စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၅၀)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
~ဆရာက ဘာတွေများ ဒီလောက်တောင် ယီမင်ကို သဘောမကျလို့လဲ.. အရင်ကတော့.. အရေးတကြီးနဲ့.. အိမ်ထောင်ပြုဖို့ စေခိုင်းနေပြီးတော့.. ယီမင် ဖြစ်တော့ကော ဘာဖြစ်လဲ.. သူလည်း မဆိုးပါဘူး~
~အိုး!!.. ဒီလောက် ဆိုးဝါးတဲ့ အတွေးတွေ ငါ့စိတ်ထဲ ဘယ်လို ရောက်လာတာလဲ.. မဖြစ်သေးပါဘူး.. သူနဲ့ စေ့စပ်ပွဲကို မြန်မြန် ဖျက်သိမ်းဖို့ နည်းလမ်းရှာမှပါ.. ငါ့ကျမှ ဘာလို့ များပြားတဲ့ အရေးကိစ္စတွေ ရှိနေရတာလဲ.. ယီမင်ကိုလည်း ငြင်းဆန်ရမယ်.. နတ်တွေ တောင်းဆိုတာကိုလည်း လက်ခံရမယ်.. ဆရာပြောထားတဲ့.. ပညာရပ်ကလည်း သင်ယူနေရတာ မပြီးတော့ဘူးလား.. ငါ အဲ့တာတွေကို မလုပ်ချင်လို့ မရဘူးလား.. မဖြစ်နိုင်တာ.. သုံးခုလုံးကို မလုပ်နိုင်ရင်တောင်.. ငါ ယီမင်ကိုတော့ သေချာပေါက် ငြင်းဆန်ရမယ်.. ဒါက ငါလုပ်ရမယ့်အထဲမှာ အလွယ်ကူဆုံးပဲ..~
@@@@@@@@@@@
ကြယ်တာရာ ဒေသ..၊ ဒေသတစ်ခုလုံးတွင် ဟိုမှ ဒီမှ ခရမ်းရောင် စွမ်းအင်များ ပျံ့နှံ့နေပြီး အဆိုးသက်ရောက်မှု မရှိသော်လည်း ထိုဒေသရှိ နေထိုင်သူ နတ်အပေါင်းကတော့ စိုးရွံ့နေကြသည်။ ရှင်းယဲ့ ရောက်သွားတော့.. ဦးလေး ဖြစ်သူ ရှင်းဟူက.. ထိုစွမ်းအင် သက်ရောက်နေသော နေရာအား.. မြေပုံဖြင့် ပြသပေးသည်။
'မြေပုံကို သေချာကြည့်ရင် စွမ်းအင်တွေက အဝိုင်းတစ်ခု အတွင်းမှာပဲ ပေါက်ထွက်နေတယ်လို့ ထင်ရတယ်..'
ရှင်းယဲ့က ပြောလိုက်သည်နှင့် ကြယ်တာရာ ဒေသမှ အကြီးအကဲတို့က.. လိုက်ပြီး ငုံ့ကြည့်ကြသည်။ ပြီးနောက်တွင်မှ..
'အဲ့နေရာကို ဘယ်သူမှ မသွားဖို့ ငါတို့ ဘိုးဘေးတွေက သတ်မှတ်ထားပြီးသား ဒါက ကြယ်တာရာ ဒေသရဲ့ အလယ်ဗဟို အနက်ရှိုင်းဆုံး နေရာပဲ ကြယ်တာရာ စွမ်းအင်ကို ထိန်းချုပ်ထားတယ်လို့ အဆိုရှိကြတယ်.. ဒါပေမယ့် အဲ့နေရာက ဘယ်လို ပုံပန်းရှိသလဲ ဆိုတာကို လက်ရှိ ဒီဒေသအတွင်း သက်တမ်းက နတ်တွေ မမြင်ဖူးကြတော့ဘူး.. ငါတို့ အဲကိစ္စကို ကောင်းကင်မင်းကြီးကို တင်လျှောက်ဖို့ လိုတယ်..'
YOU ARE READING
စိမ့်စမ်းရေပြာအိုင်မှ အလွမ်းဒဏ္ဍာရီ The Legend of Azure Lake
Historical Fictionရေးသားသူ - စွဲညို့ #ဘာသာပြန် မဟုတ်ပါ# Own Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချ...