အပိုင်း-၄၉

1.9K 177 0
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၄၉)

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

'အဲ့တာက ကျိုးမျိုးနွယ် နတ်တွေ ဘာကြောင့် ရှားပါး မျိုးနွယ် ဖြစ်နေရတယ် ဆိုတဲ့ အကြောင်းပြချက်ပဲလေ ကျိုးမျိုးနွယ် နတ်တွေရဲ့ ဝိဉာဉ်တွေကို စတေးရုံကလွဲပြီး တခြား နည်းလမ်း မရှိဘူး!!..'

ထိုအခါမှ ယီမင် တိတ်ဆိတ်စွာ ငြိမ်ကျသွားတော့၏။ အခုမှပဲ ဆစ်ကျီ နတ်မင်းက သူနဲ့ ရင်းအော်ကို ဘာလို့ သဘောမတူရတာလဲ ဆိုသော အကြောင်းရင်းကို နားလည်သွားသလို ရှိသည်။

~သူ့အနားမှာ ဆိုရင် ရင်းအော်က အိမ်ရှေ့မိဖုရား ဖြစ်တဲ့ အတွက် မလွဲမသွေ.. စတေးဖို့ကို ဆုံးဖြတ်ပေးရမယ့် တာဝန် အရှိဆုံးသူ ဖြစ်သွားမှာကြောင့်.. သူ့ကို သဘောမကျခဲ့တာကိုး..~

ဆစ်ကျီ နတ်မင်း၏ နန်းဆောင်မှ ထွက်လာခဲ့ပြီးနောက် စိမ့်စမ်းပြာသို့ မသွားတော့ပဲ သူ့ရဲ့ နန်းဆောင် အတွင်းတွင် တိတ်ဆိတ်စွာ ထိုင်နေမိသည်။

~ကျိုးနတ်မျိုးနွယ် ဖြစ်မှ ရင်းအော်ကို သူ ကူညီဖို့ အခွင့်အရေး ရမယ် ဆိုရင်.. သူက ဘာမှမတတ်နိုင်တဲ့သူလား..~ ကောင်းပြီ.. မင်း ဒီဝိဉာဉ်ခွဲတာကို မဖြစ်မနေ လေ့လာမှ ရမယ်.. မင်းမလုပ်ချင်ဘူး ဆိုရင်တောင် မင်း လုပ်မှ ရမယ် ရင်းအော်..~

@@@@@@@@@@

ဖုန်းယွဲ့နှင့် ကျိုးလျန်၏ မင်္ဂလာပွဲကို.. တော်ဝင် နန်းဆောင်တွင် ကျင်းပသည်။ နတ်မင်းများက အခက်ခဲကြားမှ ပေါင်းဖက်ခွင့်ရသော ဇနီးမောင်နှံအား ချီးကျူးစကား ဆိုကြသည်။ ကျိုးလျန် နတ်မင်းက ဖုန်းယွဲ့အား..

'ဖုန်းယွဲ့က ငါက ဘာလို့ ပုဝါနီ မျက်နှာမှာ အုပ်လို့မရတာလဲ.. အခုချိန်မှာ ငါ ရှက်ပြီး တစ်နေရာရာမှာ ပုန်းနေချင်တယ်..'

ခပ်တိုးတိုး ဆို၏။ ဖုန်းယွဲ့နှင့် ကျိုးလျန်က အသက်တစ်သိန်းကျော် ကွာခြားပြီးမှ ယူသော ဇနီးမောင်နှံ အဖြစ် ပြောဆို စနောက်ခြင်းအား မခံလိုသောကြောင့် ကျိုးလျန်က မျက်နှာမဲ့မဲ့နှင့် ဆိုသည်။ ဖုန်းယွဲ့က ကျိုးလျန် ပြောဆိုသော စကားကို ကြားတော့ ခပ်တိုးတိုး ရယ်လိုက်ပြီးလျှင်..

စိမ့်စမ်းရေပြာအိုင်မှ အလွမ်းဒဏ္ဍာရီ The Legend of Azure LakeWhere stories live. Discover now