January ရဲ့ အားလပ်ရက် တစ်ရက် ။
ဂျောင်ဆူး အိပ်ယာ ပေါ်မှာ စာအုပ်ဖတ်ရင်း သမ်းဝေ လိုက်သည်။
Chuseok Holiday ရတုန်း တစ်ချို့ member ဝင်တွေက အိမ်ပြန် တစ်ချို့က လျှောက်လည် ကြနဲ့ ဖြတ်သန်းနေလေတယ်။
ဂျောင်ဆူး တစ်ယောက်တော့ Dorm မှာပဲ ဖုန်းထဲကနေ ဇာတ်ကားတွေ ကြည့်လိုက် စာအုပ် ဖတ်လိုက် အိပ်လိုက် စားလိုက်နဲ့ နည်းနည်းပြည့်လာတယ်လို့ ကိုယ့်ကိုကိုယ်တောင် ခံစားလာရသလို...ချန်းယောလ် ဂျပန် သွားဖို့ လာခေါ်တုန်းက လိုက်သွားခဲ့ရမှာ.. ။ခုတော့ တစ်ယောက်တည်း ပျင်းနေပီ.. ။
' ဟိုကောင် ဂျုံးဒေ ဘယ်ရောက်နေလဲ မသိဘူး အပြင်သွားတာ ငါ့တောင် မပြော သွားဘူး
ဖုန်းဆက်ကြည့်ဦးမယ် 'ဂျောင်ဆူး ပွစိပွစိ ရေရွတ်ရင်း ဖုန်းခေါ်လိုက်သည်.. ။
...
.....
.......
.........
............' ဟဲလို '
' ဟျောင့် မင်း ဘယ်ရောက်နေတာလဲ '
ဖုန်း စ ဖြေဖြေချင်း အော်ထည့်လိုက်တာကြောင့် ဂျုံဒေးတစ်ယောက် နား အူသွားလေပီ ။ ဖုန်းကို နား နားက ခွာလိုက်ပီး ဆဲလိုက်ပီးမှ ပြန်ဖြေလိုက်တယ် ။
' ဖြည်းဖြည်းပြောတော့ နင့် မေ့ ဖြစ်လို့လား ငါ အပြင် သွားဖို့
အော် ခေါ်တုန်းကကျ မကြားချင်ယောင် ဆောင်နေပီးတော့
အဲ့မှာ တစ်ယောက်တည်း သေ နေ 'စိတ်တိုတိုနှင့် ပြောချပစ်လိုက်ပီ ။
ဟုတ်တယ် ။ သူ့ မှာ အဲ့ ပင်ကွင်း တစ်ကောင်တည်း အိမ်မှာ
နေရမှာ ပျင်းနေမှာ စိုးလို့ သူ့အခန်း ရှေ့ကနေ အော်ခေါ်ပီး
ပြောလိုက်ရတာ တစ်ချက်လေးမှ ပြန်မထူး reply မလာ ။
အထဲမှာ သေနေပီ မှတ်နေတာ ..။' အဲ့ တုန်းက ငါမှ မကြားလိုက်တာ ငါ ပျင်းနေပီ ငါ့
လာခေါ်ပေး '' ချီးပဲ ဟျောင့် ခေါ်တုန်းကကျ မလိုက်ဘဲနဲ့ ငါ လာမခေါ်နိုင်ဘူး အိမ်ပြန်ရောက်နေတာ ဒီလိုလုပ် မင်း ပျင်းနေရင် ဂျပန် လိုက်သွားမလား ငါ online ကနေ လေယာဉ် လက်မှတ် ဖြတ်လိုက်မယ် မင်း ဟိုရောက်ရင် ချန်းယောလ် ဆီ လှမ်းဆက်ပီး လာကြိုခိုင်းလိုက် '
YOU ARE READING
Chuseok Holiday Trip
Short Storyငါ ဘယ်လောက်ပဲ လစ်လျုရှုရှု ငါ့ကို အမြဲ နားလည်ပေးလို့ ကျေးဇူးပါ ချန်းယောလ်.. ။