "
Saint ကဘေးကဂစ်တာကိုယူလိုက်ပြီး သူရေးထားတဲ့သီချင်း
လေးကိုဆိုုပြလိုက်တယ် သီချင်းဆိုရင်း Perth ကိုတစိမ့်စိမ့်
ကြည့် အပြုံးလေးတွေကိုယ်စီနဲ့ ........
အခု Perth ကျွန်တော့်အတွက်ထားပေးခဲ့တဲ့သီချင်းဆိုတာ အဲ့တုန်းကသူ့ကိုဆိုပြခဲ့တဲ့သီချင်းလေးပဲ သူ့ကိုတစ်ခေါက်ပဲဆို
ပြခဲ့ဖူးတယ် သူဘာလို့မှတ်မိနေတာလဲ သူမမှတ်ထားသင့်ဘူး
ဘာလို့မှတ်ထားရတာလဲ
" Perth "
အလောတကြီးသူ့ကိုလိုက်ရှာနေခဲ့တာ ကားပါကင်မှာပဲတွေ့
လိုက်ရတယ် Saint အသံကြားတာနဲ့ Perth ကပြန်လှည့်
လာခဲ့တယ် ဒါပေမယ့် သူ့ခြေလှမ်းကိုရှေ့တစ်လှမ်းတိုးတာနဲ့
Saint ကခြေတစ်လှမ်းကိုနောက်ဆုတ်တယ်
" မလာပါနဲ့ အဲ့မှာပဲနေပါ ကျွန်တော့်နားကိုမလာနဲ့ "
Saint စကားတစ်ခွန်းကသူ့အတွက်အမိန့်ပဲ သူအဲ့နေရာမှာပဲ
ရပ်နေခဲ့တယ် Saint ကသီချငိးနုတ်စာရွက်ကိုထောင်ပြီးကိုငထားလိုက်တယ်
" ဒါကဘာလဲ ဒီသီချင်းက ကျွန်တော်ရေးခဲ့တာ "
" တောင်းပန်ပါတယ် မင်းကိုမမေးဘဲပေးလိုက်မိလို့ "
" အဲ့ဒါကိုကြားချင်လို့လိုက်ရှာနေတာမဟုတ်ဘူး ဒါကို
တစ်ခေါက်ပဲဆိုပြခဲ့တာ ဘယ်လိုမှတ်မိနေတာလဲ "
Perth မျက်ဝန်းကနေစီးကျလာတဲ့မျက်ရည်တွေကိုသူချက်ချင်းမြင်လိုက်ရတယ်
" Perth က်ိုချစ်တယ် Perth နဲ့အတူနေချင်တယ် Perth ကိုအရမ်းကျေးဇူးတင်တယ် Perth ကျွန်တော့်ကိုမထားခဲ့ပါနဲ့
Perth မရှိရင်အသက်မရှင်နိုင်ဘူး "
Perth ဆီကထွက်လာတဲ့စကားသံတွေကြောင့် Saint မျက်
ရည်တွေလည်းချက်ချင်းကျလာခဲ့တယ်
" တော်တော့ "
ဒါပေမယ့် Perth ကဆက်ပြောနေတုန်းပဲ
" Perth နဲ့နေခွင့်ပေးတဲ့ Perth အချစ်ကိုရတဲ့ကျွန်တော်
ကကံအကောင်းဆုံးလူသားပဲ "
" တော်တော့ "
Saint ကထိုင်ချပြီးသူ့နားနှစ်ဖက်ကိုလက်နဲ့ဖိပိတ်ထားလိုက်
တယ် Saint ကြားနိုင်မကြားနိုင်မသိပေမယ့် Perth ကအဲ့နေ
ရာကနေတစ်ဖဝါးမှမခွာဘဲဆက်ပြောနေခဲ့တယ်
" Saint မငိးဆီကကျလာတဲ့စကားတစ်ခွန်းဆီတိုင်းက
ငါ့နားထဲ ငါ့ရင်ထဲသံမှိုရိုက်သွင်းထားသလိုပဲ စွဲမက်စေတယ်
7 နှစ်မကလို့ နှစ်ပေါင်း 700 ဆိုရင်တောင် မင်းစကားတွေကိုငါတစ်သက်မမေ့ဘူး ဘာလို့လဲသိလား ငါမင်းကိုချစ်တာထပ်
ပိုလို့ပါ "
Saint ပြောသမျှစကားတိုင်းကိုုကြားနေပေမယ့်လည်း သူ့နား
ကိုပိတ် မျက်လုံးကိုစုံမှိတ်ထားလိုက်တယ်
" မင်းငါပြောတာကိုကြားနေရဲ့သားနဲ့ ဟန်ဆောင်မနေပါနဲ့ ငါ့ဘက်ကိုတစ်ခါလောက်ပဲ တစ်ခါလေးပဲငဲ့ကြည့်ပေးပါ
ငါဘယ်လောက်နာကျင်နေခဲ့လဲသိလား မင်းစိတ်နဲ့ငါသေ
လောက်အောင်ရူးသွားနိုင်တယ် "
Saint ကမတ်တပ်ပြန်ရပ်ပြီး Perth ကိုသေချာစိုက်ကြည့်
လိုက်တယ် သူ့အောက်နှုတ်ခမ်းကိုပါတင်းတင်းဖိကိုက်ထား
လိုက်တယ်
" ကျွန်တော်ရော ဘယ်လောက်နာကျင်ခဲဲ့လဲသိရဲ့လား
ဘဝမှာအားကိုးရာတစ်ယောက်ပဲရှိခဲ့တာ အဲ့ဒါ Perth ပဲ ဒါပေ
မယ့် တစ်ခြားမိန်းကလေးကိုစေ့စပ်ဖို့ပြစ်ချခဲ့တယ် ကျွန်တော့်
ဘဝထဲကိုမဝင်လာခင်တုန်းက ကျွန်တော်သာမန်ဆင်းရဲသား
လေးအဖြစ်နေနိုင်ခဲ့တယ် ဒါပေမယ့် Perth ဝင်ရောက်လာပြီမှ
ထွက်သွားတဲ့ ဘဝကြီးကလူတကာရဲ့အနှိမ်ခံဖြစ်ခဲ့ရတယ်
အဲ့ဒါကရော သေမတတ်နာကျင်ရတယ်ဆိုတာသိရဲ့လား ဒါ
ကြောင့် အားလုံးကိုစွန့်ခွာပြီးဘဝအသစ်မှာပျော်နေတာ မှား
နေလို့လား "
Perth ကခေါင်းကိုခါပြလိုက်တယ်
" မှန်တယ် မင်းမမှားပါဘူး "
" ဒါဆို ကျွန်တော့်ကိုလက်လွှတ်လိုက်ပါတော့ ဘာလ်ိုု့
ခဏခဏအတိတ်ကိုပြန်တူးဆွနေတာလဲ "
" ကိုတူးဆွနေတာမဟုတ်ဘူး မင်းမှတ်မိနေတာပါ "
" မဟုတ်ဘူး Perth နဲ့ပတ်သတ်သမျှအားလုံး မေ့ပြစ်
လိုက်တာကြာခဲ့ပြီ အခုကျွန်တော့်လက်ထဲမှာရှိနေတဲ့သူကို
ပဲ ကျွန်တော်အမှတိရနေတော့မယ် "
" လိမ်နေတာ မင်းလိမ်နေတာ မင်းသာငါ့ကိုတကယ်
မေ့ပြစ်နိုင်ပြီဆိုရင် ဘာလို့ဒီသီချင်းလေးကိုမြင်လိုက်တာနဲ့ ငါ့
ကိုအပြေးလာရှာရတာလဲ မင်းမေ့ပြစ်ထားတာမဟုတ်ဘူး
မေ့ပြစ်ဖို့ကိုကြိုးစားနေတာ "
" တော်ပါတော့ ဆက်မပြောပါနဲ့တော့ ကျွန်တော်တို့
မှာဒီထက်ပိုပြီးပတ်သတ်စရာအကြောင်းမရှိတော့ဘူး "
Saint ကပြန်လှည့်ပြီးထွက်သွားဖို့ခြေသုံးလှမ်းစာလောက်
လှမ်းပြီးတာနဲ့ Perth ကသူကြားနိုင်လောက်အောင် လှမ်း
အော်လိုက်တယ်
" Saint ကောင်းပြီ မင်းနဲ့ငါဘာမှမသက်ဆိုင်သလိုနေ
ပေးမယ် ဒါပေမယ့် ငါနောက်ဆုံးပြောမယ့်စကားတစ်ခွန်းကို
မင်းနားထောင်ပေးပါ "
နောက်ဆုံးဆိုတဲ့စကားတစ်ခွန်းအတွက် Saint ကဒီတိုင်းရပ်
တန့်ပြီးနားထောင်နေခဲ့တယ်
" ကိုအရမ်းအထီးကျန်ခဲ့ရတယ် အချိန် ရ နှစ်လုံး ကို့အ
နားမှာဘယ်သူမှရှိမနေခဲ့ဘူး ဘာလို့လဲသိလား ကိုအချိန် ၅
နှစ်လောက်ကုတင်ပေါ်မှာအိပ်စက်နေခဲ့ရတယ် ကျန်ရှိနေတဲ့
အချိန် ၂ နှစ်ကပြန်လည်ထူထောင်နိုင်ဖို့ကြိုးစားခဲ့ရတယ် အား
လုံးပုံမှန်ဖြစ်လို့ပြန်လာတော့ မင်းကတစ်ခြားသူလက်ထဲရောက်နေခဲ့ပြီ "
Perth ဘာတွေပြောနေတာလဲ ၅ နှစ်လောက်အိပ်စက်နေခဲ့ရ
တယိဆိုတာသူဘာကိုဆိုလိုတာလဲ နှလုံးသားရဲ့စေခိုင်းမှု
ကြောင့် Perth ကိုပြန်လှည့်ကြည့်လိုက်မိတယ်
" မငိးသိလား ငါ့ကိုဘယ်အရာကနိုးထစေခဲ့လဲဆိုတာကို
မင်းပဲ Saint ဆိုတဲ့မင်းရဲ့အပြုံးတွေ အချစ်တွေကိုမြင်ယောင်
တိုင်းကို့ကိုယ်ကို ပြန်င်္ပြီးနိုးထနိုင်အောင်ကြိုးစားခဲ့တယ် "
" အခု ဘာတွေပြောနေတာလဲ ဘာတွေလဲ "
" ဘယ်နိုင်ငံခြားမှမသွားခဲ့ဘူး ဘယ်မိန်းကလေးနဲ့မှမ
စေ့စပ်ရသေးဘူး ဘာပညာမှလည်းမသင်ကြားခဲ့ရသေးဘူး
ကိုပြန်နိုးလာတဲ့အချိန်မှာ ကိုကအသက် ၁၆ ကနေ ၂၃ ပြောင်းလဲသွားပြီ "
" ဘာတွေဖြစ်ခဲ့တာလဲ အခုပြောနေတာတွေကိုနားမ
လည်နိုင်တော့ဘူး "
" ကားတိုက်မှုဖြစ်ခဲ့တယ် မင်းဆီကိုလာတဲ့လမ်းမှာ
ကားနဲ့အတိုက်ခံခဲ့ရတယ် "
Part 15 ( the end )

Love is ( complete)Where stories live. Discover now