Scary My Little Byun Baek Hyun 💓
အရွယ်တန်တန် Luggage တစ်ခုကိုလက်ကဆွဲ .. ကျောပိုးအိတ်နီရဲရဲ၏ ကြိုးတစ်ဖက်ကိုပါ လက်နှင့်ကိုင်ထားရင်း ထိုအဆောက်အဦးအား
Chanyeol မော့ကြည်နေမိသည် .......ဒါသူနေရမယ့်အဆောင်လား .....
သိပ်တော့မဆိုးလှ ... အဆောင်အပြင်ဘက်က ကြည့်တော့လည်း အဝါရင့်ရင့်သုတ်ဆေးလေးနဲ့ သစ်လွင်နေသလို အတွင်းပိုင်းပြင်ဆင်မှုတွေမှာလည်း သပ်ရပ်သေသပ်သည် .....လက်က သော့တွဲနံပါတ်လေးကို ငုံ့ကြည့်မိတော့
အခန်းနံပါတ် 11 ...
......................................................
° နှစ်ယောက်ခန်းတွေဆိုတော့ ကိုယ့်အခန်းဖော်နဲ့ကိုယ်သင့်မြတ်အောင်နေကြပေါ့ကွာ ..
ပြသနာဖြစ်ရင် အဆင်မပြေဘူးမလား .. °° ဟုတ်ကဲ့ .....
ကျွန်တော့် အခန်းဖော်က ? °° အင်း ... ခဏနေရင် ရောက်လာလိမ့်မယ် °
အဆောင်မှူးလိုက်ပို့ပေးသော အခန်းထဲရောက်တော့ ထင်ထားသလောက်မဟုတ်သော်လည်းသူ့ဟာနဲ့သူ သေသေသပ်သပ် ကျယ်ကျယ်ဝန်းဝန်းမို့ မျက်ခုံးတစ်ချက်ပင့်ကာ ပစ္စည်းများနေရာချထားရေးကိုပဲ လုပ်ဆောင်နေလိုက်၏ ....
ထိုအချိန်ထိ အရာအားလုံးအေးဆေးတည်ငြိမ်နေသလောက် မိနစ်ပိုင်းမျှကြာတော့ အနာဂါတ်အမှိုက်ထုပ်တစ်ထုပ်ရောက်ချလာတော့သည် ...
တစ်ခုထက်မကသော အထုတ်ကြီးငယ်အသွယ်သွယ်ကို မနိုင်တနိုင်ဆွဲရင်း လုံးတုံးတုံးနှင့် အခန်းထဲ ဝင်ချလာသော အကောင်ငယ်လေးကား အခန်းဖော်ဆိုသူမှလွဲမဖြစ်နိုင် ....
အဆောင်မှူးပါ ပါလာသည်မို့ မကောင်းတတ်သဖြင့် ထိုအကောင်လေး၏ အထုတ်တစ်ချို့အားကူဆွဲပေးရသေး .........
နှစ်ယောက်နေရမယ့်အခန်းကို သူ့မေမေလင်အိမ် မှတ်လို့များဒီလောက်ထိ အထုတ်အပိုးတသီတတန်းကြီး သယ်လာရသလား ....
စစတွေ့ခြင်းပင် မျက်လုံးထဲ Crose ဖြစ်ပြီ ...° Chanyeol နဲ့ Byun Baekhyun ... တည့်အောင်နေကြနော် ... ဆရာသွားပြီ °
° ဟုတ်ဆရာ ! ဖြေးဖြေးသွားပါ °
