ဝုန်း...... တိုက်ခန်းတံခါးကိုပိတ်လိုက်တဲ့အသံကကြောက်ဖို့တောင်ကောင်းတယ် အခုချိန်ကဘယ်သူမှလာတားလို့မရနိုင်တော့ဘူး Saint တောင်ကျွန်တော့်ကိုမတားနိုင်တော့ဘူး သူ့ကိုနမ်းနေရင်းနဲ့ပဲ ကုတင်နားကိုဆွဲခေါ်သွားလိုက်
တယ် ကုတင်ပေါ်ကိုချက်ချင်းကိုတွန်းချလိုက်တယ်
သူ့အပေါ်မှာတက်ဖိထားလိုက်တဲ့ကျွန်တော်ရဲ့ရင်ခုန်သံကို သူကြားနေရဲ့လား
" Saint ကိုတောင်းပန်ပါတယ် "
" ဘာကိုလဲ "
" ကို့မှာ အတွေ့အကြုံမရှိတော့မင်းနာမှာစိုးလို့ပါ "
Saint က Perth ရဲ့လည်တိုင်တွေကိုယှက်ပြီးဖက်ထားလိုက်
ပြီးတော့မှ သူ့ခေါင်းကိုကြွပြီး Perth နှုတ်ခမ်းတွေကိုနမ်းလိုက်
တယ်
" Perth ကအဲ့လိုပြောနေတော့ ကျွန်တော်ကရော အတွေ့အကြုံရှိတဲ့သူမို့လို့လား "
Perth ရဲ့မျက်လုံးတွေကမျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့
Saint ကိုသေချာကြည့်နေမိတယ်
" ဘာတွေပြောနေတာလဲ မင်းနဲ့ မင်းနဲ့ "
Zee နဲ့မင်း အတူနေခဲ့ပြီးပြီမလားဆိုတဲ့စကားကိုမေးချင်ခဲ့ပေ
မယ့်ပြောမထွက်ခဲ့ဘူး
" မဟုတ်ဘူး ကျွန်တော်ဘယ်သူနဲ့မှအတူမနေရသေး
ဘူး "
အဲ့လိုပြောလိုက်တဲ့အချိန်မှာ Perth ဆီကမြင်လိုက်ရတဲ့အပြုံး
ကတစ်လောကလုံးကိုအပိုင်ရလိုက်သလိုပါပဲလား သူဘယ်
လောက်တောင်ပျော်နေမိပါလိမ့်
" Perth တန်ဖိုးထားတဲ့အရာကို တန်ဖိုးထားပါတယ်
အရာအားလုံးကို Perth ကိုပဲပေးချင်ခဲ့တာပါ အမြဲ ထာဝရ
Perth နဲ့ပဲကုန်ဆုံးချင်ခဲ့တာပါ "
ရင်ထဲက စကားလုံးတွေကိုဖွင့်ချလိုက်တာနဲ့တစ်ပြိုင်နက်မျက်
ရည်တွေကစီးကျလာခဲ့တယ်
" ကျေးဇူးတင်ပါတယ် ဒါဆို ဘာလို့ကိုပြောတုန်းက
ဟုတ်တယ်လို့ပြောခဲ့တာလဲ "
" ကျွန်တော်မထိုက်တန်ဘူးလို့ပြောခဲ့တာက Perth ထားတဲ့အချစ်တွေက ကျွန်တော့်လိုမသိတတ်တဲ့သူအတွက်
မတန်ဘူးလို့ပြောတာပါ ဒါပေမယ့် Perth ဘက်ကစပြီးမေး
လိုက်တော့ တကယ်လို့သာ ကျွန်တော်ကမသန့်ရှင်းခဲ့ဘူးဆို
ရင် Perth ဘယ်လိုဖြေသိမ့်မလဲသိချင်လို့ပါ "
ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်စတွေကို Perth ကသူ့နှုတ်
ခမ်းလေးနဲ့လာထိတွေ့လိုက်တယ်
" နောက်ဆို မင်းဆီကမျက်ရည်တွေထပ်ကျတာမျိုး
မဖြစ်စေရဘူး ကိုကမင်းကိုပျော်ရွှင်အောင်ထားမယ် Saint
အခုကစပြီး မင်းကိုအချစ်တစ်စက်မှမလျော့ဘဲချစ်ပေးမယ် "
Saint ကအလှဆုံးအပြုံးတွေနဲ့အတူ Perth ကိုနမ်းရှိုက်လိုက်
တယ် ဒီညကကျွန်တော်တို့အတွက်မမေ့နိုင်တဲ့ညလေးတစ်
ညဖြစ်လာလိမ့်မယ်
" Zoey မလား "
အလုပ်ခွင်ထဲလမ်းလျှောက်လာရင်းနဲ့ အနောက်ကခေါ်သံ
ကြောင့် လှည့်ကြည့်လိုက်မိတယ် Zee ကသူ့အနားကိုလျှောက်လာခဲ့တယ်
" ဟုတ်ကဲ့ မင်္ဂလာပါ "
ဦးညွှတ်ပြီးအရိုအသေပေးလိုက်တာနဲ့ Zee ကသူ့လက်ထဲက
အအေးဘူးကိုကမ်းပေးလိုက်တယ်
" သောက်လိုက်ပါ အလုပ်မှာပင်ပန်းမှုကိုလျော့ကျစေ
တယ် "
" ကျေးဇူးတင်ပါတယ် "
" ဒီနေ့ အသံသွင်းမှာဘယ်အချိန်လဲ "
" နေ့လည် ၁ နာရီပါ ဒါဆို ကျွန်မကိုသွားခွင့်ပြုပါဦး "
Zee နားမှာအနေနီးလာတိုင်းကြောက်ရွ့ံစိတ်ကပေါ်ပေါ်လာလို့ အမြန်ပဲရှောင်ပြေးချင်နေမိတယ်
မနက်ရောင်ခြည်က မျက်နှာပေါ်ကျလာတော့မှ Perth လည်း
မျက်လုံးကိုမပွင့်တစ်ပွင့်ဖွင့်လိုက်တယ် ဘေးနားကိုကြည့်
လိုက်တော့မှ Saint ကိုမတွေ့ရဘူး
" Saint Saint "
Saint ကိုမတွေ့လိုက်ရတော့မှ အမြန်ထပြီးအိပ်ခန်းထဲက
ထွက်လာခဲ့တယ်
" Saint "
မီးဖိုချောင်ထဲမှာ Saint ကမနက်စာတွေချက်နေတာတွေ့တော့မှသက်ပြင်းချလိုက်မိတယ်
" Perth နိုးလာပြီလား "
" မင်းဘာတွေလုပ်နေတာလဲ "
" Perth အတွက်မနက်စာပြင်နေတာလေ အလုပ်မသွား
ခင်စားရအောင်လို့ "
Perth က Saint အနားကိုလာပြီးအနောက်ကနေခါးလေးကို
ဖက်ပြီး ကျောပြင်လေးကိုမှီထားလိုက်တယ်
" Perth ဘာဖြစ်လို့လဲ "
" အရမ်းလန့်သွားမိတယ် မင်းကိုဘေးမှာမတွေ့လိုက်ရ
တော့အရမ်းလန့်သွားတာ "
Saint ကပြုံးနေလိုက်မိတယ် Perth ကိုရင့်ကျက်လာပြီထင်
တာ အခုထိကလေးဆန်နေတုန်းပဲကို
" ဘာလို့လဲ ကျွန်တော်ကကလေးမှမဟုတ်တာ ပြီးတော့
Perth ကိုမပြောဘဲဘယ်မှမသွားပါဘူးဆို "
" အိမ်မက်ဖြစ်နေမှာစိုးလို့ မနေ့ညကအဖြစ်အပျက်တွေကအိမ်မက်ဖြစ်နေပြီး မင်းအနားမှာမရှိတော့မှာစိုးတာ ကိုအ
ရမ်းလန့်သွားမိတယ် "
Saint ကသက်ပြင်းချပြီး ခန္ဓာကိုယ်ကို Perth ဘက်လှည့်
လိုက်တယ်
" Perth အဲ့လိုအတွေးတွေကိုခေါင်းထဲမထည့်ထားပါနဲ့
တော့နော် ကျွန်တော်တို့ထာဝရအတူရှိနေမှာလို့ကတိပေး
ထားတယ်လေနော် "
တစ်ယောက်ကိုတစ်ယောက် အနွေးထွေးဆုံးအပြုံးတွေနဲ့ဖက်
ထားလိုက်တယ်
" Saint ရောက်လာပြီလား "
" ဟုတ်ကဲ့ "
" အော် Perth လည်းလိုက်လာတာလား "
" ဟုတ်တယ် အကို ကျွန်တော့်သီချင်းကိုဆိုတာလာနား
ထောင်ကြည့်တာ "
Saint စတူဒီယိုထဲမဝင်ခင် Perth ကိုပြုံးပြလိုက်သေးတယ်
Saint နားကိုနားကြပ်လေးတပ်လိုက်တော့ Perth ပြုံးလိုက်
တဲ့အပြုံးက အရမ်းကျေနပ်စရာကောင်းလွန်းတယ်
လုပ်ပေးနိုင်ခဲ့ပြီ သူအဖြစ်ချင်ဆုံးဆန္ဒကိုဖြည့်ပေးနိုင်ခဲ့ပြီ
သူဆိုချင်တဲ့သီချငိးတွေကိုဆိုနိုင်အောင်လုပ်ပေးနိုင်ခဲ့ပြီ
ကျွန်တော့်ကောင်လေးက သီချင်းဆိုနေတဲ့အချိန်ဆိုအရမ်းကို
ဆွဲဆောငိဖမ်းစားနိုင်လွန်းတယ် အထူးသဖြင့် ကျွန်တော်ပေါ်
ပြုစားနိုင်လွန်းတယ် အဲ့လောက်တောင်ချစ်စရာကောင်းတဲ့
ကောင်လေးပါ Saint အိမ်မက်တွေကကျွန်တော့်လက်ပေါ်မှာ
ဖြစ်တည်လာတဲ့အတွက် အခုချိန်မှာအပျော်ရွှင်ဆုံးကကျွန်
တော်ပဲဖြစ်နေလိမ့်မယ်
" အကို အဆင်ပြေရဲ့လား "
" အရမ်းအဆင်ပြေတယ် "
" ဒါနဲ့ ခုနက Perth ဖုန်းပြောပြီးထွက်သွားတာတွေ့
တယ် သူဘယ်သွားတာလဲ "
အဝတ်လဲခန်းထဲမှာ Zee က Perth ကိုစောင့်နေခဲ့တယ်
" ငါနဲ့တွေ့ချင်တာ ဘာကိစ္စလဲ "
Zee က Perth t shirt ကော်လံကိုဆွဲပြီးနံရံဖက်ပြေးတွန်း
လိုက်တယ်
" မင်း အခု ဘာလုပ်တာလဲ "
" ထိပ်တိုက်ရှင်းရအောင် Ming သူဘယ်လိုသေသွား
ခဲ့တာလဲ ပြောလေ သူဘာလို့သေသွားတာလဲလို့ "
" မင်းကြောင့်လေ မင်းကြောင့်ပဲသူသေသွားတာ "
" ဘာ ငါ့ကြောင့်မဟုတ်ဘူး မင်းကြောင့်ပဲ မင်းကိုသူချစ်
လို့သေသွားခဲ့ရတာ အဲ့ညကမင်းဆီကိုသူသာမသွားခဲ့ရင်သူ
သေဆုံးမှာမဟုတ်ဘူး "
Zee က Perth ကိုကြောက်စရာကောင်းလွန်းတဲ့အကြည့်နဲ့ကို
ကြည့်ပြီး အော်ပြောလိုက်တယ်
" Perth ဖုန်းလည်းမကိုင်ဘူး ဘယ်ရောက်သွားတာလဲ "
Saint က Perth ကိုနေရာအနှံ့လိုက်ရှာနေခဲ့တယ် အဝတ်လဲ
ခန်းရှေ့ကိုသူရောက်လာခဲ့တယ်
" သူဒီထဲမှာလား "
Saint ကအဝတ်လဲခန်းတံခါးကိုဖြည်းဖြည်းလေးတွန်းဖွင့်
လိုက်တယ် သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကြောက်လန့်ပြီး
ဘာလုပ်ရမလဲတောင်မသိဘူးဖြစ်သွားတယ် သူ့ကိုယ်သူ
တောင်အသက်ရှိသေးရဲ့လား ပြန်မေးရမလိုဖြစ်နေမိတယ်
" မ မဟုတ်ဘူး P Perth "
အဝတ်လဲခန်းမှာလဲကျနေတဲ့ Perth ဆီကိုပြေးသွားပြီးထွေး
ပွေ့ထားလိုက်တယ်
" Perth Perth "
သူ့လက်နဲ့စမ်းမိတဲ့ Perth ရဲ့ဗိုက်မှာ သွေးတွေ.........
" မဟုတ်ဘူး မဟုတ်ဘူး Perth Perth ထပါဦး ကျွန်တော်
ကိုထကြည့်ပါဦး Perth ကူညီကြပါ တစ်ယောက်ယောက်ကူ
ညီကြပါဦး Perth "
Perth ကိုအော်ဟစ်ငိုကြွေးပြီးလှုပ်နိုှးခဲ့ပေမယ့် သူမနိုးထလာ
တော့ဘူး ............
Part 19 ( the end )